၉/၇/၂၀၂၂
မျိုးဆက်သစ်တွေအနေနဲ့ ကမ္ဘာ့အမြင်ကို ပိုမိုနားလည်စေဖို့ ဆိုပြီးရုရှားမျိူးဆက်သစ်ကလေးလူငယ်အဖွဲ့ ဖွဲ့စည်းဖို့ ရုရှားလွှတ်တော်က ဥပဒေအတည်ပြုဖို့ အဆိုတင်သွင်းထားပါတယ်။ ယူကရိန်းကို ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအရ ဝင်ရောက်တိုက်ခိုက်ရတယ်ဆိုတာကို ရုရှားမျိုးဆက်သစ်တွေ နားလည်ဖို့ ရည်ရွယ်တယ်ဆိုပါတယ်။

အဆိုတင်ထားတဲ့ ဥပဒေအရ မျိုးဆက်သစ်ကလေးသူငယ်အဖွဲ့ ကို သမ္မတပူတင်က ဦးဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူရမှာဖြစ်ပြီး ရုရှားရဲ့ သမိုင်းကြောင်းတွေနဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေကို အဆင်ပြေမဲ့အချိန်တွေမှာ ဟောပြောပို့ချပေးရမယ်သိရပါတယ်။