(၂၄၂/၂၀၂၂)
ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဒီမော်ဆိုအကြားရှိ နမ်းမယ်ခုံဒေသမှာ အခုချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဗညားခွန်အောင်ကပြောပါတယ်။
ကရင်နီဒေသမှာ သီတင်းတပတ်နီးပါးကြာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေ၊ စစ်ပြေးတွေနဲ့ ကူညီကယ်ဆယ်ရေးအခြေအနေကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။
အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့…
- တိုက်ပွဲ နောက်ဆုံးအခြေအနေ…
- နှစ်ဖက် ထိခိုက်ကျဆုံးမှုအနေအထား…
- ရွာမီးရှို့ခံရလို့ အရပ်သားတွေ ထွက်ပြေးရမှာအခြေအနေ…
- ကူညီကယ်ဆယ်ရေး ဘယ်လိုလုပ်နေကြသလဲ…
- ကရင်နီဒေသအပြင် အခြားဒေသတွေပါ တပြိုင်တည်း တိုက်ပွဲဖေါ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ… စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျုးလုပ်နေစဉ် အင်တာနက်လိုင်း ပြတ်ကျသွားတဲ့အတွက် တယ်လီဖုန်းနဲ့မေးပြီး ပြန်ပေါင်းထားရတာကြောင့် ကြည့်ရှု-နားဆင်တဲ့အခါ အဆင်မပြေဖြစ်ပါက နားလည်ပေးပါရန် တင်ပြအပ်ပါတယ်)။
BNN/Exclusive