(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
(၁၂/၂/၂၀၂၂)
NUCC တပ်ပေါင်းစုဖွဲ့စည်းနိုင်တာ၊ EAO တပ်တွေနဲ့ PDF တပ်တွေကြား ပူးပေါင်းဆောင်ရွက်နိုင်တာ၊ နိုင်ငံရဲ့ဒေသအတော်များများမှာ တော်လှန်မှုတွေ အရှိန်ကောင်းလာနေတာတွေကြောင့် နွေဦးတော်လှန်ရေးဟာ ဒီနှစ်အတွင်း ခုခံစစ်ကနေ ထိုးစစ်ဆီ တက်လာနိင်မှာ သေချာတယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာကာလအတွင်း EAO တပ်တွေနဲ့ PDF တပ်တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေ၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးလုပ်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့…
- လက်ရှိ လက်နက်အင်အားနဲ့ မြို့သိမ်း၊ ရွာသိမ်းတိုက်ပွဲဆင်နိုင်ပါ့မလား…
- ထိုင်းနဲ့ အားဆီယံက နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသဘောထားသလဲ…
- ၁၉၈၈ နဲ့ ဒီနေ့တော်လှန်ရေးအခြေအနေ ဘာတွေတူပြီး ဘာတွေ ကွားခြားသွားသလဲ…
- ထိုးစစ်ဆင်နိုင်ဖို့ စိတ်ပိုင်း၊ ရုပ်ပိုင်း ပြည့်စုံနေပြီလား… စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
BNN/Exclusive Interview