တစ်ချိန်က တိုက်ပုံနဲ့ ဘာနဲ့ သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ညားညား၊ အသံဩဇာ ကောင်းကောင်းနဲ့ တီဗီမှာ သတင်း ကြေညာတဲ့ ပုဂ္ဂိုလ်ဟာ အခုလို တော်လှန်ရေး တပ်သားကြီး တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ တော်လှန်ရေး အတွက် စွန့်လွှတ် စွန့်စားသူ တိုင်းကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဦးညွှတ် ပါတယ်။
ဦးကျော်သက်လင်းဟာ တစ်ချိန်က (စစ်အာဏာမသိမ်းခင်က) မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV မှာ သတင်းစီစဉ်တင်ဆက်သူ – ဦးစီးအရှိအဆင့် နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဖော် ဖေါ်ဝါရီ လ စစ်အာဏာသိမ်းမှု တွေ ဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်းမှာတော့ ပြည်သူဘက်က ရပ်တည်ပြီး အစောဆုံး CDM လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ အနေထား သူ့ အသက်ရွယ် သူ့ အလုပ်အကိုင်နဲ့ နောက်ပြီး ချစ်စရာကောင်းတဲ့ မိသားစု ဘ၀ ကိုပိုင်ဆိုင်ထားသူ တစ်ယောက် ဟာ အခုလို အနေထားထိ စွန့်လွှတ်နိုင်ခဲ့ပြီး ပြည်သူနဲ့ အတူ ရပ်တည်ပြီး ပြည်သူ့စစ်သားအဖြစ် ခံယူထားလိုက်ပါပြီ။
ဦးကျော်သက်လင်းရဲ့ ဖေ့ဘွတ်ခ် အကောင့်မှာတော့ အခုလိုပဲ ရေးသားထားပါတယ် ။ လေးစားမိပါတယ် ဦးကျော်သက်လင်းရေ။ အရေးတော်ပုံအောင်နေပြီ။
တောထဲဝင် ယူနီဖောင်းလေးဝတ်
Kyaw Thet Linn (Facebook)
သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင်
အဆင်ပြေမလား….
ကျနော်fb accလေးပြန်ရပြီး မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။အများအားဖြင့်တော့ အရင်အတိုင်းပါပဲ…
ကျနော်လား…?
ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။
ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ပါ။
မီးစိမ်းလေးမလင်း ပြန်မလာ ပြန်မဆုံတော့တဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။
မြို့ပြမှာ စိတ်ရောကိုယ်ပါဒုက္ခရောက်နေကြသူတွေအတွက်လည်း စိတ်ထိခိုက်ရပါတယ်။
စိတ်ပူနေကြသူတွေအားလုံးကိုလည်း
ကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ်။
Spring Revolution