၂၆/၃/၂၀၂၂
ရုရှား တောင်ပိုင်းဒေသတပ်မှူး ဗိုလ်ချုပ် Yakov Rezantsev အသက် ၄၈ နှစ်ကို ယူကရိန်းနိုင်ငံ Kherson ဒေက တိုက်ပွဲမှာ အောက်ခြေအရာရှိတဦးက ပစ်သတ်ခဲ့ကြောင်း ရုရှားစစ်တပ်လူမှုကွန်ယက်တွေမှာ ဖေါ်ပြပါတယ်။
တိုက်ပွဲကြားက ထွက်ပြေးလာတဲ့ ရုရှားစစ်သားတွေထွက်ဆိုချက်အရ မတ်လ ၂၄ ရက်နေ့ညက ယူကရိန်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ ဗိုလ်ချုပ် Yakov Rezantsev အပါအဝင် စစ်သား အများအပြား ဒဏ်ရာရခဲ့တယ်ဆိုပါတယ်။

နောက်ပြန်မဆုတ်ခိုင်းပဲ အသေခံတိုက်ဖို့ အမိန့်ပေးတာကို မကျေနပ်တဲ့ တင့်ကားတပ်အရာရှိတဦးက ပစ်သတ်ခဲ့တာလို့ ရုရှားလူမှုကွန်ယက်တွေမှာ ဖေါ်ပြပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကတော့ Yakov Rezantsev သေဆုံးတာကိုပဲ အတည်ပြုထားပြီး ဘယ်သူ့လက်ချက်နဲ့သေဆုံးတယ်ဆိုတာ အတိအကျမသိဘူးလို့ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ အဆင့်မြင့်အရာရှိတွေသေဆုံးတာနဲ့ပတ်သက်လို့ ထုတ်ဖေါ်ပြောဆိုလေ့မရှိပါဘူး။