(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
(၃၁-၃-၂၀၂၂)
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေအပေါ် စိုးရိမ်ပါတယ်၊ ဝမ်းနည်းပါတယ်လောက် ပြောနေရုံနဲ့ အလုပ်မဖြစ်တော့ဘူး။ စစ်ရေးအကူ အညီ ထိရောက်စွာပေးဖို့ လိုအပ်နေပြီလို့ KNU ပြောခွင့်ရပုဂ္ဂိုလ် စောတောနီးက တောင်းဆိုလိုက်ပါတယ်။
နွေဦးတော်လှန်ရေး တနှစ်ကျော်ကြာလာတဲ့အချိန်၊ NUG အစိုးရ တနှစ်နီးပါးကြာလာတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေးအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ပြောဆိုခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့….
- KNU နဲ့ PDF တပ်တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေ ဘယ်လိုရှိသလဲ…
- NUG နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းလာပြီလား…
- စစ်ကောင်စီတပ်တွေဖက်က စခန်းစွန့်ထွက်ပြေးတာတွေများလာနေပြီး လေကြောင်းပစ်အားအပေါ် ပိုအားထားလာနေတာ ဘာကြောင့်လဲ…
- ဖြတ်လေးဖြတ် စနစ်ကို ဘယ်လိုခုခံမလဲ…
- နိုင်ငံတကာဖက်က လေနဲ့အားပေးနေပြီး လက်တွေ့ အားပေးမှုမလာသေးတာ ဘာကြောင့်လဲ… စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။