၁၄/၃/၂၀၂၂
ရုရှားအစိုးရရဲ့ နာမည်ကြီးရုပ်သံ The First ချယ်နယ် (Channel One) မှာ ဒီကနေ့ညပိုင်းသတင်းကြေညာသူ က ပူတင်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအထူးစစ်ဆင်ရေးအောင်မြင်နေတဲ့ ဝါဒဖြန့်သတင်းထုတ်လွှင့်နေချိန်မှာ စတူဒီယို တာ၀န်ကျ ကင်မရာရိုက်ကူးရေးအဖွဲ့၀င်နဲ့ထုတ်လုပ်ရေးတာ၀န်ခံ Marina Ovsyannikova ဆိုသည့် အမျိုးသမီးတဦးက နောက်ကနေ စစ်ပွဲအလိုမရှိ ရုရှားတပ်တွေ ယူကရိန်းက ပြန်ခေါ် အခုကြေညာနေတာ ဝါဒဖြန့်လိမ်ညာနေတာလို့ ရေးထားတဲ့ စာတမ်းကို ပြသခဲ့ပါတယ်။
ရုရှားတနိုင်ငံလုံးက ကြည့်လိုက်ရတဲ့အတွက် ရုပ်သံချယ်နယ်ဒါရိုက်တာနဲ့ ဘုတ်အဖွဲ့တွေကို ချက်ခြင်းခေါ်ယူစစ်ဆေးနေပြီး စာတမ်းကိုင်ပြခဲ့သူ Marina Ovsyannikova ကိုတော့ အလုပ်ကဖြုတ်ပြီး ဖမ်းဆီးထားတယ်လို့ မော်စကိုက လွတ်လပ်တဲ့ ရုရှားသတင်းသမားတွေက ပြောပြပါတယ်။
( နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင် အနှစ် ၂၀ ချမှတ်ဖို့ ရှေ့နေချုပ်ရုံးက တင်ပြထားဟု သိရသည်)