၁၃ အောက်တိုဘာ ၂၀၂၁
တိုင်ဝမ်ပြသနာဖြေရှင်းဖို့ တရုတ်အနေနဲ့ အင်အားသုံးစရာမလိုကြောင်း ရုရှားသမ္မတ ပူတင်ကပြောပါတယ်။ ကမ္ဘာ့စီးပွါးရေးအားအကောင်းဆုံးနိုင်ငံကြီးအနေနဲ့ တိုင်ဝမ်အရေးမှာ စစ်ရေးအသုံးပြုစရာမလိုသလို တရုတ်ရဲ့ ဖွံဖြိုးတိုးတက်ရေးမူနဲ့ အုပ်ချုပ်ရေးသဘောတရားအရကြည့်ရင်လည်း စစ်အင်အားသုံးရတဲ့နည်းလမ်းမရှိပါဘူးလို့ ပူတင်ကပြောပါတယ်။



အောက်တိုဘာ ၁၃ ရက်နေ့က မော်စကိုမှာကျင်းပတဲ့ ရုရှားစွမ်းအင်ညီလာခံမှာ သမ္မတပူတင်ကပြောသွားတာပါ။ စွမ်းအင်ပြသနာဖြေရှင်းဖို့ ဥရောပသမဂ္ဂနဲ့ လက်တွဲလုပ်သွားဖို့အသင့်ရှိသလို သမ္မတဘိုင်ဒန်နဲ့ ဆက်ဆံရေးကလည်း ပုံမှန်ထက်ကို တည်ငြိမ်ကောင်းမွန်နေတယ်လို့ သမ္မတပူတင်ကပြောသွားပါတယ်။
BNN/International