• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇူလိုင် 7, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ယူကရိန်း က ဘာတွေ ထူးခြား နေလို့လဲ —- (ဒုတိယပိုင်း-နောက်ဆုံးပိုင်း)

4 လ ago
ယူကရိန်း က ဘာတွေ ထူးခြား နေလို့လဲ —- (ဒုတိယပိုင်း-နောက်ဆုံးပိုင်း)
0
SHARES
437
VIEWS

(ဘယ်လာရုစ်မိတ်ဆွေ သတင်းထောက်တဦးနှင့် အလွတ်သဘောပြောဆိုမေးမြန်းသည်ကို တင်ပြပါသည်)

(BNN)အခုစစ်ပွဲမဖြစ်ခင်က ရုရှားက တောင်းတာက သူ့လုံခြုံရေးကို အာမခံတဲ့အနေနဲ့ ယူကရိန်းက NATO ထဲ့မ၀င်ဘူးဆိုတာကတိပေးရမယ်။ NATO ကလည်း ယူကရိန်းကို ပေးမ၀င်ဘူးဆိုတာ ကတိပေးရင် အခုပြသနာတွေ ပြီးပြီပြောနေတော့ ယူကရိန်းဘက်က ဘာကြောင့် အဲဒါကို လိုက်မလုပ်နိုင်တာလဲ

ယူကရိန်းက စကတည်းက သူ့မြေ ခရိုင်းမီးယား အသိမ်းခံထားရတာလေ။ အဲဒီအချိန်တုန်းက ပူတင်ကို အနောက်နိုင်ငံတွေက အခုလို ဖိအားပေးတာမရှိခဲ့ဘူး။ အဲဒီကာလက အကြမ်းဖက်နှိမ်နှင်းရေးစစ်ပွဲနဲ့ အစွန်းရောက်အစစ်လာမ်စစ်တွေကို ချေမှုန်းရာမှာ ပူတင်ကလည်း ပါ၀င်ထောက်ခံခဲ့တယ်ဆိုတဲ့ အယူအဆနဲ့ သိပ်မလုပ်ခဲ့ကြဘူး။ ယူကရိန်းတွေကတော့ ခံခဲ့ရသူဆိုတော့ သူ့စကားကို မယုံဘူး။
တဖက်မှာ အမေရိကန်မှာကလည်း ဒေါ်နယ်ထရမ့် က ခြောက်လှန့်နေတုန်းလေ။ အမေရိကန်ညီညွတ်ရေးနဲ့ အမေရိကန်ဒီမိုကရေစီ ပြိုကွဲနေပြီလို့ ပူတင်က ယုံကြည်ထားပုံရတယ်။

ဒီအချိန်မှာ လုပ်ရင် အမေရိကန်ဟာ ခရိုင်းမီးယားအဆင့်လောက်ပဲ တုန့်ပြန်မယ်ယူဆပုံရတယ်။ ၀င်မတိုက်ခင်နောက်ဆုံးနေ့အထိ ရုရှားမှာ ယူကရိန်းကို တိုက်ဖို့ အစီအစဥ်မရှိဘူး ရုရှားက ပြောနေခဲ့တာလေ။
ယူကရိန်းတွေက ရုရှားအစိုးရအကြောင်းပိုသိပါတယ်။ ဘာပြောရင် ဘာလုပ်တော့မယ်ဆိုတာ သူတို့က သိနေတယ်။ အခုလည်းကြည့်လေ။ မတိုက်ခင်မှာ ခွဲထွက်ပြည်နယ်တွေကို နိုင်ငံတော်အဖြစ် အသိအမှတ်ပြုကြေညာတယ်။

နိုင်ငံတော်သစ်ကို ယူကရိန်းက ၀င်တိုက်လို့မရအောင် ငြိမ်းချမ်းရေးထိမ်းဖို့လိုတယ်ဆိုပြီး ၀င်တိုက်တယ်။ ပြောချင်တာက ပူတင်ဟာ ထောက်လှမ်းရေးဟောင်းပီပီ ဘာမှမယုံကြည်ရဘူးဆိုတာ ယူကရိန်းက သိနေတော့ သူတောင်းတာ ဘာမှမပေးရဲဘူး။

NATO ကလည်း တကယ်တော့ သူ့ဖာသာသူ နေတာပါ။ တခုခုဆို သူတို့အချင်းချင်း ညှိရ ဆွေးနွေးရနဲ့ အလုပ်များနေတာပါ။ သူ့ဖာသာ ပုံမှန်လုပ်ရိုးလုပ်စဥ်လုပ်နေတာပဲရှိတာ။ ပူတင်က သွားရန်စသလိုဖြစ်တော့ NATO ကလည်း အချင်းချင်း ညီညွတ်ကုန်ပြီး ရုရှားတောင်းတာ မပေးနိုင်ဘူးဖြစ်ကုန်တယ်ထင်တာပဲ။ ပိုလန်နယ်စပ်က ဘယ်လာရုစ်တွေဆိုရင် NATO အဖွဲ့တွေနဲ့ မိတ်ဆွေတွေလိုတောင် ဖြစ်နေပြီ။ အဓိက ကတော့ ပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံရေးစနစ်မွေးဖွါးရှင်သန်လာမှာကို ရုရှားနဲ့ ဘယ်လာရုစ်က မနှစ်သက်ခြင်းဟာ စစ်ပွဲရဲ့ အခြေခံအကြောင်းတရားပါ။

(BNN) ဘယ်လာရုစ်က ဘာဖြစ်လို့ ရုရှားနဲ့ ဆရာတပည့်လိုဖြစ်နေတာလဲ


ဘယ်လာရုစ်နိုင်ငံမှာ အတိုက်အခံဆိုတာ မိသားစုနဲ့နေခွင့်မရှိပါဘူး။ ထောင်ထဲနေချင်နေ မနေချင်ရင် ပြည်ပြေးဘ၀နဲ့ နေဆိုတဲ့ နိုင်ငံပါ။ အခု သမ္မတလူကာရှန်ကိုဆို ဥပဒေမျိူးစုံပြင်ဆင်ထုတ်ပြန်ပြီး အုပ်ချုပ်နေတာ ကျနော်တို့တသက်ပဲ။ ဆိုဗီယက်ပြိုကွဲပြီး ၉၄ ခုနှစ်ကတည်းကလုပ်လာတာ။ ဘယ်လာရုစ်၀န်ထမ်းရဲ့ တ၀က်က ထောက်လှမ်းရေးအလုပ်ပဲလုပ်တယ်။ အိမ်နီးခြင်းန်ိုင်ငံတွေက ဒီမိုကရေစီတွေဖြစ် NATO တွေ ဖြစ် အီးယူတွေဖြစ်လာချိန်မှာ သူက နောက်ကျောက မလုံတော့ဘူး။ ပြည်တွင်းမှာ နာနာဖိနိုင်ဖို့ သူ့မှာ မိတ်ဆွေကောင်းလိုတယ်။ အင်အားလိုတယ်လေ။ ပြောရရင် ယူကရိန်းမှာ ရုပ်သေးအစိုးရဖွဲ့ဖို့ ရုရှားရဲ့ ခြေလှမ်းတွေကို သူက သိတယ်။ ရုရှားက အဲဒါမျိုးလုပ်ခဲ့တာလည်း သိထားတော့ သူ့ကိုလည်း ရုရှားက ဖြုတ်ချမှာစိုးတာလည်းပါတယ်။

(BNN) ဘယ်လာရုစ်တွေက သူ့ကို ဖြုတ်ချဖို့ မလုပ်ကြဘူးလား


တကယ်ကတော့ ဆိုဗီယက်ပြိုကွဲတော့ နိုင်ငံရေးလုပ်တတ်သူက ဘယ်လာရုစ်မှာ သိပ်မရှိဘူး။ သူက ဆိုဗီယက်တပ်မတော်မှာ လုပ်ခဲ့တော့ ကျန်နိုင်ငံရေးသမားတွေထက် ပိုအတွေ့အကြုံရှိတယ်ထင်ပြီး ပထဆုံး သမ္မတဖြစ်လာတယ်။ ဆိုဗီယက်ပြိုကွဲနိုင်ငံတိုင်းက နိုင်ငံရေးမငြိမ်မသက်တွေဖြစ်တော့ သူက လန့်လာပြီး သူ့အာဏာတည်မြဲဖို့ လုပ်တော့တာ။ သတင်းဦးရင် ဘယ်သူမှ ဘာမှ ဆန့်ကျင်လို့ မရဘူးဆိုတဲ့ မူကို ကိုင်စွဲပြီး ထောက်လှမ်းရေးတွေ သတင်းပေးတွေနဲ့ တိုင်းပြည်ကို ထူထောင်ခဲ့တာ။ သူ့ကို ဆန့်ကျင်သူတိုင်း ထောင်ထဲရောက်သူရောက် ပြည်ပရောက်သူရောက်ပဲ။ ဒါပေမယ့် အခုထိ ဆန့်ကျင်နေကြတုန်းပါပဲ။ သတင်းတွေကို အမှောင်ချထားတော့ သိပ်မသိကြတာပါ။ အခု ယူကရိန်းကို ကျုးကျော်တိုက်ခိုက်တဲ့အပေါ်လည်း ဘယ်လာရုစ်မှာ နေ့တိုင်း ကန့်ကွက်နေသလို နေ့တိုင်းဖမ်းနေတာပါပဲ။

(BNN) အခု စစ်ပွဲမှာ ဘယ်လာရုစ်က တကယ်ပဲ ရုရှားဘက်က တိုက်ပေးနေလား

အနည်းဆုံးတော့ ဘယ်လာရုစ်ထဲကနေ ရုရှားတပ်တွေက နေ့တိုင်း ဒုံးကျည်တွေနဲ့ ပစ်နေတာပဲလေ။ ဒါကိုခွင့်ပြုတယ်ဆိုကတည်းက ၀င်တိုက်နေတယ်ပဲပြောရမှာပေါ့။

(BNN) အခုစစ်ပွဲအခြေအနေကို ဘယ်လာရုစ်မှာ ဘယ်လိုအမြင်သုံးသပ်ချက်တွေရှိနေလဲ

စတုန်းကတော့ စစ်ပွဲက ခနေလေးပြီးသွားမယ်လို့ ထင်ကြတာ။ ၀င်တိုက်တာနဲ့ ယူကရိန်းအစိုးရထွက်ပြေးမယ် ယူကရိန်းစစ်တပ်က အာဏာသိမ်းမယ် ယူကရိန်းလူထုက အစိုးရထွက်ပေးပြီး ငြိမ်းချမ်းရေးဆွေးနွေးရင်း ရုရှားအလိုကျအစိုးရပေါ်လာမယ်ဆိုတာမျိူးပဲ တွေးခဲ့ကြတာပဲ။

စစ်ပွဲကြောင့် ထိခိုက် ပျက်စီးမှု များ ကိုတွေ့ရစဉ်။

တကယ်၀င်တိုက်တော့ ပြောင်းပြန်ဖြစ်နေတယ်။ ကျနော်တို့ ဘယ်လာရုစ်နယ်စပ်က ဆေးရုံတွေဆို ဒဏ်ရာရ ရုရှားစစ်သားတွေ ပြည့်နေပြီ။ ယူကရိန်းထဲကသတင်းကို အမှောင်ချလို့ရတာ ဘယ်လာရုစ်ထဲက သတင်းကိုတော့ အမှောင်ချလို့မရဘူးလေ။ အခုကို အဆင့်မြင့် စစ်တပ်အရာရှိတွေ ပိုလန်ထဲ ထွက်ပြေးတယ်ဆိုတဲ့ သတင်းတွေက နေ့တိုင်းထွက်နေတာ။ ပူတင်က အခြေအနေမလှရင် နောက်ဆုံး နျူကလီယားတွေဘာတွေ သုံးလာမှာကိုတော့ ကြောက်နေကြရတာပေါ့။

(BNN) ဘယ်လိုအဆုံးသတ်သွားမယ်ထင်လဲ

အကုန်လုံးကတော့ အမြန်ငြိမ်းချမ်းစေချင်တာပါပဲ။ ဒါပေမယ့် ယူကရိန်းကတော့ အားပေးမှု အပြည့်ရနေတော့ မဆုတ်တော့ဘူးထင်တယ်။ ဆုတ်ရင် ရုရှားကဆုတ်ပေးရမှာ။ ပူတင်ကလည်း သတင်းမှားတွေရပြီး ၀င်တိုက်မိနေတော့ သူ့မှာ သိက္ခာကလည်းရှိသေးတယ်။ သူက ကမ္ဘာကို အင်အားပြဖို့ လုပ်တာ အခုက ရုရှားဟာ ဘာမှမဟုတ်ဘူးဆိုသလို ဖြစ်နေတယ်။ ရှက်ရမ်းရမ်းပြီး ဆက်တိုးမယ်ဆုံးဖြတ်ရင်တော့ အင်အားအကုန်ထုတ်သုံးရမယ့်အနေအထားဆိုတော့ လူတွေ ပိုသေကြမှာပါပဲ။ ကံမကောင်းရင် နျူကလီယားတွေပါ သုံးလာနိုင်တယ်။ ယူကရိန်းကလည်း ဘယ်လိုမှ မရတော့ရင် သူ့နိုင်ငံထဲက နျူကလီးယားဓါတ်ပေါင်းဖိုတွေ ဖေါက်ခွဲကောင်း ဖေါက်ခွဲပစ်နိုင်တာပဲ။ အကောင်းတော့ သိပ်မမြင်ဘူး။ ဘယ်လိုအဆုံးသတ်မလဲဆိုတာတော့ ကျနော်လည်း မသိဘူး။

(BNN) နိုင်ငံတကာကရော ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်လား


မလုပ်နိုင်တာထက် မလုပ်ချင်ကြတာလို့ထင်တာပဲ။ လုပ်ရင်လည်း နျုကလီယားစစ်ကြီးဖြစ်ဖို့ပဲ ရှိမယ်ထင်တာပဲ။ နောက်ကနေ ကူပေး မြှောက်ပေးတာပဲ လုပ်ကြမှာပဲ။ ဖြစ်နိုင်တာ တခုကတော့ ပူတင်ပြုတ်ကျသွားတာမျိူး လုပ်ကြဖို့ ပိုများမယ်ထင်တယ်။

(BNN) စစ်ပွဲကြီးက ပိုကြာမသွားနိုင်ဘူးလား


တကယ်တော့ ဒီစစ်ပွဲက အမေရိကန်နဲ့ အမေရိကန်ဒီမိုကရေစီနဲ့ပါဆိုင်နေတယ်၊ ဒါကြောင့် ကမ္ဘာကြီးမှာ ယူကရိန်းယူကရိန်းဖြစ်နေတယ်ထင်တယ်။

(BNN) ဘာကြောင့်လဲ

ပူတင်က ထရမ့်ကိုပဲအနိုင်ရစေချင်တာပဲလေ။ ဟီလာရီကလင်တန်နဲ့ရွေးကောက်ပွဲကတည်းက ရုရှားက ၀င်စွက်ဖက်ခဲ့တာအားလုံးအသိပဲ။ ဘိုင်ဒန်နဲ့ပြိုင်တော့လည်း ထရမ့်ကိုပဲ ပူတင်က နိုင်စေချင်တယ်။ နိုင်ဖို့လဲ ကူပေးခဲ့တာပဲ။ ယူကရိန်းမှာ ဘိုင်ဒန်ရဲ့ သားက သူ့အဖေ သမ္မတရွေးပွဲမ၀င်ခင်အထိ ရေနံကုမ္ပဏီ မှာ ရင်းနှီးလုပ်ကိုင်နေတာလေ။ ယူကရိန်းမှာ ဘိုင်ဒန်သားရဲ့ ရင်းနှီးမြုပ်နှံမှုတွေအကြောင်းကို သမ္မတရွေးကောက်ပွဲအကြိုမှာလိုက် ဖွဖို့ နဲ့ အခု ယူကရိန်းသမ္မတကို ဘိုင်ဒန်မိသားစုရဲ့ ခြစားမှုတွေကို ဖိအားပေးပြောခိုင်းဖို့ ပူတင်က ထရမ့်ကိုအကြံပေးခဲ့တဲ့သတင်းတွေ ထွက်ခဲ့တာပဲ။ ဒါပေမယ့် အခု ယူကရိန်း သမ္မတက မဟုတ်တာတွေဖြစ်လို့ ထရမ့်ပြောတာတွေ လိုက်ပြောဖို့ ငြင်းဆိုခဲ့တယ်။ ထရမ့်ကလည်း သူပြောခိုင်းတာမပြောလို့ဆိုပြီး အမေရိကန်က ပေးရမဲ့ ဒေါ်လာသန်း ၄၀၀ လက်နက် အကူအညီတောင်ရပ်ဆိုင်းခဲ့တာမျိူးလုပ်ခဲ့တာတွေရှိတယ်။ အခုထိတောင် အဲဒီအမူက မပြီးသေးဘူး၊ အခုထိလည်း ထရမ့်က ပူတင်ဘက်ကပဲလေ။ ပြောချင်တာက ယူကရိန်းစစ်ပွဲဟာ ပူတင်သာမက ထရမ့်ပါ အကြီးအကျယ်ပြသနာတက်မယ့်ပွဲ၊ အမေရိကန်က ဘိုင်ဒန်နဲ့ထရမ့်ပြသနာဟာ ယူကရိန်းစစ်ပွဲမှာ အဓိက အချက်တချက်အနေနဲ့ ပါနေတယ်ထင်တာပဲ။ အမေရိကန်က ၀င်ပါဖို့ တွန့်ဆုတ်နေတာက အဲဒါတွေလည်းပါမယ်ထင်တာပဲ။ အဲတော့ အခုလိုလက်နက်အဆင့််နဲ့ပဲ တိုက်နေဦးမယ် ပူတင်ကလည်း နောက်မဆုတ် ပြုတ်လည်းမပြုတ်ဆိုရင်တော့ စစ်ပွဲက ကြာမယ်လို့ထင်တာပဲ။

BNN/Special Talk

ပထမပိုင်း လင့်ခ်

https://burmanewsnetwork.com/interview/4756/?fbclid=IwAR2m2Wcg6CovRDypY9Ag0N4Ob85dDNExnO5hsMcb5kVRv4XQE8v865XQ6iA
Tags: InterviewRussiaUkrainewar
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

Interview

တွေ့ဆုံဆွေးနွေးရေးဆိုတဲ့စကားက သိပ်နောက်ကျနေပြီ၊ လူထုက လက်နက်ကိုင်တိုက်ပွဲဝင်နေပြီ

ဇူလိုင် 6, 2022
တွေ့ဆုံဆွေးနွေးရေးဆိုတဲ့စကားက သိပ်နောက်ကျနေပြီ၊ လူထုက လက်နက်ကိုင်တိုက်ပွဲဝင်နေပြီ

ဦးအောင်မိုးဇော်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS (၆/၇/၂၀၂၂)စစ်ကောင်စီဖက်က တွေ့ဆုံဆွေးနွေးရေးအကြောင်းပြောလာတဲ့အချိန်ဟာ သိပ်နောက်ကျနေပြီဖြစ်ပြီး မြန်မာလူထုက စစ်ကောင်စီ မရှိမှ တိုင်းပြည်ငြိမ်းချမ်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လက်နက်ကိုင်တော်လှန်တဲ့အထိဖြစ်နေပြီလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်တဲ့အပေါ် BNN...

Read more
by BNN Editor
0 Comments
Interview

အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

ဇူလိုင် 1, 2022
အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

(ဒေါက်တာတင့်ဆွေ- နိုင်ငံရေး ဝေဖန်သုံးသပ်သူ) (၃၀/ ၆/၂၀၂၂) နေပြည်တော်ကိုရောက်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အတွင်း လူသားချင်းစာနာမှုအကူအညီတွေပေးရေး သဘောတူချက်ရကောင်းရနိုင်ပေမယ့် အဲဒီအကူအညီတွေ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်နိုင်-မနိုင် မသေချာဘူးလို့ နိုင်ငံရေး ဝေဖန် သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ ၃ ရက်ကြာခရီးစဉ်အဖြစ်...

Read more
by BNN Editor
0 Comments
Interview

ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

ဇွန် 28, 2022
ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

(ဦးမောင်မောင်- ABSDF ယောနယ်တာဝန်ခံ) (၂၈/ ၆/၂၀၂၂) ချင်း-မကွေးနယ်စပ် ယောဒေသက စစ်သင်တန်းဆင်းပွဲတင်မကပဲ အခြားဒေသတွေမှာလည်း ABSDF တပ်တွေရှိနေတယ်။ ဒေသခံ PDF တွေနဲ့ ပူးတွဲလှုပ်ရှားနေပါတယ်လို့ ABSDF ဗဟိုကော်မီတီဝင်တဦးဖြစ်သူ ဦးမောင်မောင်ကပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အလုပ်ရှုပ်နေပြီး...

Read more
by BNN Editor
0 Comments
Interview

အကူအညီကို ထိုင်စောင့်လို့ မဖြစ်ဘူး၊ ရှိတဲ့ဟာနဲ့ တီထွင်ကြံဆပြီး ဆက်လုပ်ဖို့လိုပါတယ်

ဇွန် 21, 2022
အကူအညီကို ထိုင်စောင့်လို့ မဖြစ်ဘူး၊ ရှိတဲ့ဟာနဲ့ တီထွင်ကြံဆပြီး ဆက်လုပ်ဖို့လိုပါတယ်

ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ် (၂၀/၆/၂၀၂၂)နိုင်ငံတကာရဲ့ စစ်ရေးအကူအညီဆိုတာ မသေချာတဲ့အတွက် အဲဒါကို ထိုင်စောင့်မနေပဲ ရှိတဲ့အရင်းအမြစ်တွေကို စစ်မြေပြင်သုံးလက်နက်ဖြစ်လာအောင် တီထွင်ကြံဆကာ တော်လှန်ရေးကို အရှိန်မြင့်သွားဖို့လိုတယ်လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေဖက်က စစ်ရေးအကူအညီပေးဖို့...

Read more
by BNN Editor
0 Comments
Load More
Next Post
ရုရှားထောက်လှမ်းရေး FSB မှ ပေါက်ကြားလာသော စိတ်၀င်စားစရာ အတွင်းစကားများ

ရုရှားထောက်လှမ်းရေး FSB မှ ပေါက်ကြားလာသော စိတ်၀င်စားစရာ အတွင်းစကားများ

ယူကရိန်းနိုင်ငံ Irpin မြို့လယ်မှာ လမ်းအကာအကွယ်တွေလုပ််နေစဥ် ရုရှားဒုံးကျည်ထိမှန်သည့် မြင်ကွင်း

ယူကရိန်းနိုင်ငံ Irpin မြို့လယ်မှာ လမ်းအကာအကွယ်တွေလုပ််နေစဥ် ရုရှားဒုံးကျည်ထိမှန်သည့် မြင်ကွင်း

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.