၅ နိုဝင်ဘာ ၂၀၂၁
ဥရောပမှာ ကိုဗစ်ကန့်သတ်ချက်တွေ ဖယ်ရှားပြီးနောက်ပိုင်းမှာ ကူးစက်မှုနူံးတွေပြန်လည်််မြင့်တက်လာနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထားပါတယ်။ လောလောဆယ် ရုရှားနဲ့ ဂျမဏီမှာ ကူးစက််မှုအများဆုံးဖြစ်နေသလို တခြားဥရောပနိုင်ငံတွေမှာလည်း ကူးစက်မှုနူံးတွေမြင့်လာတယ်ဆိုပါတယ်။ အခုကူးစက်မှူနူံးအရဆိုရင် ဆောင်းရာသီကာလမှာ လူ အနည်းဆုံး ၅ သိန်းခန့် သေဆုံးရနိုင်တယ်လို့ WHO က သတိပေးထားတာပါ။
ကူးစက်မှုတွေပြန်မြင့်လာတက်ရတာဟာ နိုင်ငံတွေအလိုက် ကာကွယ်ဆေးထိုးပေးနိုင်တဲ့ အနေအထားမတူညီတာရယ် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကို လိုတာထက် ပိုလျှော့ပေါ့လိုက်တဲ့အတွက်ဖြစ်တယ်လို့ WHO က ထောက်ပြထားပါတယ်။
BNN