၁၈/၃/၂၀၂၂
ယူကရိန်းနာဇီအစိုးရက မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေ တောင်းနေလို့ ဆွေးနွေးပွဲက အဖြေမထွက်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ဆက်လက်ဆွေးနွေးအဖြေရှာသွားမယ်။
(ပူတင်)
သမ္မတပူတင်ဟာ အင်မတန်ကြွယ်၀ပြီး ယဥ်ကျေးသိမ်မွေ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့အပေါ် စစ်ရာဇ၀တ်ကောင်လို့ပြောတဲ့အပေါ် တစုံတရာတုန့်ပြန်ပြောမှာ မဟုတ်ပါဘူး။
(ကရင်မလင်ပြောခွင့်ရ)
ဗင်နီဇွဲလားနိုင်ငံနဲ့ ၂ နိုင်ငံ ခရီးသွားလုပ်ငန်းတွေ တိုးမြှင့်ဖို့ ပြင်ဆင်ထားပါတယ်။ ဗင်နီဇွဲလားက ငွေပေးချေတဲ့ ဘဏ်ကဒ်စနစ်ကိုလည်း ရုရှားမှာ စတင်အသုံးပြုဖို့ ရှိပါတယ်။
(ခရီးသွား၀န်ကြီး)
စျေးနှုန်းတွေ တင်ရောင်းနေလို့ စီးပွါးရေးပြဿနာပြေလည်သွားမှာမဟုတ်ပါဘူး။ ပြည်နယ်ခေါင်းဆောင်တွေအနေနဲ့ မြေပြင်မှာ ကုန်စျေးနှုန်းတည်ငြိမ်အောင် ထိမ်းနိုင်တဲ့အရည်အချင်းရှိရမယ်ဆိုတာ သမ္မတပူတင်က ပြောထားပြိးဖြစ်တယ်။
(စီးပွါးရေး၀န်ကြီး)
ရုရှားနိုင်ငံမှာ လေကြောင်းလိုင်းလာရောက်လုပ်ကိုင်သူတိုင်းကို အခွန်ကင်းလွှတ်ခွင့်ပေးမှာဖြစ်တယ်။
(ပို့ဆောင်ရေး၀န်ကြီး)
ဥရောပအာကာသအေဂျင်စီက ကျနော်တို့နဲ့ ပူးပေါင်းမလုပ်နိုင်ဘူးပြောတယ်။ ဘာမှ မဖြစ်ပါဘူး။ ရုရှားအာကာသယာဥ်မှူးတွေ ကိုယ့်ဖာသာလုပ်မယ်။
( ရုရှားအာကာသ အေဂျင်စီ)
အလုပ်အကိုင်တွေ အခု ၀ရုန်းသုံးကားဖြစ်နေတာက ကုမ္ပဏီတွေ ဖွဲ့စည်းပုံတွေကို ပြန်လည်ပြင်ဆင်ရေးဆွဲနေတဲ့ကာလဖြစ်လို့ပါ။ ဒါတွေ ပြီးတာနဲ့ ရုရှားစီးပွါးရေးဟာ တရှိန်ထိုး တိုးတက်လာပါလိမ့်မယ်။ (ဒုအလုပ်သမား၀န်ကြီး)
ရုရှားလက်နက်တွေက ပစ်မှတ်ကို အတိအကျ မှန်အောင်ပစ်နိုင်တဲ့လက်နက်တွေပါ။ လူနေအိမ်တွေကို ထိခိုက်စရာ အကြောင်းမရှိပါဘူး။
(စစ်တပ်ပြောခွင့်ရ)