(ပဒိုမန်းမန်း- KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း)
(၁၆/၁၂/၂၀၂၁)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကြားမှာ ရပ်တည်ချက် ၃-ခုကွဲပြားနေဆဲ ဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ အချို့အဖွဲ့တွေ ပါမလာသေးတာဖြစ်တယ်လို့ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း- ပဒိုမန်းမန်ကပြောပါတယ်။
စစ်အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့…
- KNU နဲ့ အခြား ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေ ဘယ်လိုရှိသလဲ…
- ၁၉၈၈ တုန်းက တော်လှန်ရေးမအောင်မြင်ခဲ့ပေမယ့် ဒီနေ့ ၂၀၂၁ ကာလမှာ ဘာကြောင့် အောင်မြင်မယ်လို့ ယူဆနိုင်သလဲ…
- EAO ၈ ဖွဲ့ပဲ နွေဦးတော်လှန်ရေးထဲပါလာပြီး ကျန်အဖွဲ့တွေ မပါလာသေးတာ ဘာကြောင့်လဲ…
- လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲနဲ့ နိုင်ငံရေးတိုက်ပွဲတွေကို ဘယ်လိုဟန်ချက်ညီ လုပ်သွားသင့်သလဲ…
စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ထားဝယ်-လောင်းလုံးဒေသက လူငယ်ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ စနေညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)
BNN/Exclusive Interview