(ဒေါက်တာထွန်းမြင့်- နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ- Carleton College)
(၂၅/ ၅/ ၂၀၂၂)
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ကို ဝါရှင်တန်အထိ ဖိတ်ခေါ် တွေ့ဆုံခြင်းဟာ အမေရိကန်ပြည်ထောင်စုက ကျင့်သုံးနေတဲ့ “မြန်မာ့ဒီမိုကရေစီအရေးအားပေးမှု” မူဝါဒပိုင်းကနေ လက်တွေ့အကောင်ထည်ဖေါ်တဲ့အဆင့်ဆီ ရောက်လာတာဖြစ်တယ်လို့ Carleton College နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ ဒေါက်တာ ထွန်းမြင့်ကပြောပါတယ်။
နွေဦးတော်လှန်ရေးတနှစ်ကြာပြီးချိန် အမေရိကန်အပါဝင် အနောက်နိုင်ငံတွေရဲ့ အားေ့ပးမှူဟာ “နှုတ်၏စောင်မခြင်း” အဆင့်မှာ ရှိနေဆဲလား၊ တကယ်လက်တွေ့ ဆောင်ရွက်မယ့် အလားအလာရှိပါရဲ့လားဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့….
- NUG ဝန်ကြီးတွေကို ဝါရှင်တန်သို့ ဖိတ်ခေါ်ခြင်းရဲ့ အဓိပ္ဗာယ်က ဘာလဲ…
- အာဆီယံအဖွဲ့ဝင်အချို့ နွေဦးတော်လှန်ရေးအပေါ် နားလည်လာပြီလား…
- အမေရိကန်၊ ဂျပန်၊ သြစတေလျ၊ အိန္ဒိယ ၄ နိုင်ငံတွေ့ဆုံပွဲရဲ့ ကြေညာချက်တွေက တကယ်အလုပ်ဖြစ်မှာလား…
- CDM တပ်မတော်သားတွေကို သြစတေလျက ဗီဇာ ထုတ်ပေးခြင်းဟာ တကယ်အလုပ်ဖြစ်နိုင်သလား…
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေးအခြေအနေဆွေးနွေးချက်ကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network