• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဒီဇင်ဘာ 8, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ယူကရိန်းမှာ ရုရှားစစ်တပ်ဘာကြောင့် အခြေမလှဖြစ်နေတာလဲ

9 လ ago
ယူကရိန်းမှာ ရုရှားစစ်တပ်ဘာကြောင့် အခြေမလှဖြစ်နေတာလဲ
0
SHARES
15
VIEWS

၁၀/၀၃/၂၀၂၂


လတ်တလော ပူတင်ရဲ့ ကျူးကျော်စစ်ပွဲမှာ ရုရှားစစ်တပ်အခြေမလှဖြစ်နေတဲ့အကြောင်းရင်းထဲမှာ ယူကရိန်းရဲ့ ညီညွတ်မှုနဲ့ စိတ်ဓါတ်ပိုင်းသာလွန်မှုကြောင့်သာမက ရုရှားရဲ့တပ်တွင်းအကျင့်ပျက်ချစားမှုနဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတွေကြောင့်ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Andrey Kozyrev ကပြောပါတယ်။


ရုရှားစစ်တပ်က ဗိုလ်ချုပ်တွေဟာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရောင်းဝယ်တာတွေ တပ်အသုံးစရိတ်တွေကို အကျင့်ပျက်အလွှဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွါးအတွက်အသုံးချနေကြတာကြာပြီဆိုပါတယ်။
ခိုးယူထားတဲ့ငွေတွေကို ဆိုက်ပရပ်စ်မှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားကြပြီး စစ်ဗိုလ်ချုပ်တွေနဲ့မိသားစုတွေဟာ ခေတ်ပျက်သူဌေးတွေလိုပဲ အခွင့်ထူးခံနေကြတာ အနှစ် ၂၀ ရှိပြီလို့ ပြောပါတယ်။

အဲဒီလို ဆိုက်ပရပ်စ်မှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ယူရိုပီယံ Golden Passport တွေရထားပြီး ဥရောပတခွင်မှာ ဇိမ်ခံရွက်လှေတွေ၊ အပမ်းဖြေအိမ်တွေနဲ့ သာယာနေတာ ကြာပြီလို့လည်း သူကပြောပါတယ်။
ပူတင်အာဏာရခဲ့တဲ့ကာလတလျှောက်လုံး ရုရှားစစ်တပ်အတွက် ဒေါ်လာဘီလျံပေါင်းများစွာသုံးစွဲခဲ့ပေမဲ့ တပ်တွင်း အဆင့်ဆင့်အကျင့်ပျက်ချစားမှုတွေကြောင့် အမှန်တကယ် အင်အားတောင့်တင်းခိုင်မာတဲ့ စစ်တပ်ဖြစ်မနေခဲ့တာလို့ ဆိုပါတယ်။ စစ်လက်နက်ထုတ်တဲ့ အမည်ခံကုမ္ပဏီတွေနဲ့ စစ်ဗိုလ်ချုပ်တွေပေါင်းပြီး အစီရင်ခံစာတွေ လိမ်ညာထုတ်ပြန်ခဲ့ကြတာပဲများခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဟောင်းကပြောပါတယ်။


စစ်လက်နက်ထုတ်လုပ်ရောင်းဝယ်ရေးပိုင်းမှာ တာဝန်မယူရတဲ့ ဗိုလ်ချုပ်တွေကလည်း တပ်တွင်းရိက္ခာတွေကို အနိုင်ကျင့်ဖြတ်တောက်တာတွေ သေဆုံးစစ်သားတွေအတွက် ရတဲ့လျော်ကြေးငွေ တွေဖြတ်ယူတာတွေ လုပ်ပြီး ချမ်းသာနေတယ်ဆိုပါတယ်။ ဖြတ်ယူတာတွေများတဲ့အတွက် အခု ယူကရိန်းကို ဝင်တိုက်တာတောင် အောက်ခြေစစ်သားတွေကို လုံလောက်တဲ့ ရိက္ခာမပေးနိုင်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Andrey က နိုင်ငံတကာသတင်းမီဒီယာတွေမှာ ထုတ်ဖေါ်ပြောဆိုထားပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းဟာ နိုင်ငံတကာလှည့်ပြီး စစ်အေးကာလ နိုင်ငံရေးအကြောင်းတွေနဲ့ ရုရှားအသွင်ကူးပြောင်းရေးအကြောင်းတွေကို ဧည့်ပါမောက္ခအနေနဲ့ဟောပြောပို့ချနေသူဖြစ်ပါတယ်။


လက်တွေ့မှာလည်း သူပြောသလိုပဲ ရုရှားစစ်သားတွေဟာ ယူကရိန်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ရင်းနဲ့ စတိုးဆိုင်တွေ ကုန်တိုက်တွေက ပစ္စည်းတွေကိုခိုးယူ၊ ကြက်ခြံတွေထဲက ကြက်တွေကိုခိုးယူ စားသောက်နေရတဲ့အခြေအနေ ဖြစ်နေတာကိုတွေ့ရပါတယ်။

BNN

Tags: Breaking NewsRussiaUkraine
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

နိုင်ငံတကာ

ရုရှားလေယာဥ်ကွင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြန်ပြီ

ဒီဇင်ဘာ 6, 2022
A Russian airfield has been attacked by drones again

ရုရှားနိုင်ငံ ကာ့စ်ပြည်နယ်မြို့တော်က လေယာဥ်ကွင်းကို ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် လေယာဥ်ကွင်းအနီးက ရေနံသိုလှောင်ကန် ထိမှန်ပေါက်ကွဲမီးလောင်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ သေဆုံးဒဏ်ရာရသူမရှိပေမဲ့ လေယာဥ်ကွင်းကို ရက်အကန့်အသတ်မရှိပိတ်ပင်ထားကြောင်းလည်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ကာ့စ်လေယာဥ်ကွင်းဟာ ယူကရိန်းနယ်စပ်နဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

ယူကရိန်းတပ်မတော်နေ့မှာ စစ်မြေပြင်ကိုသွားရောက်ခဲ့သည့် သမ္မတဇလန်စကီး

ဒီဇင်ဘာ 6, 2022
President Zlansky visited the battlefield on Ukrainian Armed Forces Day

ဒီဇင်ဘာ ၆ ရက်နေ့ ဒီကနေ့ကျရောက်တဲ့ ယူကရိန်းတပ်မတော်နေ့မှာ သမ္မတဇလန်စကီးနဲ့ အဆင့်မြင့်ခေါင်းဆောင်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒိုးနက်ဒေသစစ်မြေပြင်ကို သွား ရောက်ပြီး တိုက်ပွဲဝင်ယူကရိန်းတပ်ဖွဲ့တွေကို သွားရောက်တွေ့ဆုံအားပေးရင်း သူရဲကောင်းဆုတွေ ပေးအပ်ခဲ့ကြောင်း ယူကရိန်းသတင်းတွေက ဖေါ်ပြပါတယ်။ အင်အားကြီးမားပြီး ရက်စက်ကြမ်းကြုပ်တဲ့ရန်သူတွေကို တိုင်းပြည်က...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

ယူကရိန်းစစ်မြေပြင်ကထွက်ပြေးလာသည့် ရုရှားတပ်ပြေးက ရဲတွေကို ပစ်ခတ်

ဒီဇင်ဘာ 6, 2022
ယူကရိန်းစစ်မြေပြင်ကထွက်ပြေးလာသည့် ရုရှားတပ်ပြေးက ရဲတွေကို ပစ်ခတ်

ယူကရိန်းနယ်စပ်က ရုရှားမြို့ဖြစ်တဲ့ နိုဗိုရှပ်တင့်စ်မြို့မှာ စစ်မြေပြင်ကထွက်ပြေးလာတယ်လို့ယူဆရတဲ့ ရုရှားစစ်သားတစ်ဦးက မြို့လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့ ကြောင်း ရုရှားအစိုးရ သတင်းတွေက ဖေါ်ပြပါတယ်။ မြို့အဝင်လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ကို အဆိုပါ ရုရှားစစ်ပြေးက စတင်ပစ်ခတ်ခဲ့ပြီး မြို့ထဲကို ဝင်ရောက်ထွက်ပြေးသွားတယ်လို့ သတင်းတွေက...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

“ရုရှားစစ်တပ် လောင်စာသိုလှောင်ရုံနဲ့ ဓာတ်အားပေးစက်ရုံ မီးလောင်ပေါက်ကွဲနေ”

နိုဝင်ဘာ 9, 2022
“ရုရှားစစ်တပ် လောင်စာသိုလှောင်ရုံနဲ့ ဓာတ်အားပေးစက်ရုံ မီးလောင်ပေါက်ကွဲနေ”

ဒိုးနက်ဒေသက ရုရှားတင့်ကားနဲ့လက်နက်ကြီးတပ်မအခြေစိုက်ရာ ရာဆင်နိုဗာတာမြိုက လောင်စာ သိုလှောင်ရုံနဲ့ ထပ်ဆင့်ဓာတ်အားပေးစက်ရုံမှာ မီးလောင်ပေါက်ကွဲနေကြောင်း ဒိုးနက်ပြည်နယ် ဒေသခံသတင်းတွေက ဖေါ်ပြပါတယ်။ ဒုန်းကျည် ထိမှန်တာ ဖြစ်ဖို့များပြီး ထိခိုက်ဒဏ်ရာရမှု အခြေအနေ မသိရသေးဘူးလို ရုရှားခန့် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမီးလောင်နေတဲ့...

Read more
by BNN Editor
0 Comments
Load More
Next Post
” တောင်ကိုရီးယားသမ္မတ အပြောင်းအလဲက တရုတ်ကို ပိုခေါင်းကိုက်စေမယ်”

''တောင်ကိုရီးယားသမ္မတ အပြောင်းအလဲက တရုတ်ကို ပိုခေါင်းကိုက်စေမယ်''

ရန်ကုန် မှာ မှောင်တဲ့ ညများ

ရန်ကုန် မှာ မှောင်တဲ့ ညများ

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.