၁၈ ဇန်န၀ါရီ ၂၀၂၂
ဒီပွဲဘယ်လိုလဲ အဘ ဆိုပြီး ခနခနလာမေးကြတယ်။ ဒီပွဲဟာ နောက်ဆုံးပွဲပဲလို့ လာမေးသူတိုင်းကို ကျနော်ပြန်ပြောမိတယ်။ ကျနော်ရှင်းပြပါမယ်။ မြန်မာ့တပ်မတော်ဆိုတာက စစ်သားတွေမရှိရင် ရှေ့တန်း မထွက်ချင်ပဲ မြို့ပေါ်မှာပဲ သောက်လိုက်စားလိုက်ပက်နေချင်တဲ့ အပွင့်အခက်တွေနဲ့ပဲ စုပုံနေတဲ့ နေရာ။ အဓိက က အောက်ခြေစစ်သား။ အောက်ခြေတပ်သား ဘယ်လိုစုရလဲဆိုတာ လူတိုင်းသိပြီးဖြစ်လို့ မပြောတော့ဘူး။ တပ်သားသစ်ရဖို့ လိုက်စု လိုက်လုရတာ။ ကျနော်တပ်မှူးဘ၀ကဆို ပွဲစားတောင်ငှားရတာ။ ကျနော်တို့ခောက်က မဲသေ၀ါ မာနယ်ပလော ခေတ်။
အခုခေတ်က တပ်သားသစ်ရဖို့ဆိုတာ ကျနော်တို့ထက် ပိုခက်သွားပြီ။ နောက်ကျည်ထုမဲ့ကောင်တွေပဲ ရတော့မှာ။ အခု PDF က ခလေးတွေကိုလည်း စစ်သားလို့တွေးလိုက်။ မြန်မာ့တပ်မတော် စစ်သားသစ် အတွက် သင်တန်းဆိုတာကလဲ လပိုင်းပဲရှိတယ်။ PDF ကလည်း လပိုင်းပဲရှိတယ်။ ကျနော်တို့ဘက်က စစ်သားက လက်နက်ရှိတယ် ပညာမရှိဘူး စိတ်ဓါတ်မရှိဘူး။ ပညာမရှိအလုပ်မရှိတပ်ထဲ၀င်သူ သေရင် မိဘစားရမယ်ဆိုတဲ့အတွေးနဲ့လာအပ်သွားတဲ့သူ (အခုတော့ သေရင် အလောင်းကောက်မဲ့သူတောင်မရှိဘူး။ တပ်ပြေးစယင်းထဲပါသွားတော့ မိဘလဲ မစားရဘူး) အဲလိုလူတွေနဲ့ ဖွဲ့ထားတာ။
PDF ခလေးတွေက လက်နက်မရှိဘူး ပညာရှိတယ် စိတ်ဓါတ်ရှိတယ်။ ပညာရှိတော့ တီထွင်နိုင်တယ်။ ဆန်းသစ်နိုင်တယ်။ စိတ်ဓါတ်ရှိတော့ ထင်မထားလောက်အောင် ကြံ့ခိုင်နေတယ်။ အခုလပိုင်းမှာကို စစ်မြေပြင်အတွေ့အကြုံက သူတို့လေးတွေရသွားပြီ။ အဲတော့ ပိုမာလာတာတွေ့ရတယ်။ အရမ်းခံပြင်းစိတ်ကလည်း သူတို့မှာ တော်တော်ကြီးသွားပြီ။ ဘာမှ မကြောက်တော့ဘူး။ မြို့ပေါ်မှ လက်လုပ်မိုင်းနဲ့ အတိုက်ခံရလိမ့်မယ်လို့ ကျနော် စစ်သက်တမ်းတလျှောက် တခါမှ မစဥ်းစားမိဘူး။ ရှေ့တန်းကပြန်ရောက်ရင် မြို့ထဲ အရက်ထွက်သောက် မူးပြီး ရန်ဖြစ်ဆိုသလောက်ပဲ ကြုံခဲ့ဘူးတယ်။

အခု လက်ရှိတပ်က လူတွေလည်း ဒီအတိုင်းပဲနေမှာ။ စစ်ကိုင်းတို့ ချင်းတို့ဘက်မှာ ခောတ်စားနေတဲ့ ပဒေသာမိုင်းဆိုတာ ကျနော့်သက်တမ်းတခါမှ မတွေးမိဘူး။ တိုင်းရင်းသားဒေသတွေဘက် ရှေ့တန်းသွားလို့ မိုင်းထိတာတွေပဲ ကြုံဘူးတယ်။ ရှေ့တန်းသွားရင် အကြောက်ရဆုံးကလည်း မိုင်းပဲ။ ကိုယ့်မျက်စိရှေ့တင် ခြေပြက်လက်ပြက်ကားသွားတာတွေ မနဲဘူး။ အဲဒီအကြောက်ရဆုံးမိုင်းကို အခု နေရာတကာမှာ ဖန်တီးနိုင်ကြတယ်ဆိုတာ အင်မတန်အံ့အားသင့်စရာကောင်းတယ်။ စစ်တပ်က အကြောက်ဆုံးအရာက မိုင်းပဲ။ အဲဒီမိုင်းက အခု နေရာတိုင်းရှိနေနိုင်ပြီဆိုတဲ့အတွေးဟာ အခုလက်ရှိ တပ်မတော်သားတိုင်း တထိတ်ထိတ်တွေးနေရတဲ့အရာဖြစ်နေပြီ။ တူမီးနဲ့ ယှဥ်တိုက်ရလိမ့်မယ်လို့လဲ တခါမှ မတွေးမိဘူး။ နောက်ပြီး ခလေးတွေက ပညာရှိတော့ ဒရုန်းနဲ့ပါ တိုက်လာတဲ့အဆင့်ဆိုတော့ ပိုတောင်ဆိုးသွားပြီ။

တပ်မှူးတိုင်း သံဗုဒေရွတ်နေမှာ သေချာတယ်။ နောက်တခုက ပြည်သူထောက်ခံမှု။ ကျနော်တို့ ရှေ့တန်းထွက်တုန်းက စစ်ကားတွေ တသီတသန်းကြီးနဲ့ မြို့တွေဖြတ်ရတာ။ မှတ်မှတ်ရရ သထုံမှာ နားတော့ ကားတန်းကြီးပေါ့ဗျာ။ အဲဒါ ၈၈ အာဏာသိမ်းပြီး ဆနပြပွဲတွေ ကို ပစ်ခတ်ပြီးကာစအချိန်နော်။ ကွမ်းယာစားတဲ့ကောင်က စား လဘက်ရေသောက်တဲ့အရာရှိပေါက်စတွေက သောက်နဲ့။
တစ်ချက် တောင့်ခံ နိုင်ရင် စစ်တပ်က စစ်တန်းလျားမှာပဲ ရှိနေတော့မှာပါ…
အငြိမ်းစားတပ်မှုး တစ်ဦး

KNU ကို လှမ်းပြီးသတင်းပေးတဲ့သူ မရှိဘူးလို့ ကျနော်ထင်။ ကျနော်တို့ကားတန်းကြီးက ဘာမှ မဖြစ်ပဲ လိုရာဆက်သွားနိုင်လို့ပြောတာ။ အခု အဲဒီလိုကားတန်းကြီးမပြောနဲ့ အိမ်စီးကားနဲ့ သွားရင်တောင် ခွေးတွေ ဘယ်ကနေဘာကားနဲ့လာနေပြီ။ ဘယ်လေယာဥ်ကွင်းကနေ ဘယ်ဘက်ကိုပျံတက်သွားပီဆိုတဲ့ သတင်းတွေကို ပြည်သူတွေက တောက်လျှောက်သတင်းပို့နေတာ။ အခုခောတ်စားနေတဲ့ ဖရဲသီးဆိုတာ လည်းမရှိဘူး။ တပ်ပြေးပဲရှိခဲ့တာ။ အရေးအကြီးဆုံး သတင်းစီးဆင်းမှုတိုက်ပွဲမှာလည်း တပ်မတော်က ရှုံးနေပြီလို့ပြောရမယ်။ အခု PDF ခလေးတွေအပေါ် တိုင်းရင်းသားတွေကလည်း တော်တော်ချစ် ကြလေး စားကြ ကူညီကြတာတွေ့ရတယ်။ ကျနော်ထင်တယ်… ခလေးတွေမှာသာ လက်နက်ရှိမယ်ဆိုရင် သူတို့ပညာ သူတို့ နာကျည်းချက် သူတို့ အခုအတွေ့အကြုံနဲ့ပေါင်းရင် တချက်ပဲလို့ထင်တယ်။

စကားပြောတာတွေ ဆွေးနွေးတာတွေဟာ မြန်မာစစ်တပ်နဲ့ ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ဘူး။ အရင်လိုပဲ လည်ထွက်နေမှာ။ ဗိုလ်သိန်းစိန်ကနေ ဦးသိန်းစိန်ဖြစ်။
နောက် ဒေါ်အောင်ဆန်းစုကြည်ဖြစ်။ ဒေါ်စုထပ်နိုင်တော့ အာဏာသိမ်း။ အဲလိုပဲ လည်ထွက်နေမှာ။ စစ်တပ်က အရပ်သားသမတတို့ အရပ်သားကာကွယ်ရေး၀န်ကြီးတို့ကို အလေးပြုချင်တဲ့စိတ်မရှိသေးဘူး။ ကျနော့်ဇနီးကို တပ်က အလေးပြုတယ်။ ကျနော့်ဇနီးသာ ကျနော့်နေရာ အမျိူးသမီးတပ်မှူးဆို သူတို့အလေးမပြုချင်ဘူး။ မြန်မာစစ်တပ်ရဲ့ စိတ်နေစိတ်ထားက အဲလိုရှိတယ်။ ဒါကို မသိပဲ စာအုပ်တွေဖတ် ဆွေးနွေးရေးအကြောင်းတွေ လျှောက်ပြောနေလို့ကတော့ လည်ထွက်နေမှာပဲ။ ကျနော်ကတော့ PDF လေးတွေကို အားကိုးတယ်။ ဖရဲသီးတွေကို အားပေးတယ်။
တချက်တောင့်ခံနိုင်ရင် စစ်တပ်ဟာ စစ်တန်းလျှားမှာပဲ ရှိနေတော့မှာပါ။
အငြိမ်းစား တပ်မှုူးတဦး ပေးပို့သည်။
BNN/Article