IntelNews
၂၃ သြဂုတ် ၂၀၂၁
NUG ထောက်ခံကြောင်း FB ပရိုဖိုင်းတင်တဲ့ ဗိုလ်ကြီးနဲ့ အထက်အဆင့်ရှိ တပ်တွင်းမိသားစု ၄၀ ကျော်ကို အရေးယူထားသည်။ ကြံ့ဖွတ်ပါတီအနေနဲ့ YMBA နဲ့ပေါင်းပြီး လူထုစည်းရုံးရေးလုပ်ဖို့ စကစခေါင်းဆောင်မအလ နဲ့ သမ္မတဟောင်း ဦးသိန်းစိန် က ညွှန်ကြားထားသည်။ YMBA အတွက် လိုအပ်တဲ့ငွေတွေကို ရန်ကုန်အခြေစိုက် ခရိုနီ ၂ ဦးမှ ထောက်ပံ့။
လက်နက်နဲ့ ထွက်ပြေးသွားသည့် စစ်သည် အရာရှိများပြားလာနေသဖြင့် ဦးစားပေး ရှာဖွေ ဖမ်းဆီးသတ်ဖြတ်ရန် စကစခေါင်းဆောင် မအလက ညွှန်ကြားထားသည်။ တပ်ကထွက်ပြေးသူတွေလက်မခံရဲအောင် ရွာတွေကို ဖျက်ဆီးပြရန် စကစ ဒုခေါင်းဆောင်က ညွှန်ကြား။
ခွင့်မဲ့တပ်ပြေးကြေညာထားသူ ၄ ထောင်ကျော်ရှိသည် (အရာရှိမှအပ တိုက်ပွဲကျဆုံးသူအားလုံးကို တပ်ပြေးဟုသတ်မှတ်ထားသည်)။ ပြည်သူနဲ့ ပြည်သူ့စစ်သားစကားဝိုင်းဆိုသည့် People’s Soldiers များအဖွဲ့ရဲ့ အပတ်စဉ်စကားဝိုင်းကို စကစတပ်တွင်းမှာ တိတ်တခိုးလူကြိုက်များနေသည့်အတွက် Peopple’s Soldiers ရဲ့ FB စာမျက်နှာကို report ဝိုင်းထုရန် ကြံ့ဖွတ် နဲ့ မဘသများကို တာ၀န်ပေးထားသည်။
တပ်မတော်မှတ်တမ်းရုံးမှ တပ်ကြပ်ကြီးအဆင့် ၆ ဦးနဲ့အတူ အရေးကြီး စာရွက်စာတမ်းတချိူ့ပျောက်ဆုံးနေသည်။
အောင်ဘာလေထီနဲ့ပတ်သက်တဲ့ ဥပဒေပြင်ဆင်ရေးမူကြမ်းကို စကစ၀င် ဦးသိန်းညွန့်က ရေးဆွဲသည်။
BNN/News