၁၂/၈
“ စစ်ပွဲဆိုတာ လူသိထင်ရှားကြေငြာတာတွေ လုပ်ပြနေရမဲ့အချိန်မဟုတ်ဘူး။ ယူကရိန်းရဲ့ ကာကွယ်ရေးအစီအစဥ်တွေကို ထုတ်ဖေါ် မပြောဆိုတာဟာ လက်တွေ့ အကောင်အထည်ဖေါ် နေသူတွေအတွက် ပိုပြီးကောင်းလေဖြစ်ပါတယ်။ လက်တွေ့အကောင်အထည်ဖေါ်ပြနေတာတွေကို အားလုံးက မြင်တွေ့နေပါလိမ့်မယ်…
ယူကရိန်းရဲ့ တန်ပြန်စစ်ဆင်ရေးတွေကို အပျော် လွန်ပြီး မပြောမိကြဖို့ သတိပေးချင်တယ်….ရန်သူနဲ့ပတ်သက်တဲ့ အရေးကြီး အချက်အလက် တွေသိရင် လုံခြုံတဲ့နည်းလမ်းတွေနဲ့ ယူကရိန်းတပ်တွေဆီကို သတင်းပို့ပါ။ ကျူးကျော်သူတွေကို ကူညီအား ပေးနေတဲ့သူတွေကိုသိရင် သတင်းပို့ပါ။ ယူကရိန်းတပ်မတော်ရဲ့ တန်ပြန်စစ်ဆင်ရေးကိုတော့ ရန်သူ လုံးဝ မသိပါစေနဲ့ ”
(ယူကရိန်း သမ္မတ ဇလန်စကီး )
