၁၈/၅/၂၀၂၂
ဆွီဒင်နဲ့ ဖင်လန်ရဲ့ NATO အဖွဲ့၀င် လျှောက်ထားမှုကို ဒီကနေ့ လက်ခံရရှိကြောင်း အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောပါတယ်။
အဖွဲ့၀င်အဖြစ် တရား၀င် လျှောက်ထားမှုအပေါ် ၀မ်းသာဂုဏ်ယူကြောင်း ဆွီဒင်နဲ့ ဖင်လန် အစိုးရ ခေါင်းဆောင်တွေကို ဖုန်းဆက် အသိပေးခဲ့ကြောင်းလည်း Stoltenberg က ပြောကြားပါတယ်။ သမိုင်း၀င် ဆုံးဖြတ်ချက်တွေနဲ့ လျှောက်ထားတာဖြစ်လို့ သမိုင်း၀င် နေ့တနေ့လို့လည်း NATO အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုပါတယ်။