(၁-၁၀-၂၀၂၁)
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေ ရာနဲ့ချီဖမ်းဆီးခံရ၊ သတင်းဌာနတွေ ဒါဇင်နဲ့ချီပိတ်ပင်ခံရပြီးတဲ့နောက် ကွင်းဆင်းသတင်းယူနိုင်တဲ့ သတင်းထောက် မရှိတော့တဲ့အတွက် ဒေသခံ ပြည်သူတွေကိုယ်တိုင် သတင်းထောက်တွေဖြစ်လာနေပြီလို့ Burma News International ရဲ့ မူဝါဒရေးရာကော်မီတီ ဥက္ကဌ နန်းဖောဂေ ကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၈ လပြည့်ချိန်ကာလ မြန်မာသတင်းဌာန တွေရဲ့ သတင်းရယူတင်ပြနိုင်မှု အခြေအနေနဲ့ပတ်သက်ပြီး BNN ကမေးမြန်းစဉ် သူမ ကအဲဒီလိုပြောခဲ့တာပါ။
ဒီမေးမြန်းချက် အပြည့်အစုံကိုတော့ မနက်ဖန် စနေနေ့ ညပိုင်းမှာ ထုတ်လွှင့်ပေးသွားဖို့ ရှိနေပါတယ်။