• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇူလိုင် 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ထန်တလန်အတွက် ချင်းအဆိုတော် ဒေးဗစ်လိုင်က စင်ကာပူဒေါ်လာ ၃၀၀၀ မတည်လှူဒါန်း

8 လ ago
ထန်တလန်အတွက် ချင်းအဆိုတော် ဒေးဗစ်လိုင်က စင်ကာပူဒေါ်လာ  ၃၀၀၀   မတည်လှူဒါန်း
0
SHARES
1
VIEWS

စစ်ဘေးဒဏ်သင့် ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ထန်တလန်မြို့အတွက် ချင်းတိုင်းရင်းသားအဆိုတော် ဒေးဗစ်လိုင်က စင်ကာပူဒေါ်လာ ၃,၀၀၀ မတည်လှူဒါန်းလိုက်ပြီး အားလုံးအတူတူ ထောက်ပံ့ကြဖို့ နှိုးဆော်ထားပါတယ်။

“ထန်တလန်မြို့နဲ့ ပတ်သက်တဲ့ အလှူငွေလေးတွေ ပေးနိုင်ဖို့ရန်အတွက် ကျနော် စင်ကာပူဒေါ်လာ ၃,၀၀၀ မတည်ငွေပြုပြီးတော့ အားလုံးလှူဒါန်းနိုင်ရန်အတွက် အလှူခံရခြင်းဖြစ်ပါတယ်။ အားလုံးမြင်တွေ့ ကြားတွေ့ခဲ့ရတဲ့အတိုင်းပဲ၊ မနေ့က ထန်တလန်မြို့မှာ အိုးအိမ်များစွာ ဆုံးရှုံးခဲ့ရသလို အရင်နေ့တွေကလည်းပဲ တမြို့လုံးနီးပါး ရှောင်တိမ်းခဲ့ရတယ်။ ထွက်ခွာခဲ့ရတယ်ဆိုတာလည်း အားလုံးသိကြမယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ကျနော် အင်မတန် ဝမ်းနည်းခဲ့ပါတယ်၊ အရမ်းပဲ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။”

ချင်းပြည်နယ်မှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေ ကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန် ဘုရားကျောင်းနဲ့ သာသနိကအဆောက်အအုံတွေ အနည်းဆုံး ၃ ခုအပါအဝင် လူနေအိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြည်သူတွေကို စစ်တပ်ရဲ့ ရက် စက်ကြမ်းကြုတ်မှုတွေမှ အကာအကွယ်ပေးနိုင်ရေး အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ချင်းပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အပါအဝင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အလျင်အမြန်ပြုလုပ်နိုင်ဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့တွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို အလေးအနက် တိုက် တွန်းထားပါတယ်။

လတ်တလောမှာတော့ ထန်တလန်ကို ပြန်လည်ထူထောင်နိုင်ဖို့ စင်ကာပူ၊ ဩစတြေးလျနဲ့ အမေရိကန်နိုင်ငံတွေကလည်း ပါဝင်လှူဒါန်းနိုင်ဖို့ ဆက်သွယ်လှူဒါန်းရမယ့် လူပုဂ္ဂိုလ်၊ ငွေစာရင်းအကောင့်တွေကို ထန်တလန်မြို့နယ် နေရာချထားရေးကော်မတီက ဖော်ပြထားပါတယ်။

“ Donations Site for Thantlang Fire and War victims”

Country: Singapore

Name: Chin Chin

445564990 POSB/DBS

Pay now: 89461450

Country: Australia

Name: Kap Mualhlun

BSB: 066134

Account Number: 10497410

Phone Number:0421664629

Country: America

Name: Romal Peng Cung Lian

Bank Account: 786450411

Phone: 0016146951446

Tags: Breaking NewsChin stateNUGSpring RevolutionThantlang
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင် 5, 2022
အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင်(၅) ၊ မြင်းမူ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို တင်ဆောင်လာသည့် ယာဉ်တစီးကို ဇူလိုင်(၅)ရက် ယနေ့ ညနေခန့် က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force...

Read more
by BNN Editor
0 Comments
စစ်ရေး

အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင် 2, 2022
အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင်(၂) ချင်းပြည်နယ် မင်းတပ် မြို့နယ် ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦး...

Read more
by BNN Editor
0 Comments
စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင်(၁) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး ကာ ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ကြောင်းသိရသည်။ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူများအပါအဝင်...

Read more
by BNN Editor
0 Comments
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင်(၁)ရက် ကရင်ပြည်နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲ သည် နှစ်ဘက် ထိတွေ့မှု ပြင်းထန်လျက်ရှိနေရာ ဒေသခံ ပြည်သူများ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရပြီး အရေးပေါ်လိုအပ်ချက်များစွာ ရှိနေကြောင်း Lay Kay Kaw Youth Network...

Read more
by BNN Editor
0 Comments
Load More
Next Post
လှိုင်မြို့နယ်ရဲစခန်းကို 44st-UG နှင့်မဟာမိတ်အဖွဲ့က တိုက်ခိုက်ဟုဆို

လှိုင်မြို့နယ်ရဲစခန်းကို 44st-UG နှင့်မဟာမိတ်အဖွဲ့က တိုက်ခိုက်ဟုဆို

ဖားအံမြို့တပ်မ၂၂ရှေ့ချိန်ကိုက်မိုင်း၁လုံး ပေါက်ကွဲ အုတ်တံတိုင်း နှစ်ကန့် ပျက်စီး

လှိုင်သာယာတွင် ဘုရင့်နောင် တံတားပိတ် ထား ၊ စက်မှု ဇုန်ဘက်ခြမ်းကို လူများပေးမကူး ၊ ဆိုင်ကယ်များလည်းဖမ်းဆီးနေ စစ်သား ၊ ရဲ အင်အားများပြား လျက်ရှိ

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.