• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

စနေ, ဇူလိုင် 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

အစ္စရေး၀န်ကြီးချုပ်ရဲ့ ရုရှားခရီးစဥ်

4 လ ago
အစ္စရေး၀န်ကြီးချုပ်ရဲ့ ရုရှားခရီးစဥ်
0
SHARES
2
VIEWS

၆/၃/၂၀၂၂


ရုရှားကျုးကျော်စစ်ရပ်ဆိုင်းဖို့ အစ္စရေး၀န်ကြီးချုပ် Naftali Bennett ဟာ ဒီကနေ့ ရုရှားသမ္မတ ပူတင်နဲ့သွားရောက်ဆွေးနွေးခဲ့ကြောင်း အစ္စရေးသတင်းတွေက ဖေါ်ပြပါတယ်။
Naftali Bennett ဟာ ပူတင်နဲ့ ၃ နာရီကြာဆွေးနွေးပြီးနောက် ဂျာမဏီနိုင်ငံကို ဆက်လက်ထွက်ခွါသွားတယ်ဆိုပါတယ်။ ရုရှားကိုမလာခင်မှာ ပြင်သစ်နိုင်ငံသမ္မတနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်းလည်း အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

ယူကရိန်းရဲ့ ဂျုးသမ္မတက ရုရှားရဲ့ ကျုးကျော်စစ်အပေါ်် အစ္စရေးနိင်ငံက ကြား၀င်ဖြေရှင်းပေးဖို့ တောင်းဆိုထားသလို ကမ္ဘာတဝှမ်းက ဂျုးတွေအနေနဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေကြဖို့ တောင်းဆိုထားအပြီး အစ္စရေး၀န်ကြီးချုပ် ဟာ ရုရှားကို အရေးပေါ်လာခဲ့တာလို့ဆိုပါတယ်။

ပူတင်နဲ့တွေ့ချိန်မှာ ယူကရိန်းက ဂျုးတွေရဲ့ လုံခြုံရေးကို အဓိကထားဆွေးနွေးခဲ့သလို ရက်ပိုင်းအတွင်းမှာ ယူကရိန်းပြည်သူတွေအတွက် အစ္စရေးက ပေးပို့မယ့် အရေးပေါ်အကူအညီတွေအတွက်ပါ ဆွေးနွေးခဲ့တယ်လို့ အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

အစ္စရေးအနေနဲ့ ရက်ပိုင်းအတွင်းမှာ ယူကရိန်းကို အရေးပေါ်ရွှေ့ပြောင်းဆေးရုံနဲ့ ဆေးဝါးတွေ ပေးပို့မယ်ဆိုတာကို လည်း ပူတင်ကို အသိပေးခဲ့တယ်ဆိုပါတယ်။ သမ္မတပူတင်ဘက်က ဘာပြန်ပြောတယ်ဆိုတာတော့ တစုံတရာပြောဆိုသွားတာမရှိပါဘူး။

ယူကရိန်းကနာဇီလက်သစ်ဝါဒီအစိုးရကို ဖယ်ရှားမယ်ဆိုပြီး အထူးစစ်ဆင်ရေးအမည်နဲ့ ပူတင်က ကျုးကျော်တိုက်ခိုက်နေပေမယ့် လက်ရှိယူကရိန်းသမ္မတဟာ ဂျုးဖြစ်သလို ယူကရိန်းတပ်မတော်ထဲမှာ ဂျုးလက်နက်ကိုင် တပ်ရင်းတွေပါရှိနေတယ်လို့ သိရပါတယ်။

Tags: israel prime ministerRussiaUkraine
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

Interview

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

ဇွန် 8, 2022
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

BNN ၈/၆/၂၀၂၂ (Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။) (BNN) "မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

မေ 31, 2022
ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

၃၁/၅/၂၀၂၂ ရုရှားက ရေနံတင်ပို့နေမှုတွေရဲ့ ၃ ပုံ ၂ ပုံကျော်ကို ဥရောပအီးယူနိုင်ငံတွေက ပိတ်ဆို့ဖို့သဘောတူလိုက်ပြီဖြစ်ပါတယ်။ ပူတင်ရဲ့ကျူးကျော်စစ်အပေါ် ဒဏ်ခတ်တဲ့အနေနဲ့ ၆ ကြိမ်မြောက် အရေးယူပိတ် ဆို့တဲ့ အဆင့်မှာ အခုလို ရေနံတင်ပို့မှုတွေကို ပိတ်ဆို့ဖို့ဥရောပကောင်စီက မေလ...

Read more
by BNN Editor
0 Comments
Load More
Next Post
ရုရှားဘဏ်တွေက Mastercard နဲ့ Visa cardတွေ ကမ္ဘာမှာ အသုံးမဝင်တော့

ရုရှားဘဏ်တွေက Mastercard နဲ့ Visa cardတွေ ကမ္ဘာမှာ အသုံးမဝင်တော့

တိုင်ဝမ်မှာ အရန်တပ်သားစုဆောင်းရေးစတင်

တိုင်ဝမ်မှာ အရန်တပ်သားစုဆောင်းရေးစတင်

ထိပ်တန်းသတင်းများ

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

1 ရက် ago
215

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

4 နာရီ ago
66

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

3 နာရီ ago
24

ဆောင်းပါး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်
စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
24
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
66
လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်
အပတ်စဉ် အစီအစဉ်များ

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

ဇူလိုင် 1, 2022
215
အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး
Interview

အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

ဇူလိုင် 1, 2022
7

အဖတ်အများဆုံး

  • အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    0 shares
    Share 0 Tweet 0
  • ရုရှားထောက်လှမ်းရေး FSB မှ ပေါက်ကြားလာသော စိတ်၀င်စားစရာ အတွင်းစကားများ

    0 shares
    Share 0 Tweet 0
  • စကစ ရဲ့ ခမရ ၄၁၄ စစ်ကြောင်းကို တောင်ကုန်းပေါ်ကနေ RPG နဲ့ လှမ်းထု(ရုပ်သံ)

    0 shares
    Share 0 Tweet 0
  • ရုရှား – ယူကရိန်း နောက်ဆက်တွဲ ထူးခြားသတင်းများ (28-2-2022)

    0 shares
    Share 0 Tweet 0
  • နျူကလီယားစစ်ပွဲကြီး မဖြစ်ဖို့ ကူညီပေးတဲ့ နိုင်ငံကြီးအဖြစ် ကမ္ဘာအလယ်မှာ ရပ်တည်မလား၊ လူတောမတိုးတော့ပဲ အထီးကျန်ပြိုကွဲရတဲ့ နိုင်ငံအဖြစ် ရပ်တည်မလား

    0 shares
    Share 0 Tweet 0
BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.