၁၃ ဩဂုတ် ၂၀၂၁
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘူမိဘောဆေးရုံက နာမည်ကြီးဆရာဝန်မ Dr. Saranya Lapanich ဩဂုတ် လ ၁၂ ရက်နေ့က ကိုဗစ်နဲ့ ကွယ်လွန်သွားပါတယ်။
Dr.Saranya Lapanich ဟာ ထိုင်းတော်ဝင်လေတပ်ဆေးရုံမှာ ညွှန်ကြားရေးမှူးအနေနဲ့တာဝန်ထမ်းခဲ့ပြီး ဘူမီဘောဆေးရုံကို ဓါတ်ခွဲခန်းအထူးကုဆရာဝန်အဖြစ်ပြောင်းရွေ့တာဝန်ထမ်းဆောင်ရင်း ကိုဗစ်နဲ့ ကွယ်လွန်ခဲ့ရတာပါ။ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း Bang Kholaem ခရိုင် Chroenkrung Pracharak ဆေးရုံက လက်ထောက်ဆရာဝန် ၁ ဦး ကိုဗစ်နဲ့ သေဆုံးခဲ့ရတယ်ဆိုပါတယ်။

သေဆုံးသူဆရာဝန် ၂ ဦးစလုံးဟာ Sinovac တရုတ်ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေလို့ ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။

တရုတ်ဆေး၂ ကြိမ်ထိုးပြီး သေဆုံးမှုတွေရှိလာတဲ့အတွက် ကျန်းမာရေးဝန်ထမ်းအားလုံးကို အမေရိကန်ကလှူတဲ့ ဖိုင်ဇာကာကွယ်ဆေးကို တတိယအကြိမ်မြောက် အပိုကာကွယ်ဆေးအဖြစ် အမြန်ထိုးပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေသလို ကိုဗစ်ကုသရေးနဲ့ကာကွယ်ဆေးစီမံညံ့ဖျင်းမှုအတွက် အာဏာသိမ်းဝန်ကြီးချုပ် ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေကလည်း ထိုင်းနိုင်ငံမှာ အရှိန်မြင့်ဖြစ်ပေါ်နေပါတယ်။
BNN/International News / Covid-19