• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇွန် 8, 2023
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

တရုတ်နဲ့ချုပ်ဆိုမယ့်စာချုပ်တွေကို လက်မှတ်မထိုးခင် အသေးစိတ်လေ့လာကြဖို့ ဗြိတိန်ထောက်လှမ်းရေးက သတိပေး

2 နှစ် ago
တရုတ်နဲ့ချုပ်ဆိုမယ့်စာချုပ်တွေကို လက်မှတ်မထိုးခင် အသေးစိတ်လေ့လာကြဖို့ ဗြိတိန်ထောက်လှမ်းရေးက သတိပေး
0
SHARES
1
VIEWS

၁ ဒီဇင်ဘာ ၂၀၂၁


အခြေခံအဆောက်အအုံတွေ ပြင်ဆင်တည်ဆောက်ဖို့နဲ့ ပြည်တွင်းစီးပွါးရေးလုပ်ငန်းရင်းနှီးမြုပ်နှံမှုတွေမှာပဲဖြစ်ဖြစ် တရုတ်နိုင်ငံ တရုတ်အစိုးရကုမ္ပဏီတွေနဲ့လုပ်မယ်ဆိုရင် လက်မှတ်မထိုးခင် သေချာလေ့လာစစ်ဆေးကြဖို့ ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲ Richard Moore က နိုင်ငံတကာကို သတိပေးလိုက်ပါတယ်။

ယူဂမ်နာနိုင်ငံမြို့တော်က အင်တက်ဘီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ချေးငွေပြန်လည်ပေးဆပ်ဖို့ပျက်ကွက်မှုနဲ့ တရုတ်ကုမ္ပဏီက သိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာ ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲက သတိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဗြိတိန်ထောက်လှမ်းရေးအနေနဲ့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေထက် တရုတ်ရဲ့ခြေလှမ်းကို ပိုပြီး အင်အားသုံး ထောက်လှမ်းခဲ့တယ်ဆိုပါတယ်။ တရုတ်ရဲ့ ခြေလှမ်းတွေကို ဖွင့်ပြောဖို့အချိန်ကျပြီဖြစ်တဲ့အတွက် အခုလိုဖွင့်ပြောရတာလို့လည်း Richard Moore က ပြောပါတယ်။

တရုတ်ဟာ ငွေအားလူအားသုံးပြီး ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေကို စုံစမ်းထောက်လှမ်းနေခဲ့တာကြာပြီလို့လည်း ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲက ဆိုပါတယ်။ တရုတ်ထောက်လှမ်းရေးတွေရသွားတဲ့သတင်းအမှားတွေနဲ့ တရုတ်အစိုးရဟာ သွေးနထင်ရောက်အထင်ကြီး စိတ်ကြီးဝင်နေပုံရတယ်လို့လည်း ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲက ပြောပါတယ်။ တရုတ်ထောက်လှမ်းရေးသတင်းမှားတွေနဲ့ အမေရိကန်နဲဲ့ဗြိတိန်ကို လျော့တွက်နေပုံရတယ်လို့လည်း သူက သတိပေးပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွကို လမ်း တံတား ဆောက်လုပ်ရေးစီမန်ကိန်းတွေအတွက်ငွေထုတ်ချေးပေးပြီး အကြွေးပြန်မဆပ်နိုင်တဲ့လမ်းကြောင်းကို တရုတ်အစိုးရက ချမှတ်ကျင့်သုံးနေခဲ့တယ်လို့လည်း ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲကပြောပါတယ်။ တရုတ်က ရောင်းချပေးနေတဲ့ ဆက်သွယ်ရေးပစ္စည်းနည်းပညာတွေကတဆင့် ဝယ်ယူသုံးစွဲနေတဲ့နိုင်ငံတွေရဲ့ အချက်အလက်တွေကို စုဆောင်းနေခဲ့တယ်ဆိုပါတယ်။

ထောက်လှမ်းရေးသတင်းအမှားတွေနဲ့ တိုင်ဝမ်ကို လျှော့တွက်ပြီး အင်အားသုံးသိမ်းပိုက်ဖို့ တရုတ်က ပြင်ဆင်နေတယ်လို့လည်း ဗြိိတိန်ထောက်လှမ်းရေးအကြီးအကဲက မနေ့က လန်ဒန်မှာကျင်းပခဲ့တဲ့ နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဆွေးနွေးပွဲမှာ ပြောသွားပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲ Richard Moore ဟာ ၁၉၈၀ ကတည်းက MI6 မှာ စတင်တာဝန်ယူခဲ့ပြီး ဗီယက်နမ် ပါကစ္စတန် တူရကီနဲ့ အီရန် မှာ ထောက်လှမ်းရေးတာဝန်တွေထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

BNN

Tags: Breaking NewschineseIISSSPY
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

နိုင်ငံတကာ

နီပေါလေယာဥ်ပျက်ကျမှုမှာ ရုရှား ၄ ဦး သေဆုံး

ဇန်နဝါရီ 15, 2023
Four Russians killed in Nepal plane crash

နီပေါပြည်တွင်းလေကြောင်းလိုင်း Yeti က ATR 72 ခရီးသည်တင်လေယာဉ်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့က ပျက်ကျခဲ့ပြီး လေယာဥ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးဖွယ်ရှိနေကြောင်း နီပေါသတင်းတွေက ဖေါ်ပြပါတယ်။ မြို့တော် ခတ္တမန္ဒူကနေ ပိုခါရာမြို့ကို ပျံသန်းလာချိန်မှာ ပျက်ကျခဲ့တာလို့ သတင်းတွေက...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ရုရှားတွေလည်း ဘယ်သူ့စကားကို လက်ခံ ယုံကြည်ရမည်မှန်းမသိတော့

ဇန်နဝါရီ 15, 2023
The Russians don’t know who to believe

“အသက် ၃၀ အထက် စစ်မှုမထမ်းရသးတဲ့ ရုရှားမှန်သမျှကို စစ်ရေးလေ့ကျင့်တဲ့ သင်တန်း ကျောင်းတွေကိုပို့ပြီး စစ်ပညာသင်ခိုင်းရမယ်။ စစ်မြေပြင်ကိုစေလွှတ်ရမယ်။ အခုဖြစ်နေတဲ့စစ်ပွဲဟာ နေတိုးအဖွဲ့နဲ့ဖြစ်နေတယ်ဆိုတာ ရုရှားအားလုံးသဘောပေါက်ရမယ်”(ရုရှားဒူးမားလွှတ်တော် ကာကွယ်ရေးကော်မတီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးဟောင်း ဗစ်တာ ဆိုဗိုလက်ဗ်) “ဗစ်တာ ဆိုဗိုလက်ဗ်ရဲ့ ပြောဆိုမှုက...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ကျုးကျော်စစ်ရပ်ဖို့တောင်းဆိုသည့် နာမည်ကြီးအနုပညာရှင်နှစ်ဦးကို ရုရှားရုပ်ရှင်နှင့်ပြဇာတ် အစည်းအရုံးက ထုတ်ပယ်

ဇန်နဝါရီ 15, 2023
The Russian Film and Theater Union expelled two famous artists who called for an end to the war of incursion

ယူကရိန်းကျုးကျော်စစ်ရပ်တန့်ပြီး ဝါဒဖြန့်သတင်းမှားတွေ ဖြန့်ချီပြောဆိုနေတာတွေမလုပ်ကြတော့ဖို့ တောင်းဆိုခဲ့တဲ့ ရုရှားနာမည်ကျော် ရုပ်ရှင်နဲ့ပြဇာတ်မင်းသားကြီး ဒီမီထရီ နာဇာရောဗ်နဲ့ ဇနီးဖြစ်သူ အိုလာ ဗာဆီယီဗာတို့နှစ်ဦးကို နိုင်ငံတော်ရုပ်ရှင်နဲ့ပြဇာတ်အစည်းအရုံးက ထုတ်ပယ်လိုက်ကြောင်း ရုရှားအစိုးရသတင်းတွေက ဖေါ်ပြပါတယ်။ ဒီမီထရီ နာဇာရောဗ်နဲ့ ဇနီးဖြစ်သူ အိုလာ ဗာဆီယီဗာတို့နှစ်ဦးပါဝင်သရုပ်ဆောင်မဲ့...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အမေရိကန်လေယာဥ်တင်သင်္ဘောနဲ့ တိုက်ရေယာဥ်အုပ်စု တောင်တရုတ်ပင်လယ်ကိုရောက်လာပြန်ပြီ

ဇန်နဝါရီ 15, 2023
US aircraft carriers and aircraft carriers have arrived in the South China Sea again

အမေရိကန်လေယာဥ်တင်သင်္ဘော USS Nimitz ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဥ်အုပ်စုဟာ ဖိလစ်ပိုင်ပင်လယ်ကနေ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲကို ဇန်နဝါရီ ၁၃ ရက်နေ့က စတင်ဝင် ရောက်နေပြီဖြစ်ကြောင်း အမေရိကန်အမှတ် ၇ ရေတပ်မဟာဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်လေယာဥ်တင်သင်္ဘော USS...

Read more
by BNN Editor
0 Comments
Load More
Next Post
မြိုနယ်ပေါင်း ၃၀၀ ကျော်သာရှိပေမယ့် PDF တပ်က ၄၀၀ နီးပါးအထိရှိလာနေပြီဖြစ်တယ် – အပိုင်း(၁)

မြိုနယ်ပေါင်း ၃၀၀ ကျော်သာရှိပေမယ့် PDF တပ်က ၄၀၀ နီးပါးအထိရှိလာနေပြီဖြစ်တယ် - အပိုင်း(၁)

စစ်ကောင်စီက ဆွေးနွေးပွဲကိုလက်ခံမခံရင်စစ်ရေးအရဖြုတ်ချတာကို ခံရဖို့ရှိတယ်

စစ်ကောင်စီက ဆွေးနွေးပွဲကိုလက်ခံမခံရင်စစ်ရေးအရဖြုတ်ချတာကို ခံရဖို့ရှိတယ်

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.