(ဦးသိန်းဦး- ပြည်ထောင်စုဝန်ကြီး- တရားရေးဝန်ကြီးဌာန- NUG)
(၂၂/၅/၂၀၂၂)
ပြည်တွင်းတိုက်ပွဲမှာ နယ်မြေ လက်လွှတ်ဆုံးရှုံးနေရတာ၊ ပြည်ပ သံတမန်ရေးတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီကို အင်အားစုအားလုံးက တပြိုင်တည်း တိုက်မယ်ဆိုရင် မိုးမကုန်ခင်တောင် သိသာတဲ့အပြောင်းအလဲတွေ မြင်လာရနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးဝန်ကြီး ဦးသိန်းဦး ကပြောပါတယ်။
တော်လှန်စစ် တနှစ်တာကအတွင်း စစ်ရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ တိုးတက်ဖြစ်ထွန်းမှုအခြေအနေပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့…
- သံတမန်ရေးတိုက်ပွဲမှာ NUG က အသာစီး ရလာနေပြီလား…
- CDM တပ်မတော်သားတွေ၊ ရဲတပ်သားတွေ၊ ဝန်ထမ်းတွေ ဘယ်လောက်အထိ များလာနေသလဲ…
- ၂၀၂၃ မတိုင်ခင် သိသာတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလား…
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network