ဒိုးနက်ဒေသက ရုရှားတင့်ကားနဲ့လက်နက်ကြီးတပ်မအခြေစိုက်ရာ ရာဆင်နိုဗာတာမြိုက လောင်စာ သိုလှောင်ရုံနဲ့ ထပ်ဆင့်ဓာတ်အားပေးစက်ရုံမှာ မီးလောင်ပေါက်ကွဲနေကြောင်း ဒိုးနက်ပြည်နယ် ဒေသခံသတင်းတွေက ဖေါ်ပြပါတယ်။

ဒုန်းကျည် ထိမှန်တာ ဖြစ်ဖို့များပြီး ထိခိုက်ဒဏ်ရာရမှု အခြေအနေ မသိရသေးဘူးလို ရုရှားခန့် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။
ပေါက်ကွဲမီးလောင်နေတဲ့ သိုလှောင်ရုံတွေဟာ ရုရှားစစ်တပ်အတွက် သုံးဖို မဟုတ်ပဲ ဒိုးနက်ဒေသက ပြည်သူတွေအတွက်ဖြစ်တယ်လိုလည်း ရုရှားခန့် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။
(ဗီဒီယိုကို https://t.me/burmanewsnetwork မှာ ကြည့်ရှုနိုင်သည်)