၁၅ ဒီဇင်ဘာ ၂၀၂၁
အမေရိကန်လေတပ်ရဲ့ အင်အားဟာ ကမ္ဘာမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး စစ်တိုက်လေယာဉ်အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်တယ်လို့ ရုရှားထောက်လှမ်းရေးအဖွဲ့က သတိပေးထားပါတယ်။
၂၀၂၂ ခုနှစ် ကမ္ဘာ့လေတပ်များစစ်တမ်း အရ အမေရိကန်လေတပ်မှာ ကမာ့ စစ်လေယာဥ် လေးပုံတပုံကို ပိုင်ဆိုင်ထားပြီး အင်အားအကြီးမားဆုံးလေတပ်ဖြစ်တယ်ဆိုပါတယ်။ အသင့်တိုက်ပွဲ၀င်နိုင်တဲ့ စစ်လေယာဥ် အစီး ၁ သောင်းကျော် (၁၃, ၂၄၆) စီးရှိနေပြီး ရုရှားနဲ့ တရုတ် ၂ နိုင်ငံပေါင်းရဲ့ ၂ ဆ ရှိနေတယ်ဆိုပါတယ်။

ရုရှားမှာ စစ်လေယာဥ် ၄ထောင်ကျော် (၄၁၇၄) နဲ့ တရုတ်မှာ ရဟတ်ယာဥ်တွေနဲ့ပေါင်းမှ ၃ ထောင်ကျော် ( ၃,၂၈၅) စီး ပဲရှိတယ်လို့ စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ အိန္ဒိယနိုင်ငငံ အစီး ၂ ထောင်ကျော်နဲ့ အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယားနဲ့ ဂျပန် က အစီးရေ ၂ ထောင်နီးပါးစီ ရှိနေတယ်ဆိုပါတယ်။ စစ်လေယာဥ်တွေ အများဆုံးပျံသန်းနေတဲ့ နေရာဟာ အင်ဒိုပစိဖိတ်ဒေသဖြစ်ပြီး စစ်လေယာဥ်မျိူးစုံ အစီးရေ ၁ သောင်းခွဲနီးပါး လှုပ်ရှားနေတယ်လို့ ကမ္ဘာ့လေတပ်များစစ်တမ်းက ဖေါ်ပြထားပေမယ်. ရုရှားနယ်စပ်အနီးမှာ အစီးရေ ၅ ထောင်ကျော်ပျံသန်းလှူပ်ရှားနေတယ်ဆိုပါတယ်။

BNN/International News
BNN