တရုတ် – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းအသစ်ကို တရုတ်ဖက်က စတင်စမ်းသပ်အသုံးပြုပြီး အောင်မြင်တယ်လို့ ထုတ်ပြန်တယ် ဒီလမ်းကြောင်းက တရုတ် – မြန်မာ စီးပွားရေးစင်္ကြန်လမ်းမှာ လုပ်ဆောင်ခဲ့တာလို့ တရုတ်ဖက်က ထုတ်ပြန်တာပါ ။
ဒီလမ်းကြောင်းအသစ်က -အိန္ဒိယသမုဒ္ဒရာကနေ ရန်ကုန်ဆိပ်ကမ်းကို ရောက်လာတဲ့ ကုန်သေတ္တာတွေကို ချင်းရွှေဟော်အထိ ကုန်လမ်းကပို့၊ ချင်းရွှေဟော်ကတဆင့် ယူနန်ပြည်နယ်က နယ်စပ်မြို့ဖြစ်တဲ့ လင်ချမ်းမြို့အထိ တိုက်ရိုက်ပို့၊ – လင်ချမ်းကနေမှ တဆင့် တရုတ်အတွင်းပိုင်း ပြည်နယ်တွေဆီ တဆင့်ပို့တဲ့ လမ်းကြောင်းသစ်ပဲ ဒီလမ်းကြောင်းအသစ်က တရုတ်အတွက်ကတော့ အလွန်ထူးခြားတယ် တရုတ်ဟာ သူ့နိုင်ငံဆိပ်ကမ်းတွေကနေ အတွင်းပိုင်း ပြည်နယ်တွေဆီ ကုန်စည်ပို့ဆောင်တာနဲ့ မြန်မာထဲကတဆင့် ဖြတ်ပို့တာက အချိန်အားဖြင့် အလွန်ကွာခြားတာကို တွေ့ရတယ် ။
ပြောရရင် တရုတ်ဆိပ်ကမ်းတွေကနေ တရုတ်ပြည်မထဲကို ကုန်စည်ပို့ဆောင်တာထက် မြန်မာကနေတဆင့် ဖြတ်ပို့တာက အချိန်အားဖြင့် (၂၂)ရက်လောက် ပိုမြန်သွားတယ်လို့ ဆိုတယ် အချိန်ပိုမြန်သွားတော့ ကုန်ကျစရိတ်လည်း အများကြီး လျော့ကျသွားတာပေါ့ ။

နောက်ပိုင်း အန္ဒိယသမုဒ္ဒရာကို ထွက်မယ့် ဒီလမ်းကြောင်းအသစ်မှာ တရုတ်-မြန်မာမီးရထားလမ်းသစ် ကွန်ယက် ဆက်စပ် တည်ဆောက်ရေး အတွက်လည်း တရုတ်ဖက်က ပြင်ဆင် နေပြီး တရုတ် – မြန်မာ မီးရထားလမ်းသစ်ဖွင့်ပွဲကို ဩဂတ်(စ်) လ တတိယပတ်ထဲမှာ လင်ချမ်းမြို့မှာ ပြုလုပ်ခဲ့တယ်လို့ သတင်းကဆိုတယ် ဒါ့ကြောင့် နောက်ပိုင်းမှာ တရုတ်ဟာ ဒီလမ်းကြောင်းကို ခိုင်ခိုင်မာမာ သုံးစွဲတော့မှာမို့ ဒီလမ်းကြောင်းသစ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ပိုပြီးလုပ်ဆောင်နေ ၊ လုပ်ဆောင်လာတော့မယ်လို့ မှန်းဆရတယ် ဒါ့ကြောင့် ဒီလမ်းကြောင်းတစ်လျှောက်က လက်နက်ကိုင်အဖွဲ့တွေအတွက်လည်း အရေးကြီး တဲ့ ဆုံးဖြတ်ချက်တွေချဖို့ လမ်းဆုံလမ်းခွရောက်လာပါလိမ့်မယ် တရုတ်ရဲ့ ပုလဲသွယ်စီမံကိန်းနဲ့ သီရိလင်္ကာ ဂျက်ဖနာကျွန်းဆွယ်က LTTE တမီးလ်ကျာ းသူပုန်အရေး အကြောင်း ပြန်ရှာဖတ်ရမယ့် အချိန်ကောင်းပါပဲ ။
credit ; ချမ်းသာတိုး