• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

တနင်္လာ, ဇွန် 19, 2023
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

“နော်ဝေမှ ထန်တလန်သို့” သို့မဟုတ် စစ်အာဏာသိမ်းပြီး ၁၀ လကြာ အခြေအနေအပေါ် ရှုမြင်ချက်

2 နှစ် ago
“နော်ဝေမှ ထန်တလန်သို့” သို့မဟုတ် စစ်အာဏာသိမ်းပြီး ၁၀ လကြာ အခြေအနေအပေါ် ရှုမြင်ချက်

ချင်းပြည်နယ်ထန်တလန်မြို့လေး၏ လှပသော မြင်ကွင်း ။(ယခင်ပုံ)

0
SHARES
52
VIEWS

(၂၈/၁၁/၂၀၂၁)

(၁) “နော်ဝေမှ ထန်တလန်သို့”

“နော်ဝေမှ ထန်တလန်သို့” လို့ အမည်ပေးထားတဲ့ ရန်ပုံငွေ ဈေးရောင်းပွဲတခုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မနေ့က (၂၇ နိုဝင်ဘာ) ကျင်းပခဲ့ပါတယ်။ CRPH Support Group, Norway ကဦးစီးကျင်းပတဲ့ အဲဒီပွဲကို ပရိသတ် ၂၀၀ ကျော်၊ ၃၀၀ နီးပါးအထိ တက်ရောက်အားပေးတာတွေ့ရပါတယ်။
ဈေးရောင်းပွဲအပြင် “Thantlang Evening” လို့အမည်ပေးထားတဲ့ တော်လှန်ရေးသီချင်းတွေနဲ့ဖျော်ဖြေတာ၊ ထန်တလန်အကြောင်း မှတ်တမ်းဗွီဒီယိုပြသတာအပါဝင် ဖျော်ဖြေရေး ပညာပေးအစီစဉ်တခုကိုလည်း တပြိုင်တည်းပြုလုပ်ခဲ့ပါတယ်။

“နော်ဝေမှ ထန်တလန်သို့” လို့ အမည်ပေးထားတဲ့ ရန်ပုံငွေ ဈေးရောင်းပွဲတခုကို နော်ဝေနိုင်ငံ အော်စလိုမြို့ တွင် ပြုလုပ်ခဲ့စဉ်။


အော်စလို လူငယ်စင်တာခန်းမမှာကျင်းပတဲ့ အဲဒီပွဲမှာ အောက်ထပ်က ဈေးရောင်းပွဲမှာ ရောင်းသမျှအပြောင် အားပေးကြတဲ့အပြင် အပေါ်ထပ်က ဖျော်ဖြေရေးခန်းမမှာလည်း လူတွေ ပြည့်လျှံသွားခဲ့ပါတယ်။ပွဲအပြီး စာရင်းအကြမ်းအရ ဈေးရောင်းပွဲကနေ ခရိုနာ ၄ သောင်းကျော် (အမေရိကန် ဒေါ်လာ ၅ ထောင်ကျော်) ထန်တလန်သို့ကူညီရန် ရန်ပုံငွေ ရခဲ့တယ်လို့ CRPH Support Group, Norway တာဝန်ရှိသူတဦးကပြောပါတယ်။

(၂) နွေဦးတော်လှန်ရေးနှင့် ပြည်ပက မျိုးဆက်သစ်များ

ဒီပွဲမှာ စာရေးသူသတိထားမိတဲ့ ထူးခြားချက်တခုက “ထန်တလန်အတွက် ရန်ပုံငွေ ဈေးရောင်းပွဲ” ဆိုပေမယ့် ချင်းတိုင်းရင်းသားတွေတင်မကပဲ တိုင်းရင်းပေါင်းစုံ တက်ရောက်အားပေးခြင်းပါ။ တခါ ၈၈ မျိုးဆက် လူကြီး (အခုတော့ လူကြီးဖြစ်ပြီပေါ့ ၅၀ တန်းဆိုတော့)တွေအပြင် မျိုးဆက်သစ် ၂၀ တန်းတွေလည်း အများကြီးတက်ရောက်လာတာတွေ့ရပါတယ်။
ဒါဟာ အခုနွေဦးတော်လှန်ရေးကာလအတွင်း ပြောင်းလဲတိုးတက်လာတဲ့ ထူးခြားချက်တခုဖြစ်ပါတယ်။ အော်စလိုပါလီမန်ရှေ့မှာကျင်းပလေ့ရှိတဲ့ ဆန္ဒပြပွဲတွေမှာလည်း အလားတူ တိုင်းရင်းသားပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံ ပါဝင်လာတာတွေ့ရပါတယ်။ ဒီလိုရေးတော့ အရင်က ခွဲခြား ခွဲခြားရှိနေခဲ့သလားလို့ စာဖတ်သူတွေက မေးခွန်းထုတ်နိုင်ပါတယ်။ ဟုတ်ပါတယ်။ အတိအကျထုတ်ပြောဖို့ခက်ပေမယ့် အဲဒီလို ခွဲခြားမှုတွေ တဦးချင်း၊ တဖွဲ့ချင်းစီရဲ့ စိတ်ထဲမှာ ရှိနေတယ်လို့ စာရေးသူက ခံစားရပါတယ်။
တဖွဲ့က ဦးစီးလုပ်ရင် အခြားအဖွဲ့တွေက အစုံအညီမတက်တာမျိုး၊ ၈၈ မျိုးဆက်က လုပ်တာကို မျိုးဆက်အသစ်တွေက စိတ်မဝင်စားတာမျိုး သတိထားမိပါတယ်။ အခုတော့ ဒီလိုခွဲခြားဆက်ဆံမှုတွေကို နွေဦးတော်လှန်ရေးက ချေဖျက်ပစ်လိုက်ပါပြီ။


အထူးသဖြင့် နယ်စပ်မှာမွေးတဲ့၊ ပြည်ပမှာမွေးတဲ့ ဆယ်ကျော်သက်တွေ၊ အသက် ၂၀ တန်းလူငယ်တွေဟာ သူ ရောက်ရှိနေတဲ့ နိုင်ငံကလူငယ်တွေလို လွတ်လပ်ပေါ့ပါးစွာ နေနိုင်ခွင့်ရှိပေမယ့် “မြန်မာပြည်က အသက် ၂၀ တန်း GZ တွေရဲ့ အသေခံ တိုက်ပွဲဝင်နေမှုက သူတို့ကို လှုပ်နှိုးခဲ့ပါတယ်” လို့ စာရေးသူ ထင်ပါတယ်။

  • စစ်ကောင်စီ တပ်မီးရှို့ သဖြင့် လှပနေသော ထန်တလန် မြို့လေး ထိခိုက် ပျက်စီးခဲ့ရပုံ ။
  • ချင်းပြည်နယ်ထန်တလန်မြို့လေး၏ လှပသော မြင်ကွင်း ။(ယခင်ပုံ)

အနှစ်ပြန်ချုပ်ရရင် အခု ပြည်ပမှာကျင်းပတဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး လှုပ်ရှားမှုပွဲတွေဟာ အရင်လို လူအနည်ငယ်သာ ပါဝင်တဲ့ပွဲမျိုးမဟုတ်တော့ပါဘူး။ တိုင်းရင်းသားပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံ၊ ခွဲခြားဆက်ဆံမှုမရှိတော့ပဲ အားလုံးပါဝင်တဲ့ ပွဲတွေ ဖြစ်လာနေပါတယ်။

ဒီပွဲကိုလာတဲ့ တဦးချင်းကိုးမေးကြည့်မယ်ဆိုရင်လည်း “နွေဦးတော်လှန်ရေး ရန်ပုံငွေ” အတွက် တနည်းမဟုတ် တနည်းနဲ့ အကူအညီပေးနေသူတွေချည်းဖြစ်နေမှာ သေချာပါတယ်။ အများစုက CRPH Support Group, Norway ကနေတဆင့် အလှူငွေ လစဉ်ပုံမှန်ထည့်နေကြပေမယ့် အချို့ကတော့ သက်ဆိုင်ရာဒေသအလိုက် PDF တပ်တွေကိုကူညီတာ၊ CDM တွေကိုကူညီတာ၊ IDP တွေကိုကူညီတာ စသဖြင့် ရှိနေပါတယ်။ အချို့ဆိုရင် ရှိသမျှ အဖွဲ့အားလုံးကို နည်းနည်းစီခွဲပြီး ကူညီနေတာမျိုးလည်းတွေ့ရပါတယ်။ဆိုလိုတာက ဒီပွဲမှာ ဘာမှမလုပ်ပဲ ဘေးထိုင်-ဘုပြော ရပ်ကြည့်နေသူမရှိပါ။ နိုင်တဲ့နေရာကနေ အားလုံးပါဝင်ကူညီပေးနေတာ တွေ့ရပါတယ်။

(၃) ထန်တလန်သို့ ရောက်ခဲ့စဉ်က

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ “နော်ဝေမှ ထန်တလန်သို့” ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပတဲ့ နေ့ဟာ စာရေးသူ ထန်တလန်သို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်း ၂ နှစ်ပြည့်တဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ (နွေဦးတော်လှန်ရေးအောင်ပွဲခံပြီးရင် နောက်တခေါက် ထပ်သွားမယ်)


ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဖွံဖြိုးတက်မှုအနည်းဆုံး၊ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးလို့ဆိုကြပါတယ်။ ဒါကြောင့် သွားရောက်လည်ပတ်သူလည်း သိပ်မရှိပါဘူး။ ဒါပေမယ့် သဘာဝအလှတွေနဲ့ နာမည်ကြီးတဲ့ မင်းတပ်၊ ကန်ပက်လက်ဒေသက နတ်မတောင်ကိုတော့ အတော်များများ သွားကြတာတွေ့ရပါတယ်။


ဒီလို သဘာဝအလှတွေနဲ့နာမည်ကြီးတဲ့ နတ်မတောင် (ဒေသအခေါ် ခေါနုသုမ်) ကိုသွားဖို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ညမှာ စာရေးသူဟာ ပုဂံ-ပခုက္ကူကနေ မင်းတပ်မြို့ဆီ တက်လာခဲ့ပါတယ်။ ခေါင်းစဉ်မှာပါတဲ့ ချင်းပြည်နယ်မြောက်ပိုင်းက ထန်တလန်ဟာ မြေပြန့်ဒေသနဲ့ သိပ်ဝေးတယ်ဆိုနိုင်ပေမယ့် တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်ကတော့ သိပ်မဝေးပါဘူး။

ပခုက္ကူကနေ ၃ နာခွဲ၊ ၄ နာရီလောက်မောင်းရင် မင်းတပ်ကိုရောက်ပါတယ်။ လမ်းကလည်း သိပ်အဆိုးကြီးမဟုတ်ပါဘူး။ ပခုက္ကူကနေ ကံမကိုဖြတ်၊ ပေါက်မြို့အထိက မြေပြန်သက်သက်လို့ထင်ပါတယ်။ ပေါက်ကနေ ကျောက်ထုအကြားမှာ တောင်ပေါ်နည်းနည်းတက်လာတယ်လို့ထင်ရပေမယ့် သိပ်အမြင့်ကြီးတော့ မဟုတ်ပါ။

စာရေးသူ ထန်တလန်မြို့ သို့ ရောက်ရှိစဉ်က ။

ကျောက်ထု အလွန်မှာတော့ ကန်ပက်လက်၊ ဆောဖက်သွားတဲ့လမ်းခွဲ၊ တခါ ထီးလင်း၊ ဂန့်ကောဖက်သွားတဲ့လမ်းခွဲတို့ကိုတွေ့ရပါတယ်။ ကျောက်ထုကနေ မင်းတပ်ကြားမှာတော့ တကယ့်တောင်တက်ပေါ့။ တကယ်ဆို ကျောက်ထုအလွန် မကွေးတိုင်းနယ်စပ်နဲ့ ချင်းပြည်နယ်နယ်စပ်မှတ်တိုင်ကနေ မင်းတပ်အထိက ၇ မိုင်ပဲရှိပါတယ်။

အခုပြောခဲ့တဲ့ ပခုက္ကူကနေ ကျောက်ထုအထိ၊ ပြီးတော့ ဆော၊ ဟိုဖက်က ထီးချိုင့်၊ ဂန့်ကော အားလုံးဟာ မကွေးတိုင်းထဲမှာ ရှိပါတယ်။ ချင်းပြည်နယ်ထဲမှာတော့ ဒီဖက်မှာ မင်းတပ်၊ ဟိုဖက်မှာ ကန်ပက်လက်ပေါ့။ မင်းတပ်ကိုဖြတ်ပြီးဆက်သွားမယ်ဆိုရင် အပေါ်ဖက်မှာ မတူပီ၊ အနောက်ဖက်ကိုဖြတ်ဆင်းရင် ရခိုင်ရိုးမဖက်က ပလက်ဝကိုရောက်နိုင်ပါတယ်။ ဒါက ချင်းတောင်ရဲ့ တောင်ပိုင်း ပထဝီ အနေအထား။
ပင်လယ်ရေပြင်ရဲ့အထက် အမြင့်ပေ (၄၆၂၀)မှာရှိတဲ့ ထင်းရူးပင်တွေကြားက မင်းတပ်မြို့မှာ မြူခိုးတွေအုပ်ဆိုင်းနေပါတယ်။ မြို့ဝင် ဝင်ချင်း ပထမဆုံးတွေ့မိတာက ဦးဝမ္မသူးမောင်း ပန်းခြံပါ။ (စာရေးသူကို လိုက်ပို့တဲ့ မင်းတပ်အမတ်ကြီးက ဒီနေရာကို ပထမဆုံးရွေးပြတာလည်းဖြစ်နိုင်ပါတယ်။ အခုတော့ မင်းတပ်အမတ်မင်းလည်း နွေဦးတော်လှန်ရေးထဲမှာ)။

အဓိကပြောမှာက ထန်တလန်ဆိုတော့ မင်းတပ်အကြောင်း ဒီလောက်ပါပဲ။ မင်းတပ်ကနေ ဟိုဖက်ထွက်ပြီး တောကိုပြန်ပတ်မောင်းရင် နာမည်ကြီးလှတဲ့ နတ်မတောင် (ဒေသအခေါ် ခေါနုသုမ်)ကိုရောက်ပါတယ်။ ဒီတောင်ကိုလည်း မြေပြန့်ကလူငယ်တွေ အတော်များများရောက်ဖူးပြီးသားဆိုတော့ အကျယ်မချဲ့တော့ပါ။

အဲဒီတောင်ကနေ မင်းတပ်ဖက်မပြန်ပဲ ဒီဖက်ဆင်းလာမယ်ဆိုရင် ကန်ပက်လက်ကိုရောက်ပါတယ်။ ကန်ပက်လက်ကနေထွက်လာရင် မကွေးတိုင်းထဲ ပြန်ဝင်ပြီး ဆောကိုရောက်ပါတယ်။ ဆောကနေ ပြန်ထွက်ရင် ရှေ့မှာပြောခဲ့တဲ့ မင်းတပ်ကိုသွားစဉ်ကလမ်းခွဲ ကျောက်ထုကို ပြန်ရောက်ပါတယ်။

(အခုတော့ ဒီဒေသမှာ စစ်ပွဲတွေဖြစ်နေပြီး မင်းတပ်၊ ကန်ပက်လက်၊ ဆော ဒေသခံ PDF တပ်တွေက ဒေသတခုလုံးကို ကြီးစိုးထားလုက်ပြီလို့ ယူဆရပါတယ်)။

ကျောက်ထုကနေ ပေါက်ကိုဆင်းပြီး ပခုက္ကူပြန်ဆင်းမလား၊ မြိုင်ဖက်ကိုဖြတ်ပြီး စစ်ကိုင်းမန္တလေးဝင်မလား၊ ဒါမှမဟုတ် ရခိုင် အမ်း၊ ကျောက်ဖြူဖက်ဆင်းမလား စသဖြင့် လမ်းခွဲတွေရှိပါတယ်။
စာရေးသူက ထန်တလန်သွားမှာဆိုတော့ ကျောက်ထုကနေ ထီးလင်း၊ ဂန့်ကော လမ်းကြမ်းဖက်ကိုရွေးလိုက်ပါတယ်။ တကယ်ဆို မင်းတပ်ကနေ မတူဖက်သွားပြီး ဟားခါးကိုတက်တဲ့လမ်းအတိုင်းသွားမယ်ဆိုရင် မကွေးတိုင်းထဲ ပြန်ဆင်းစရာမလိုပဲ ဟားခါးကနေ ထန်တလန်ကိုရောက်နိုင်ပါတယ်။

ဒါပေမယ့် လမ်းကသိပ်ကြမ်းတယ်ဆိုတဲ့အတွက် မကွေးတိုင်းထဲပြန်ဆင်းပြီး ကျောက်ထု၊ ထီးလင်း၊ ဂန့်ကောလမ်းကိုပဲရွေးလိုက်ပါတယ်။ ဒီလမ်းတလျောက်မှာတော့ ယောချောင်းတလျောက်က ရွာတန်းတွေကိုတွေ့ရပြီး တဖက်မှာ ချင်းတောင်တန်း၊ တဖက်မှာ မကွေးတိုင်းထဲက မြေပြန့်စိုက်ခင်းတွေပေါ့။ ဒီဒေသဟာ ယောနယ်အဖြစ် နာမည်ကြိးပြီး အခုတော့ ယောဒေသ PDF က ကြီးစိုးထားလိုက်ပြီလို့ ယူဆရပါတယ်။

ဂန့်ကောကနေ ဟားခါးဖက် မတက်ပဲ ဆက်မောင်းမယ်ဆိုရင် အခု တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ ဖက်ရောက်ပါတယ်။ ဂန်ကောဟာ ဟားခါးနဲ့ ကလေးဖက်သွားတဲ့လမ်းခွဲမြို့ဖြစ်သလို မြေပြန့်ဒေသ ပခုက္ကူ၊ ရေစကြို၊ မုံရွာဖက် ဆင်းနိုင်တဲ့ လမ်းခွဲမြို့လည်းဖြစ်ပါတယ်။

စာရေးသူက ထန်တလန်ကိုသွားမှာဆိုတော့ ဂန်ကောမှာ နေ့လည်စာ စားပြီး ဟားခါးကို ဆက်တက်ပါတယ်။ ဂန့်ကော-ဟားခါးလမ်းကတော့ တကယ့် မဟာတောင်တက်လမ်းပါပဲ။ ချင်းတောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်လမ်းတွေလို တိုတိုလေးတွေ မဟုတ်ဘူး။

တောင်ကမြင့်၊ အကွေ့အကောက်ကများ၊ လမ်းကကျဉ်း၊ ရှည်လျားထွေပြားဆိုတော့ မိုင် ၇၀ သာရှိတဲ့ ဂန့်ကော-ဟားခါးလမ်းကို ၃ နာရီလောက်မောင်းရပါတယ်။ မနက်ထွက်လာတဲ့ မင်းတပ်ကနေပြန်တွက်မယ်ဆိုရင် မင်းတပ်-ဟားခါးဟာ မိုင် ၂၀၀ လောက်ရှိပါတယ်။

ဟားခါးဟာ မင်းတပ်ထက်ပိုမြင့်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၆၁၂၀) ပေမှာရှိတဲ့အတွက် မနက်ခင်းဆို တမြို့လုံးကိုမြူဆိုင်းနေတဲ့ပုံက သိပ်လှပါတယ်။ ပြည်နယ်မြို့တော်ရဲ့ ပါလီမန်အဆောက်ဦသစ်နဲ့ ဟိုး.. တောင်တန်းပေါ်က အိမ်ယာအသစ်တွေကို မြို့အဝင်မှာရှိတဲ့ (ဒုသမ္မတ ဟင်နရီ ဗန်ထီးယူ အမည်နဲ့ဖွင့်ထား) View Point Tower ပေါ်ကနေကြည့်ရတာ သိပ်အရသာရှိပါတယ်။

ဟားခါးနဲ့ ထန်တလန်ဟာ ၂၂ မိုင်သာဝေးတယ်ဆိုပေမယ့် လမ်းကြမ်းပြီး တောင်-အတက်-အဆင်း၊ အကွေ့-အကောက် များလွန်းတာကြောင့် တနာခွဲလောက်မောင်းရပါတယ်။ မြို့လယ်မှာ နိုင်လွန်ကတ္တရာခင်းထားပြီး မြို့လေးက အေးချမ်းငြိမ်သက်လှပါတယ်။ မြို့လယ်မှာ ကြီးမားပြီး ရှေးကြလှတဲ့ ဘုရားကျောင်း တစ်ခုကိုတွေ့ရပါတယ်။ စာရေးသူ စခန်းချတဲ့နေရာက မြို့ဟိုဘက် အထွက် တောင်တန်းတွေကြားမှာ ဆောက်ထားတဲ့ Resort အသစ်မှာ ၊ မြူခိုးတွေဆိုင်းနေပြီး အေးစိမ့်စိမ့်ရာသီဥတု ၊ မနက်ခင်းနေရောင်အောက်မှာ လမ်းလျှောက်ရတဲ့အရသာက ဥရောပက ဆွစ်ဇာလန်တို့ ၊ ဩစတြီးယားတို့ ။ နောဝေ တို့လို ရာသီမျိုး ၊ ဥရောပသားတွေအကြိုက်တွေ့မယ့် နေရာမျိုးပေါ့။

အသစ်ဆောက်နေတဲ့ ဖလမ်းလေဆိပ်သာ ပြီးရင် ထန်တလန်ဒေသဟာ တကယ့် Eco Tourism အတွက် အရေးပါတဲ့နေရာ၊ လူကြိုက်များတဲ့နေရာ ဖြစ်လာမှာ သေချာပါတယ်။
ဒါပေမယ့် စာရေးသူက ညနေပိုင်းရောက်ပြီး မနက်ပိုင်းပြန်ထွက်လာတာဆိုတော့ မြို့တခွင်ကို အသေချာမလေ့လာခဲ့ရပါ။ မြို့ကနေ ပြန်အထွက် မြို့အဝင်ဆိုင်းဘုတ်ရှိတဲ့ တောင်ကုန်းပေါ်ကနေ ထန်တလန်ကို ပြန်ကြည့်ရတဲ့ မြင်ကွင်းက သိပ်လှပါတယ်။


အခုတော့ ဒီမြို့လေးဟာ စစ်မြေပြင်ဖြစ်လို့…။ မီးလောင်ခံရတာ ၃ ကြိမ်မက ရှိနေပြီဖြစ်ပြီး (မနေ့ကလည်း တခါ ထပ်မီးရှိုခံရပြန်ဟုသိရ) အိမ်ခြေ ၂၀၀ ကျော်အထိ ပျက်စီးနေပြီလို့သိရပါတယ်။ မြို့လူဦးရေ တသောင်းကျော်ဟာလည်း မြို့ကနေ ထွက်ပြေးပြီး ကျေးလက်ကရွာတွေမှာ တသောင်းခန့်နဲ့ အိန္ဒိယနယ်စပ် မီဇူရမ်မှာ တသောင်းနီးပါး ခိုလှုံနေကြတယ်လို့ ဒေသခံလူ့အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။
ဒီမြို့လေးအတွက် ကျနော်တို့ ဘယ်လိုကူညီပေးနိုင်ကြမလဲ…။ တကယ်တော့ ဒီမြို့တခုတည်းမဟုတ်ပါဘူး။ ချင်းပြည်နယ်က မြို့ရွာအတော်များများ စစ်ကောင်စီတပ်တွေရဲ့ မီးရှိုဖျက်ဆီးခြင်းကိုခံနေရတာပါ။ ထန်တလန်ကတော့ အဆိုးဆုံးပေ့ါ။ တခါ ချင်းနဲ့ဆပ်စပ်နေတဲ့ မကွေး၊ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ပွဲတွေက ပြင်းထန်၊ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတာ မနည်းမနော။ ပြီးတော့ ကယား၊ ကရင်နီဒေသ။

တဖက်မှာ စစ်ဒဏ်ကြောင့် ဒီလိုခံနေရသလို အခြားတဖက်မှာလည်း နွေဦးတော်လှန်ရေးကနေ မွေးထုတ်ပေးလိုက်တဲ့ ဒေသခံ PDF တွေက ဒီဒေသ ၄ ခုမှာ အင်အား အတောင့်တင်းဆုံး။

(၄) အဲတော့ ဘာဆက်ဖြစ်မှာလဲ

အပျက်အစီးသတင်းတွေ၊ မီးရှို့ခံရတဲ့ပုံတွေ မီဒီယာတွေပေါ်မှာ အတော်များများ တွေ့နေရပေမယ့် နွေဦးတော်လှန်ရေးကနေ မွေးထုတ်ပေးလိုက်တဲ့ ဒေသခံ PDF တွေရဲ့ လှုပ်ရှားမှုကို တွေ့ရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
စာရေးသူ တွေ့မိတဲ့ ဓာတ်ပုံ ဗွီဒီယို မှတ်တမ်းတွေအရ ချင်းနဲ့ ကရင်နီဒေသက PDF တပ်တွေဟာ အရင် ၈၈ တုန်းက ကျောင်းသားတပ်မတော်လို နယ်စပ်ကတောတောင်တွေထဲ တိုက်နေတာမျိုးမဟုတ်ပါဘူး။ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေကို အသေချာ ထိမ်းချုပ်ပြီး ထောင်ချီတဲ့တပ်အင်အားနဲ့ လူထုနဲ့အတူ ချီတက်နေတာ တွေ့ရပါတယ်။
တချို့နေရာတွေမှာဆိုရင် ကုန်တင်ကားတွေ၊ လေးဘီးယက်ကားတွေနဲ့ PDF တပ်တွေ စစ်ကြောင်းချီတက်နေပုံ၊ IDP အတွက် ရိက္ခာ ဆေးဝါး ပို့ပေးနေပုံက ကျေးလက်ဒေသ အတော်များများကို PDF တွေက ထိမ်းချုပ်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။


လေ့လာသူတွေရဲ့အဆိုအရ တနိုင်ငံလုံးမှာ PDF တပ်ဖွဲ့ပေါင်း ၃၀၀ ကျော်အထိရှိနေပြီး (ဒီထဲမှာ ၂ နှစ်တာဝန်ထမ်းရမယ့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က အမြဲတန်း PDF မပါသေးဟုထင်) အင်အား တသိန်းနီးပါးရှိတယ်လို့သိရပါတယ်။ အစောပိုင်းမှာ တူမီးသေနတ်၊ လက်လုပ်မိုင်းတွေကိုသုံးနေရပေမယ့် အခု မောင်းပြန်သေနတ် အတော်များများရနေပြီလို့ဆိုပါတယ်။

တခါ NUG က ထုတ်ရောင်းတဲ့ ငွေတိုက်စာချုပ်ကိုဝယ်ယူအားပေးမှုကလည်း ထင်ထားတာထက် အများကြီးအားကောင်းနေပြီး ၂၄ နာရီအတွင်း ဒေါ်လာ ၁၀ သန်းအထိ ရရှိခဲ့တယ်ဆိုပါတယ်။ ဒါဟာ ရှေ့မှာပြောခဲ့တဲ့ လစဉ်ထည့်ဝင်နေတဲ့အလှုငွေ၊ ဒေသခံ PDF တွေ၊ IDP တွေ၊ CDM တွေကို လစဉ်အကူအညီပေးနေတာတွေနဲ့ မဆိုင်သေးပါဘူး။ တနည်းအားဖြင့် အဲဒီလို အကူအညီပုံမှန်ပေးနေတဲ့ကြားကကို နောက်ထပ် အကူအညီတွေကို ဒေါ်လာသန်းနဲ့ချီ ဆက်ပေးနေကြတာပါ။

ပြည်ပကလူတွေတင်မက။ ပြည်တွင်းကလူတွေကလည်း ပြည်ပက အသိတွေဆီမေးပြီး ငွေတိုက်စာချုပ်တွေဝယ်နေကြလို့ ဘဏ်တွေကတောင် ဖြေးဖြေးလှူကြပါဆိုပြီး တောင်းပန်နေရတဲ့အထိ။
ဆိုလိုတာက နွေဦးတော်လှန်ရေးအပေါ် လူထုထောက်ခံမှုက အရင်ဘယ်တုန်းကနဲ့မှ မတူအောင် အားကောင်းနေပါတယ်။ တနည်းအားဖြင့် စစ်ကောင်စီအပေါ် လူထုရဲ့ မလိုလားမှုက အထင်းသားပေါ်နေပြီး အချိန်ကြာလာတာနဲ့အမျှ မလိုလားမှုကနေ အမြစ်ပြတ် ချေမှုန်းရေးအထိ တာစူနေတဲ့ သင်္ကေတတွေ တွေ့လာနေရပါတယ်။

  • ချင်းပြည်နယ်ထန်တလန်မြို့လေး၏ လှပသော မြင်ကွင်း ။(ယခင်ပုံ)
  • ချင်းပြည်နယ်ထန်တလန်မြို့လေး၏ လှပသော မြင်ကွင်း ။(ယခင်ပုံ)
  • ချင်းပြည်နယ်ထန်တလန်မြို့လေး၏ လှပသော မြင်ကွင်း ။(ယခင်ပုံ)
  • ချင်းပြည်နယ်ထန်တလန်မြို့လေး၏ လှပသော မြင်ကွင်း ။(ယခင်ပုံ)

ဆိုတော့…့ဒီအခြိနျမှာ စစျကောငျစီက ဘာဆကျလုပျမှာလဲ၊ ၂၀၂၃ မှာရှေးကောကျပှဲလုပျပေးမယျ ပွောထားရုံနဲ့ မရလောကျဘူးဆိုတာကိုတော့ လူတိုငျးသိလောကျပါတယျ။
အာဆီယံ အပါဝင် နိုင်ငံတကာရဲ့ ကြားဝင်ဖြန်ဖြေမှုကို စစ်ကောင်စီက လက်ခံမှာလား။ အခုချိန်အထိကတော့ အာဆီယံနဲ့လည်းအဆင်မပြေ၊ တရုတ်နဲ့လည်းအဆင်မပြေ၊ ကုလ နဲ့လည်းအဆင်မပြေတဲ့အတွက် စစ်ကောင်စီဟာ ဆွေးနွေးပွဲလမ်းကို ပိတ်ထားသလိုဖြစ်နေပါတယ်။

ဒါဖြင့် ရင်ဆိုင်တိုက်ပွဲတွေကို ဆက်လုပ်သွားမှာလား၊ အခု ရှိနေတဲ့၊ လူထု ထောက်ခံမှုအားကောင်းလှတဲ့ PDF တပ်တွေကို အပြုတ်တိုက်နိုင်မယ်လို့ စစ်ကောင်စီက ခန့်မှန်းထားပါသလား…။
အာဏာသိမ်း ၁၀ လပြည့်အတွက် စာရေးသူမေးမြန်းထားတဲ့ နိုင်ငံရေးအကဲခတ်တဦးရဲ့ အမြင်ကို ဒီနေရာမှာ တင်ပြချင်ပါတယ်။ သူ့ရဲ့အမြင်တိုင်းဆိုရင် စစ်ကောင်စီအတွက် အကောင်းဆုံးထွက်ပေါက်ဟာ အာဆီယံအပါဝင် နိုင်ငံတကာရဲ့ ကြားဝင်မှုကို လက်ခံပြီး ဆွေးနွေးအဖြေရှာရေးဖြစ်ပါတယ်။

အဲဒါကိုလက်မခံပဲ ဆက်တိုက်နေမယ်ဆိုရင်တော့ ရွေးစရာ ၂ လမ်းပဲကျန်ပါတယ်။ တလမ်းက အာဏာသိမ်းဥက္ကဌကို ဖြုတ်ချပြီး တပ်မတော်ကနေ လူထုခေါင်းဆောင်တွေနဲ့ ဆွေးနွေးအဖြေရှာရေးနဲ့ နောက်တနည်းကတော့ PDF နဲ့လူထုရဲ့ တဖြေးဖြေးအင်အားကောင်းလာနေတဲ့ စစ်ရေးအရတိုက်ခိုက်ဖြုတ်ချမှုကို စစ်ကောင်စီက ခံယူဖို့ပဲဖြစ်ပါတယ်။

ထက်အောင်ကျော် (၂၈-၁၁-၂၀၂၁)

Tags: Chin stateSpring RevolutionThantlang
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

Interview

နွေဦးတော်လှန်ရေးထဲက လူငယ်ခေါင်းဆောင် ၅ ဦး

ဒီဇင်ဘာ 30, 2022
Five young leaders from the Spring Revolution

မကြာခင်ရက်ပိုင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း ထူးခြားချက်တွေကို နှစ်ချုပ် စုစည်းချက်အဖြစ် BNN က တင်ပြပေးနေပါတယ်။ ဒီနေ့မှာတော့ ၂၀၂၂ ခုနှစ်အတွင်း BNN က ဆက်သွယ်မေးမြန်းခွင့်ရတဲ့ နွေဦးတော်လှန်ရေးထဲက လူငယ်ခေါင်ေးဆာင် ၅ ဦးရဲ့...

Read more
by BNN Editor
0 Comments
Interview

“ERO ဆက်စပ်ဒေသမှာ စစ်ရေးလှုပ်ရှားမှူ အားကောင်းလာသလိုမျိုး အညာဒေသမှာပါ လုပ်ဖို့ လိုအပ်နေပါတယ်”

ဒီဇင်ဘာ 29, 2022
“ There is a need to strengthen the military activity in the region related to ERO, as well as to strengthen it in the upper region.”

ဦးသန်းစိုးနိုင်၊ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ (၂၉ -၁၂-၂၀၂၂) “၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ (ERO) ရှိရာဒေသမှာ ပြည်သူကာကွယ်ရေးတပ် (PDF) လှုပ်ရှားမှုအတော့်ကိုအားကောင်းလာတာတွေ့ရပေမယ့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းပါဝင်တဲ့ အညာဒေသမှာတော့ အားနည်းနေဆဲဖြစ်တာကို တွေ့ရတယ်” လို့ စစ်ရေး-နိုင်ငံရေး...

Read more
by BNN Editor
0 Comments
Interview

“မြို့လယ်နေရာ၊ လမ်းမကြီး အချို့နေရာကလွဲရင် ကျန်ဒေသမှာ ကျနော်တို့တပ်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါတယ်”

နိုဝင်ဘာ 5, 2022
“မြို့လယ်နေရာ၊ လမ်းမကြီး အချို့နေရာကလွဲရင် ကျန်ဒေသမှာ ကျနော်တို့တပ်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါတယ်”

(ခူဒယ်နီယာ - အတွင်းရေးမှူး ၁- KNPP) “ပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ် အပါအဝင် ပြည်နယ်တွင်းရှိ မြို့လယ်နေရာအချို့နဲ့ ပြည်ထောင်စုလမ်းမကြီး အစိတ်အပိုင်းအချို့ကလွဲရင် ကျန်ဒေသအားလုံးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်စိုးမိုးထားတယ်” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေမှူး-၁- ခူဒယ်နီယာက...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခါးသီးတဲ့ အခြေအနေမှန်ကို လက်ခံချိန်တန်ပြီ

အောက်တိုဘာ 2, 2022
“ It is time for the Russian Ministry of Defense to accept the bitter reality”

(ဗစ်တာ အီမန်နိုဗစ်ချ်) ရုရှား ကာကွယ်ရေးဝန်ကြီးဌာဟာ ဒရုန်းမျိုးစုံ အရေးတကြီး လိုအပ်နေပေမဲ့ ရုရှားမှာ ထုတ်လုပ်တဲ့ ဒရုန်း (UAV - Unmanned aerial vehicle) အများစုဟာ လိုအပ်ချက်တွေနဲ့ မကိုက်ညီကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ...

Read more
by BNN Editor
0 Comments
Load More
Next Post
မြောင်မှ ကျောက်ရစ် ရဲစခန်း သို့ မောင်းနှင်လာသည့် မင်္သကာဖွယ်ရာ ကားတစ်စီး နှင့်အတူ ရဲအသုံးဆောင်နှင့်ဆက်စပ်ပစ္စည်းဖမ်းဆီးခဲ့

မြောင်မှ ကျောက်ရစ် ရဲစခန်း သို့ မောင်းနှင်လာသည့် မင်္သကာဖွယ်ရာ ကားတစ်စီး နှင့်အတူ ရဲအသုံးဆောင်နှင့်ဆက်စပ်ပစ္စည်းဖမ်းဆီးခဲ့

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၁)

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၁)

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.