ဒီဇင်ဘာ ၂၁
သီပေါမြို့နယ်က ငါးရာကျပ်တန်ထမင်းရောင်းချတဲ့ လူ(၄)ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး လာရှိုး အကျဥ်ထောင်ကို ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငါးရာကျပ်တန်ထမင်းရောင်းချသူ ဟာ သီပေါမြို့ နှလုံးသားပရဟိတ ပရဟိတအဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့လည်းဆိုပါတယ်။ ဆိုင်ရှင် အပါဝင် ၄ ဦးကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

“ ဖမ်းတုန်းက ငါးရာတန်ထမင်းဆိုင်ကိစွရယ် ပရဟိတကိစ္စအတွက်ရယ် မေးစရာရှိလို့ ခဏပါဆိုပြီး ခေါ်သွားတာ” လို့ ကြားသိရကြောင်း ဒေသခံ များက ပြောကြားပါတယ်။
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်က ငါးရာကျပ်တန် ဇလုံထမင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းက ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ငါးရာကျပ်တန် အ၀စား ထမင်းဆိုင်တွေ ရောင်းချလာကြတာဖြစ်ပါတယ်။
REF : VOM/KTM