( Mr. X သည် မြန်မာအပါအ၀င် အာဆီယံနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယမ်အခြေစိုက် စီးပွါးရေးကုမဏီကြီး တခုမှာ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါ သည်)
(BNN) အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးကိုတောင် အားကိုးလို့ မရဘူးဆိုတော့ ဒီမိုကရေစီအတွက် တိုက်ပွဲ၀င်နေတဲ့ မြန်မာပြည်သူတွေက ဘယ်သူ့အားကိုးလို့ ရမလဲ။ အခု တနှစ်ပြည့်တော့မယ်။ မြန်မာပြည်သူတွေရနေတာက စိုးရိမ်ပူပန်တယ်ဆိုတဲ့ တြေညာချက်တွေ ကန့်ကွက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေပဲ ရနေတယ်။ စစ်တပ်ကတော့ သတ်လို့ ဖြတ်လို့ ဖိနှိပ်လို့ ကောင်းနေတုန်းအခြေအနေ။ အဖိနှိပ်ခံ မြန်မာပြည်သူတွေအနေနဲ့ အမေရိကန်အပါအ၀င် ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ အားပေးကူညီမှုကို တမ်းတခဲ့ကြတာ……..
(Mr.X) ကျနော် ခင်ဗျားမေးခွန်းကို အပြည့်အ၀ စာနာနားလည်ပါတယ်။ အခု လူတကာပြောနေတဲ့ အာဆီယမ်သဘောတူညီချက် (၅) ချက်ကို မနှစ် ဧပြီလထဲမှာ ဆုံးဖြတ်ချက်ချနိုင်ခဲ့တာတွေ-အောက်တိုဘာလထဲမှာ အဲဒီ ၅ ချက်ကို လိုက်နာအကောင်အထည်မဖေါ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ ပေးမတက်ဖို့ ဆုံးဖြတ်ချက်တွေကျဖို့ကိုတောင် အတော် ကျိူးစားခဲ့ရတာပါ။ အာဆီယမ်ထဲက နိုင်ငံတချို့ကို ကျေးဇူးတင်ရမှာပါ။
အမေရိကန်နဲ့ မဟာမိတ်တွေကလည်း မနှစ်က UN ညီလာခံမှာ မြန်မာစစ်တပ်ကို စစ်လက်နက်တွေ စစ်ရေးနဲ့ပတ်သက်တဲ့ နည်းပညာအထောက်အကူတွေ မပေးဖို့ တင်သွင်းခဲ့ပြီး အဲဒီအဆိုကို အများစုက ထောက်ခံလို့ အတည်ပြုခဲ့တယ်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မဟုတ်တော့ မလုပ်မနေရ ဆိုတဲ့ မူတော့ မဟုတ်ဘူးပေါ့။
အဲဒီတုန်းကလည်း အိန္ဒိယအပါအ၀င် အာဆီယမ်နိုင်ငံတချို့က မသိသလိုလိုကြားနေပြီး မဲ မပေးခဲ့သူတွေရှိသလို အဆိုကို ကန့်ကွက်သူ ထောက်ခံသူတွေလည်းရှိခဲ့တာ ခင်ဗျားမှတ်မိမှာပါ။ အဲဒီအဆိုတင်သွင်းမှုဟာ တကယ်တော့ ဘယ်နိုင်ငံတွေက ဘယ်လောက်အတိုင်းအတာအထိ မြန်မာ့အရေးကို ပါ၀င်ကူညီကြမလဲ ထောက်ခံကြမလဲဆိုတာကို အဖြူအမဲ စမ်းသပ် စစ်ဆေးကြည့်တဲ့ပွဲပါ။ ညီလာခံက အတည်ပြုခဲ့တဲ့ ကြေညာချက်ကိုတောင် စကားလုံးအသုံးအနုံးတွေ ပြင်ဖို့ လိုက်ကပ် ကန့်လိုက်တိုက်ခဲ့တဲ့ အာဆီယမ်နိုင်ငံတွေလည်းရှိခဲ့ပါတယ်။ အဲဒါက မနှစ်က ဇွန်လထဲမှာပါ။ ဘုံသဘောတူညီချက် ချမှတ်ပြီး ၂ လအကြာမှာပါ။
အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးအပါအ၀င် အာဆီယမ်နိုင်ငံတချို့ကပါ အင်တင်တင်လုပ်ပြခဲ့တော့ အင်နဲ့အားနဲ့ ကူညီဖို့ ပြင်နေတဲ့ အမေရိကန်အပါအ၀င် မဟာမိတ်နိုင်ငံတွေမှာ စဥ်းစားတွေ၀ေစရာဖြစ်သွားရပါတယ်။ အဲဒီလို အင်တင်တင်နိုင်ငံတွေကို အရင်စည်းရုံးဖို့ ပြင်ကြရပါတယ်။ ဇွန်လနောက်ပိုင်းမှာ အမေရိကန်အစိုးရကအဆင့်မြင့်ကိုယ်စားလှယ်တွေ အာဆီယံဒေသကို လွန်းပျံခရီးနှင်ခဲ့ကြတာ မှတ်မိမယ်ထင်ပါတယ်။ အာဆီယံကို ပြန်ခြေချဖို့ပြင်တာနဲ့လည်း အချိန်ကိုက်ဖြစ်တော့ ဒုသမ္မတကိုယ်တိုင် သြဂုတ်လထဲမှာ လာသွားတာမှတ်မိမယ်ထင်ပါတယ်။
(Mr.X) ကျနော် သူတို့ ဘာတွေ ဘယ်လိုပိတ်ဆို့မယ်ဆိုတာတော့ အတိအကျ မသိလို့ မပြောနိုင်ပါဘူး။ ကျနော် အဓိက ပြောချင်တာက အခုက ၂၀၂၂ ပါ။ အမေရိကန်တွေ အနောက်နိုင်ငံတွေ ထွက်သွားရင် တရုတ်၀င်လာမယ် ရုရှား၀င်လာမယ် တခြားနိုင်ငံတွေ ၀င်လာမယ်ဆိုတဲ့ အတွေးဟာ ဟောင်းနွမ်းဆွေးမြေ့သွားပြီလို့ ပြောချင်တာပါ။ ကျနော်ပြောခဲ့သလို လွယ်လွယ်လေးနဲ့ ပိတ်လိုက်လို့ ရတာမဟုတ်ပါဘူး။ သေချာ သုံးသပ်ပြီးမှ လုပ်ရတဲ့အရာတွေပါ။ တယောက်ထွက်ရင် နောက်တယောက်လာမှာပေါ့ ဆိုတဲ့အတွေးက အာဏာသိမ်းစစ်တပ်တွေးသလို ပေ့ါပျက်လွန်းတယ်လို့ ကျနော်ပြောမယ်။ တဦးသွားရင် တဦးလာမှာသေချာပေမယ့် နောက်လာမယ့်တဦးကိုပါ ဘာမှ လုပ်လို့မရအောင်ပိတ်ဆို့ထားရင်ကောဆိုတဲ့ အတွေးက ၂၀၂၂ ရဲ့ အတွေးဖြစ်သင့်ပါပြီ။
Mr X
(BNN)ဟုတ်ကဲ့ မှတ်မိပါတယ် စင်ကာပူနဲ့ ဗီယက်နမ်ကိုလို့ ထင်ပါတယ်။
(Mr.X) နိုင်ငံခြားရေး၀န်ကြီးဌာနက အဆင့်မြင့်ကိုယ်စားလှယ်တွေဆို အကြိမ်ကြိမ်လို့တောင် ပြောလို့ရပါတယ်။ တခုတော့ရှိတာပေါ့ဗျာ။ မြန်မာ့အရေးက မြန်မာတွေအတွက် အသည်းအသန်ဖြစ်နေပေမယ့် အဲဒီနိုင်ငံတွေအတွက်ကျ တရုတ်က ပိုအရေးကြီးနေသလိုဖြစ်နေတယ်။ ဒီလိုပြောရလို့ ကျနော်စိတ်မကောင်းပါဘူး။ ခရီးစဥ်တိုင်းမှာ တရုတ်နဲ့ မြန်မာအရေးက တွဲပြီးလာရသလိုတော့ ဖြစ်တာပေါ့။ မြန်မာ့အရေးကို ဖိအာပေးဖို့သာမက သူတို့အတွက်လည်း အမေရိကန်နဲ့ မဟာမိတ်တွေက တရုတ်ရန်ကနေ ကာကွယ်ကူညီပေးမယ့် ကတိက၀တ်တွေ ပြင်ဆင်ယူဆောင်လာရပါတယ်။ သမ္မတထရမ့်လက်ထက်က အနေစိမ်းခဲ့တာတွေရဲ့ အကျိူးဆက်လို့လည်းပြောနိုင်တယ်။
နောက်တခုက အိမ်ဖြူတော်က ဆုံးဖြတ်ချက်ချသူတွေကြားမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ အိန္ဒိယကို အားကိုးလို့ မရဘူးဆိုတာ သိနေတော့ အာဆီယမ်ကိုပဲ အားကိုးရမယ်ဆိုတဲ့ စဥ်းစားချက်ရှိထားတာလို့ ကျနော်သိထားပါတယ်။ တရုတ်ကတော့ မေ့လိုက်ပေ့ါဗျာ။ အိန္ဒိယနဲ့ဆို ခင်ဗျားတို့ သိတဲ့ the QUAD ၄ နိုင်ငံမဟာမိတ်ကို အခြေခံပြီး မြန်မာ့အရေးကို အိမ်ဖြူတော်က အကြိမ်ကြိမ်စကားပြောခဲ့တာ ကျနော်သိပါတယ်။ ဒါပေမယ့် ဖြစ်မလာဘူးလို့ ယူဆရပါတယ်။ ဖြစ်မလာတဲ့အပြင် အိန္ဒိယက ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေ၀ယ်ခဲ့တော့ အခြေအနေက ပိုဆိုးသွားတာပါ။
(BNN) ကျနော်တခုဖြတ်မေးခွင့်ပြုပါ။ တရုတ်ကတော့ ခင်ဗျားပြောသလိုထားလိုက်ပါ။အိန္ဒိယ လည်းအားကိုးမရ အာဆီယမ်ကလည်း အခုထိ ဘုံသဘောတူညီချက်တွေကို အာဏာသိမ်းစစ်တပ်က အကောင်အထည်ဖေါ်အောင် ဖိအားမပေးနိုင်။ ဒီကြားမှာ အာဆီယမ်အလှဲ့ကျခေါင်းဆောင်က ကမ်ဘောဒီးယား။ UN ကလည်း ဘာဖိအားမှ မပေးနိုင်ဆိုတော့ အမေရိကန် ဗြိတိန်လို ဒီမိုကရေစီနိုင်ငံကြီးတွေက တခြားနည်းတနည်းနည်းနဲ့ ၀င်ရောက်ဖြေရှင်းပေးလို့ မရနိုင်ဘူးလား
(Mr.X) ဒါလည်း အင်မတန်ကောင်းတဲ့မေးခွန်းပါ။ ဒီမေးခွန်းကို အနောက်နိုင်ငံတွေကြားမှာလည်း အထူးသဖြင့် ၀ါရှင်တန်နဲ့ လန်ဒန်အသိုင်းအ၀ိုင်းမှာ လေးလေးနက်နက် ဆွေးနွေးနေကြတယ်လို့ ကျနော်သိထားပါတယ်။ ကံအကောင်းအကြောင်းမလှတာကတော့ အမေရိကန်နဲ့ ဗြိတိန်ပြည်တွင်းနိုင်ငံရေးဟာ အရင်လို တည်ငြိမ်မူမရှိသလို ကျနော်တို့ စောစောကပြောခဲ့သလို တရုတ် နဲ့ ရုရှားပြသနာတွေက စိုးရိမ်ရေမှတ်ရောက်နေချိန်တွေနဲ့ လာတိုက်နေတာပါ။ ဒါပေမယ့် မြန်မာ့အရေးကိုတော့ ၀ါရှင်တန်မြန်မာခုံစားပွဲမှာ အမြဲမပျက် ဆွေးနွေးနေတာ ကျနော်ကောင်းကောင်းသိပါတယ်။ လောလောဆယ်လုပ်လို့ရတာတွေကို နယ်ပယ်အလိုက် ခွဲပြီးတော့ကို လုပ်နေတာ တွေ့ရပါတယ်။
(BNN) ဘာတွေကို ဘယ်လို ခွဲလုပ်နေတယ်ဆိုတာ သိသမျှပြောပြလို့ရမလား
ဥပမာ ပြောရရင်ဗျာ။ စီးပွါးရေးအရ ဒဏ်ခတ်ပိတ်ဆို့ဖို့ ပြင်တဲ့အဖွဲ့ရှိတယ်။ UN မှာ အမြဲတမ်းကိုယ်စားလှယ်နေရာအငြင်းပွါးမှုကို စောင့်ကြည့်ဆွေးနွေးဖိအားပေးတဲ့အဖွဲ့ရှိတယ်။ မူလ ဘုံသဘောတူ ထားတဲ့ဆုံးဖြတ်ချက်တွေအတိုင်းလိုက်နာဖို့ နိုင်ငံရေး စီးပွါးရေး ကျန်းမာရေး ကာကွယ်ရေးအရ အာဆီယမ်ကို ဖိအားပေးနေတဲ့အဖွဲ့ရှိတယ်။ အာဏာသိမ်းစစ်တပ်ကို တရား၀င်မူမရအောင် နည်းပေါင်းစုံနဲ့ ဖိအားပေးတာတွေ စဥ်ဆက်မပျက်လုပ်နေတာတွေ့ရမှာပါ။ အာဆီယမ်ထဲက ဖိလစ်ပိုင် အင်ဒိုနီးရှား စင်ကာပူ မလေးရှားနဲ့ စစ်ရေလေ့ကျင့်တာတွေဟာ တကယ်တော့ ကျနော်ပြောခဲ့သလို မြန်မာကို လည်းဖိအားပေးကြပါ။ တရုတ်ရန်ကလည်း တတ်စွမ်းသရွေ့ကူညီကာကွယ်ပေးမယ်ဆိုတာတွေကို ပြသတာပါပဲ။ ကျနော် စင်ကာပူမှာ ရှိနေတုန်းက နိုင်ငံခြားရေး၀န်ကြီးဌာနနဲ့ ဘဏာရေး၀န်ကြီးဌာနက လူတချို့လာလို့ မိတ်ဖြစ်ဆွေဖြစ် တွေ့ဖြစ်ပါတယ်။ လန်ဒန်ကို သေချာမသိပေမယ့် ၀ါရှင်တန်ကတော့ သေချာကို အာရုံစိုက်လုပ်နေတယ်လို့ ကျနော်ယုံကြည်ပါတယ်။
(BNN) တခုပေါ့လေ။ စီးပွါရေးပိတ်ဆို့တာတွေဟာ အရင်ကလည်းလုပ်ခဲ့တာပဲ။ ဘာမှ မထူးဘူးဆိုတဲ့ အမြင်တွေလည်းရှိနေတာကြတော့ အခုရော ဘာတွေ ထူးလာမယ်ထင်ပါသလဲ။
(Mr.X) ကျနော်နားလည်ပါတယ်။ ဒါပေမယ့် အခု ခင်ဗျားနဲ့ ကျနော်ပြောနေတာဟာ ၂၀၂၂ ခုနှစ်ပါ။ စီးပွါးရေးပိတ်ဆို့တာဟာ ထိရောက်တယ် မထိရောက်ဘူး။ ဘယ်နေရာတွေမှာ ဘာတွေ လိုအပ်နေတယ်ဆိုတာကို ပိတ်ဆို့သူတွေက ပိုအဖြေရှာပါတယ်။ လွယ်လွယ်လေးနဲ့ ပိတ်လိုက်ကွာ ဆိုပြီး ပိတ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်အကဲဖြတ်ရပါတယ်။
အခု ယူကရိန်းကို ၀င်တိုက်ရင် တခါမှ မကြုံဘူးတဲ့ ပြင်းထန်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်က အကြိမ်ကြိမ်သတိပေးနေတာ ခင်ဗျား သတိပြုမိမှာပါ။ တခါမှ မကြုံဘူးတဲ့ ပိတ်ဆို့မှုဆိုတာဟာ သူတို့ လွယ်လွယ်လေးသုံးလိုက်တဲ့စကားမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။
မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံတွေမှာတောင် ဘဏ်ငွေကြေးစနစ်က နိုင်ငံတကာမှာ တန်း၀င်နေချိန်ပါ။ ဥပမာ Visa ကဒ်တွေ Master card တွေလိုမျိူး ငွေထုတ်ချေးတာမျိုးတွေအကျွမ်း၀င်နေကြပါပြီ။ နိုင်ငံတကာကို အရင်ကလို တရားမ၀င် ငွေလွှဲတာကနေ ဘဏ်တွေကနေလွှဲတာမျိူး Western Union လို အရေးပေါ်ငွေလွှဲလို့ရတာမျိူးတွေကလည်း ထမင်းစားရေသောက်ဖြစ်နေပါပြီ။ နိုင်ငံတကာ Company ကြီးတွေဆို Bank to Bank ဘဏ်ကနေ ဘဏ်ချင်းလွှဲတာတွေနဲ့ အလုပ်ဖြစ်နေတာကြာပါပြီ။ နိုင်ငံတကာငွေပို့စနစ်မှာ SWIFT code (The Society for Worldwide Interbank Financial Telecommunication) တို့ BIC code (Bank Identification Code) တို့နဲ့ ချက်ခြင်းပို့လို့ လွှဲလို့ လက်ခံလို့ ရနေတယ်။ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းကို ၀င်တိုက်တုန်းက ရုရှားကို အဲဒီလို နိုင်ငံတကာငွေပို့စနစ်ကနေ ထုတ်ပစ်ဖို့အထိ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ကြပေမယ့် မလုပ်ဖြစ်ခဲ့ပဲ ပုံမှန် ပိတ်ဆို့နေကျအတိုင်းအတာတွေပဲ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လုပ်ခဲ့ကြတာပါ။ အဲဒီလိုသာပိတ်ဆို့ခဲ့မယ်ဆိုရင် အဲဒီကတည်းက ရုရှားစီးပွါးရေးဟာ ပြိုလဲကျသွားခဲ့မှာ အသေအချာပါ။
ဒါကို ရုရှားကလည်းရိပ်မိတော့ သူ့ကိုယ်ပိုင် ငွေလွှဲစနစ်တွေ ကို ၂၀၁၅ ခုနှစ်ကတည်းက ပြင်ဆင်သတ်မှတ်ဖို့ ကျိူးစားထားပါတယ်။ ဒါပေမယ့် ရုရှားငွေလွှဲစနစ်က နိုင်ငံတကာမှာ တန်းမ၀င်သေးပါဘူး။ အလားတူ ခင်ဗျားတို့ အိမ်နီးချင်းတရုတ်ဆိုလည်း သူ့ကိုယ်ပိုင်ငွေလွှဲစနစ်တွေ ဖန်တီးတယ်။ တရုတ်ယွမ်ငွေကို နိုင်ငံတကာမဟုတ်တောင် အိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ငံတကာငွေကြေးအဖြစ်အသိအမှတ်ပြုသုံးစွဲဖို့တွေပြင်ဆင်နေတာပါ။ ပြောချင်တာက နိုင်ငံတကာငွေကြေးစနစ် ဘဏ်စနစ်တွေကို လွှမ်းမိုးထားတာက အနောက်နိုင်ငံတွေပါ။ နိုင်ငံတကာမှာ ဒေါ်လာဟာ တန်း၀င်နေဆဲပါ။ မြန်မာနိုင်ငံဟာ ရုရှားလို တရုတ်လို ဘာမှ လုပ်နိုင်တဲ့ နိုင်ငံမဟုတ်ပါဘူး။
(BNN)ဆိုလိုချင်က မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးစနစ်ထဲက ထုတ်ပစ်လိုက်နိုင်တယ် ကန့်ပစ်လိုက်နိုင်တယ်လို့ ပြောချင်တာလား။
(Mr.X) ကျနော် သူတို့ ဘာတွေ ဘယ်လိုပိတ်ဆို့မယ်ဆိုတာတော့ အတိအကျ မသိလို့ မပြောနိုင်ပါဘူး။ ကျနော် အဓိက ပြောချင်တာက အခုက ၂၀၂၂ ပါ။ အမေရိကန်တွေ အနောက်နိုင်ငံတွေထွက်သွားရင် တရုတ်၀င်လာမယ် ရုရှား၀င်လာမယ် တခြားနိုင်ငံတွေ ၀င်လာမယ်ဆိုတဲ့ အတွေးဟာ ဟောင်းနွမ်းဆွေးမြေ့သွားပြီလို့ ပြောချင်တာပါ။ ကျနော်ပြောခဲ့သလို လွယ်လွယ်လေးနဲ့ ပိတ်လိုက်လို့ ရတာမဟုတ်ပါဘူး။ သေချာ သုံးသပ်ပြီးမှ လုပ်ရတဲ့အရာတွေပါ။ တယောက်ထွက်ရင် နောက်တယောက်လာမှာပေါ့ ဆိုတဲ့အတွေးက အာဏာသိမ်းစစ်တပ်တွေးသလို ပေ့ါပျက်လွန်းတယ်လို့ ကျနော်ပြောမယ်။ တဦးသွားရင် တဦးလာမှာသေချာပေမယ့် နောက်လာမယ့်တဦးကိုပါ ဘာမှ လုပ်လို့မရအောင်ပိတ်ဆို့ထားရင်ကောဆိုတဲ့ အတွေးက ၂၀၂၂ ရဲ့ အတွေးဖြစ်သင့်ပါပြီ။
( အပိုင်း ၃ ကို ဆက်လက်ဖေါ်ပြပေးပါမည်)
BNN/Exclusive Interview