၃/၃/၂၀၂၂
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွါးရေး ဆက်ပိတ်ဆို့နေမယ်ဆိုရင် ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မယ်လို့ ရုရှားအာကသအေဂျင်စီRoscosmos အကြီးအကဲ Dmitry Rogozin ကပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ အင်တာတာနက်ဆက်သွယ်ရေးဂြိုလ်တုတွေကို ရုရှားအေဂျင်ဆီက လွှင့်တင်ပေးတော့မှာမဟုတ်ဘူးလို့ ရုရှားအစိုးရပိုင်သတင်းဌာနနဲ့ မေးမြန်းခန်းမှာ Dmitry Rogozin က ပြောလိုက်တာပါ။
နိုင်ငံတကာအာကာသစီမန်ကိန်းမှာ ရုရှားကဆက်လက်မပူးပေါင်းတော့ဘူးဆိုရင် အမေရိကန်နဲ့ ပူးပေါင်းလုပ်နေတဲ့ အာကာသယာဉ်စခန်းဟာ အမေရိကန် ဥရောပ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအပေါ် ပြုတ်ကျနိုင်တယ်ဆိုပါတယ်။ရုရှားက အာကာသဒုံးကျည်အင်ဂျင်စက်တွေမရောင်းတော့ဘူးဆိုရင် အမေရိကန်အာကာသယာဉ်မှူးတွေ ပျံတက်စရာမရှိဖြစ်သွားမယ်လို့လည်း ရုရှားအာကသအေဂျင်စီအကြီးအကဲက ပြောသွားပါတယ်။
သူ့ပြောဆိုမှုအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တစုံတရာ အရေးတယူတုန့်ပြန်ဝေဖန်တာမတွေ့ရသေးပါဘူး။ လောလောဆယ် ယူကရိန်းမှာ အင်တာနက်ဆက်သွယ်ရေးအသုံးပြုဖို့ ဘီလျံနာ Elon Musk က သူ့ဆက်သွယ်ရေးဂြိုလ်တုကို အခမဲ့ သုံးစွဲခွင့်ပေးထားပါတယ်။