၁ မတ်လ ၂၀၂၂
ယူကရိန်း ဒုတိယအကြီးဆုံးမြို့တော် Kharkiv ပြည်သူ့ရင်ပြင်ကိုဒီကနေ့ မနက်ပိုင်းမှာ ရုရှာကဒုံးကျည်နဲ့ပစ်ခတ်ခဲ့ပါတယ်။ ရင်ပြင်အနီးသွားလာနေတဲ့ ကားတချို့ထိမှန်ပြီး အအဆောက်အဦးအားလုံးက တံခါးတွေ ပျက်စီးသွားတာတွေ့မြင်ရပါတယ်။ လူအသေအပျောက်ကိုတော့ အတိအကျမသိရသေးဘူးလို့ စစ်မြေပြင်သတင်းထောက်တွေက ပြောပါတယ်။
Kharkiv မြို့တော်ဟာ ယူကရိန်းရဲ့ ယဥ်ကျေးမှုမြို့တော်အဖြစ်ဥရောပမှာ ထင်ရှားတဲ့ မြို့ဖြစ်ပါတယ်။