တရုတ်အပျော်တမ်းသုံး ဒရုန်းကို တိုင်ဝမ်တပ်က ပစ်ချလိုက်တာဟာ မလိုလားတဲ့ ရန်စမှု ရန်လိုမှုဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Zhao Lijian က ဝေဖန်ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ Zhao Lijian က ပြောလိုက်တာပါ။
တိုင်ဝမ်က အာဏာရပါတီခေါင်းဆောင်တွေဟာ ရန်လိုသူတွေဖြစ်ပြီး တရုတ်ပြည်မကြီးနဲ့ တင်းမာမှုတွေကို အရှိန်မြှင့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း Zhao Lijian က ဆိုပါတယ်။ အလားတူ တရုတ်-တိုင်ဝမ် ဆက်ဆံရေးတာဝန်ခံအမျိုးသမီး Zhu Fenglian ကလည်း တိုင်ဝမ်ခေါင်းဆောင်တွေဟာ လက်ခံနိုင်စရာမရှိတဲ့ရန်စမှုတွေ ကျူးလွန်နေတယ်လို့ စွတ်စွဲပါတယ်။



တိုင်ဝမ်တာဝန်ရှိသူတွေကတော့ အရပ်ဖက်ဒရုန်းတွေကို အဆင့် ၄ ဆင့်နဲ့ သတိပေးပစ်ချမှာဖြစ်ပြီး ရေပိုင်နက် ၁၂ မိုင်အကွာထိ ဝင်ရောက်လာတဲ့ လေယာဥ် ရေယာဥ်နဲ့ ဒရုန်းတွေကိုတော့ ချွင်းချက်မရှိ ပစ်ချမယ်လို့ တရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။ အခု ပစ်ချလိုက်တဲ့ တရုတ်ဒရုန်းကိုလည်း အဆင့်ဆင့်သတိပေးပြီးမှ ပစ်ချခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
BNN