၂ မတ်လ ၂၀၂၂
အမေရိကန်စစ်ဦးစီးချုပ်များဥက္ကဌဟောင်းနဲ့ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး Mike Mullen ဦးဆောင်တဲ့ အမေရိကန်အဆင့်မြင့်အထူးကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာကြောင်း တိုင်၀မ်နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်အဖွဲ့မှာ သမ္မတအိုဘားမားနဲ့ သမ္မတ ဂျော့ချ်ဘုရှ်လက်ထက်က အမျိူးသားလုံခြုံရေးအကြံပေးတာ၀န်ခံတွေနဲ့ ကာကွယ်ရေး၀န်ကြီး ဌာနမူဝါဒရေးဆွဲရေးအကြံပေးတွေလိုက်ပါလာပြီး သမ္မတဘိုင်ဒန်ရဲ့ စီစဉ်စေလွှတ်မှုလို့ ပြောပါတယ်။ တိုင်ဝမ်သတင်းတွေ အရ အမေရိကန်အဖွဲ့လာမှာကို ကြိုတင်သတင်းထုတ်ပြန်တာမရှိခဲ့ဘူးလို့ သိရပါတယ်။