ဘီအေပီ ၊ အောက်တိုဘာ ၂၂
ယနေ့ကျင်းပမည့် ကုလ ညီလာခံတွင် မြန်မာနိုင်ငံလူ့အခွင့်အရေး အထူးစုံစစ်ဆေးရေးအရာရှိ Mr. Tom Andrew ၏ အစီရင်ခံစာ တင်ပြမှု အစီအစဉ်ရှိနေပြီး ယင်း အစီအစဉ် မတိုင်မီ NUG လူ့အခွင့်အရေးဝန်ကြီးဌာန အနေဖြင့် အွန်လိုင်းမှ တစ်ဆင့် စစ်ကောင် စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြမည် ဖြစ်သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်အနေဖြင့် ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ငံတကာ လူသားချင်း စာနာထောက် ထားမှု ဥပဒေသတွေအပြင် အခြားနိုင်ငံတကာ ရာဇဝတ်မှုများကိုပါ ကျူးလွန်နေပြီး ယင်း ရာဇဝတ်မှုများအတွက် အပြည့်အဝ တာဝန်ရှိကြောင်း Mr. Tom Andrew က တင်ပြရန်ရှိခြင်းဖြစ်သည်။

အမျိုးသားညီညွတ်သောအစိုးရ ( NUG ) လူ့အခွင့်အရေးဝန်ကြီးဌာန အနေဖြင့် ယနေ့ ကုလ သမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ၌ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ တင်ပြမှုအစီအစဥ်မတိုင်မီ ချင်းနဲ့ ကရင်နီပြည်နယ်က လူ့အခွင့်အရေးအခြေအနေများကို အစီရင်ခံစာတစ်စောင် ထပ်မံထုတ်ပြန်ခဲ့သည် ။
ယင်း အစီရင်ခံစာသည် စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် စစ်ကိုင်းနှင့်မကွေးတိုင်းတို့၌ စစ်ကောင်စီ ကျူးလွန်ခဲ့သည့် လူ့အခွင့် အရေး ချိုးဖောက်မှု အစီရင်ခံစာ၏ နောက် ဆက်တွဲ အစီရင်ခံစာ ဖြစ် ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည် ။
Burma Associated Press