(ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews)
(Tom Andrews- UN Special Rapporteur on the human rights in Myanmar)

(၂၂/၁၂/၂၀၂၁)
မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မြန်မာလူငယ်တွေရဲ့လက်ထဲမှာ ရှိနေပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းက ဒါကို ထောက်ခံအားပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူသွားရောက်လေ့လာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း အခြေအနေ အပါဝင် လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေအပေါ် ကုလသမဂ္ဂဘက်က ဘယ်လိုအရေးယူ ဆောင်ရွက်နေသလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက ဒီလိုဖြေကြားသွားတာပါ။
Tom Andrews နဲ့ မေးမြန်းချက် အသေးစိတ်ကို မနက်ဖြန်ညမှာ စတင်ထုတ်လွှင့်ပေးပါမယ်။
BNN/Exclusive Interview