မြိင်၊ ဒီဇင်ဘာ ၂၇
မြိုင်မြို့တွင် ယခင်လက်လုပ်မိုင်း တိုက်မိုင်း remote မိုင်းများတီထွင် တိုက်ထုတ်ခဲ့နိုင်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ကစ၍ ယခုအခါ အဝေးပြေးရှေ့ဂန်းများ ဆက်လျှက် ထုတ်လုပ်နေကြောင်း MVRF ထံကသိရသည် ဟု မြေလတ်အသံ သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ လက်နက်များမှာ အကွာအဝေး တမိုင်ခန့်အထိ ပစ်လွှတ်နိုင်ကြောင်း စစ်ကောင်စီသည် မြေပြင်တွင် ထိပ်တိုက်ရင်မဆိုင်ရဲသည့်အတွက် ဝေဟင်တိုက်ခိုက်မှုများအား ဆက်တိုက်လုပ်နေပြီး ယင်းကို တန့်ပြန်တိုက်ခိုက်နိုင်ရန် အခြားနည်းပညာများကိုလည်း လေ့လာနေကြောင်း ယင်းအဖွဲ့ထံက သိရသည်။

“ ကျနော်တို့ လက်လုပ် RPG လည်း နည်းပညာရထားပါတယ်၊ နောက်ပြီးတော့ပုခုံးထမ်း ရှော့ဂန်း အဝေးပြေးကိုလည်း စတင်ပြီးတော့ လှုပ်ရှားဆောင်ရွက် နေပြီဖြစ်ပါတယ်” ဟု MVRF ဥက္ကဌ က ပြောကြားသည်။
လက်နက်များ တီထွင်ထုတ်လုပ်ရာတွင် ရဲဘော်များထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ပြီး စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် နောက်မဆုတ်တမ်း ဆက်လက်လုပ်ဆောင်နေကာ ငွေကြေးကုန်ကျမှုများလည်း များစွာရှိပြီး လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
Myaylatt Voice / BNN