၁၃ ဩဂုတ် ၂၀၂၁
တရုတ်ကိုဗစ်ကာကွယ်ဆေးတွေဟာ တဖြည်းဖြည်းနဲ့ ထိရောက်မှုပမာဏ ကျဆင်းလာတယ်လို့ အင်ဒိုနီးရှား ကိုဗစ်ကုသကာကွယ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Siti Nadia Tarmizi က ပြောပါတယ်။
ဘာမှမရှိတာထက်စာရင် ရှိတာထိုးထားတာ အကောင်းဆုံးဆိုပြီး အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်ကိုဗစ်ကာကွယ်ဆေးတွေကို အဓိကထား ထိုးခဲ့တာပါ။

ဒါပေမဲ့ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး သေဆုံးမှုတွေနဲ့ ဆေးထိုးပြီး ပြန်လည်ကူးစက်ခံရတဲ့ ကိုဗစ် ရောဂါသည်တွေဟာ ၃ လအတွင်း ၂၀% ကျော် မြင့်တက်လာတယ်ဆိုပါတယ်။
တရုတ်ကာကွယ်ဆေးတွေ ထိုးပြီး ၆ လအတွင်းမှာ သေဆုံးမှုနဲ့ ပြန်လည်ကူးစက်ခံရသူ သိသိသာသာ များလာတာလို့ Siti Nadia Tarmizi က ပြောပါတယ်။

မလေးရှားနိုင်ငံကတော့ တရုတ်ကိုဗစ်ကာကွယ်ဆေးတွေ ဆက်မသုံးတော့ဖို့ ဆုံးဖြတ်ထားပါတယ်။

တတိယကမ္ဘာနိုင်ငံတွေ ကို ကာကွယ်ဆေးတွေ လှူဒါန်း ရောင်းချနေတဲ့ တရုတ်နိုင်ငံကိုယ်တိုင်က သူ့နိုင်ငံသားတွေအတွက် အပိုကာကွယ်ဆေး တတိယအကြိမ်ထိုးပေးဖို့ အမေရိကန်ထုတ် ဖိုင်ဇာနဲ့ မိုဒါးနားဆေးတွေ ဝယ်ယူထုတ်လုပ်ဖို့ပြင်ဆင်နေပြီလို့ အမေရိကန်၊ တရုတ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
BNN/International News / COVID-19