• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

စနေ, ဒီဇင်ဘာ 10, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ရုရှားလေယာဥ်ကွင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြန်ပြီ

4 ရက် ago
A Russian airfield has been attacked by drones again
0
SHARES
2
VIEWS

ရုရှားနိုင်ငံ ကာ့စ်ပြည်နယ်မြို့တော်က လေယာဥ်ကွင်းကို ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် လေယာဥ်ကွင်းအနီးက ရေနံသိုလှောင်ကန် ထိမှန်ပေါက်ကွဲမီးလောင်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ သေဆုံးဒဏ်ရာရသူမရှိပေမဲ့ လေယာဥ်ကွင်းကို ရက်အကန့်အသတ်မရှိပိတ်ပင်ထားကြောင်းလည်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။


ကာ့စ်လေယာဥ်ကွင်းဟာ ယူကရိန်းနယ်စပ်နဲ့ မိုင် ၆၀ နီးပါးအကွာမှာရှိပြီး တစ်ရက်အတွင်းမှာ ရုရှားလေဆိပ်တွေတိုက်ခိုက်ခံရတာ ဒါဟာ ၃ ကြိမ်မြောက်ဖြစ်တယ်လို့လည်း ရုရှားအစိုးရသတင်းတွေက ဖေါ်ပြပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့တရက်ထဲမှာတင် ရုရှားရဲ့မဟာဗျူဟာဗုံးကြဲ လေယာဥ် တွေထားရှိတဲ့ ရီဇန်ဒေသက ဒီဂီလီဗိုစစ်တပ်လေယာဥ်ကွင်းနဲ့ ဆာရာတော့ဗ်ဒေသက “Engels” လေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရုရှားအစိုးရ သတင်း တွေက ဖေါ်ပြနေပါတယ်။


ယူကရိန်းအစိုးရဟာ ဆိုဗီယက်ခေတ်ကထုတ်လုပ်ထားတဲ့ မိုင်ပေါင်း ၄၀၀ ကျော်အထိ ပစ်ခတ်နိုင်တဲ့ Tu-141s ဒရုန်းတွေကို အဆင့်မြင့်မွန်းမံပြင်ဆင်ပြီး အသုံးပြုနေပြီလို့ ယူဆရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
(ဗီဒီယိုကလစ်ကို https://t.me/burmanewsnetwork မှာ ကြည့်ရှုနိုင်ပါသည်)

Tags: Breaking NewsRussiaUkrainewarနိုင်ငံတကာ
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

ရုရှား – ယူကရိန်း ကျူးကျော်စစ်

ယူကရိန်းတပ်မတော်နေ့မှာ စစ်မြေပြင်ကိုသွားရောက်ခဲ့သည့် သမ္မတဇလန်စကီး

ဒီဇင်ဘာ 6, 2022
President Zlansky visited the battlefield on Ukrainian Armed Forces Day

ဒီဇင်ဘာ ၆ ရက်နေ့ ဒီကနေ့ကျရောက်တဲ့ ယူကရိန်းတပ်မတော်နေ့မှာ သမ္မတဇလန်စကီးနဲ့ အဆင့်မြင့်ခေါင်းဆောင်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒိုးနက်ဒေသစစ်မြေပြင်ကို သွား ရောက်ပြီး တိုက်ပွဲဝင်ယူကရိန်းတပ်ဖွဲ့တွေကို သွားရောက်တွေ့ဆုံအားပေးရင်း သူရဲကောင်းဆုတွေ ပေးအပ်ခဲ့ကြောင်း ယူကရိန်းသတင်းတွေက ဖေါ်ပြပါတယ်။ အင်အားကြီးမားပြီး ရက်စက်ကြမ်းကြုပ်တဲ့ရန်သူတွေကို တိုင်းပြည်က...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

ယူကရိန်းစစ်မြေပြင်ကထွက်ပြေးလာသည့် ရုရှားတပ်ပြေးက ရဲတွေကို ပစ်ခတ်

ဒီဇင်ဘာ 6, 2022
ယူကရိန်းစစ်မြေပြင်ကထွက်ပြေးလာသည့် ရုရှားတပ်ပြေးက ရဲတွေကို ပစ်ခတ်

ယူကရိန်းနယ်စပ်က ရုရှားမြို့ဖြစ်တဲ့ နိုဗိုရှပ်တင့်စ်မြို့မှာ စစ်မြေပြင်ကထွက်ပြေးလာတယ်လို့ယူဆရတဲ့ ရုရှားစစ်သားတစ်ဦးက မြို့လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့ ကြောင်း ရုရှားအစိုးရ သတင်းတွေက ဖေါ်ပြပါတယ်။ မြို့အဝင်လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ကို အဆိုပါ ရုရှားစစ်ပြေးက စတင်ပစ်ခတ်ခဲ့ပြီး မြို့ထဲကို ဝင်ရောက်ထွက်ပြေးသွားတယ်လို့ သတင်းတွေက...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

“ရုရှားစစ်တပ် လောင်စာသိုလှောင်ရုံနဲ့ ဓာတ်အားပေးစက်ရုံ မီးလောင်ပေါက်ကွဲနေ”

နိုဝင်ဘာ 9, 2022
“ရုရှားစစ်တပ် လောင်စာသိုလှောင်ရုံနဲ့ ဓာတ်အားပေးစက်ရုံ မီးလောင်ပေါက်ကွဲနေ”

ဒိုးနက်ဒေသက ရုရှားတင့်ကားနဲ့လက်နက်ကြီးတပ်မအခြေစိုက်ရာ ရာဆင်နိုဗာတာမြိုက လောင်စာ သိုလှောင်ရုံနဲ့ ထပ်ဆင့်ဓာတ်အားပေးစက်ရုံမှာ မီးလောင်ပေါက်ကွဲနေကြောင်း ဒိုးနက်ပြည်နယ် ဒေသခံသတင်းတွေက ဖေါ်ပြပါတယ်။ ဒုန်းကျည် ထိမှန်တာ ဖြစ်ဖို့များပြီး ထိခိုက်ဒဏ်ရာရမှု အခြေအနေ မသိရသေးဘူးလို ရုရှားခန့် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမီးလောင်နေတဲ့...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

“အတိုင်အဖေါက် ညီလှသည့် ရုရှားသတင်းသမားများနှင့် ရုရှားစစ်တပ်”

နိုဝင်ဘာ 9, 2022
“အတိုင်အဖေါက် ညီလှသည့် ရုရှားသတင်းသမားများနှင့် ရုရှားစစ်တပ်”

အရန်တပ်သား ၃ သိန်းကျော် စုစည်းလေ့ကျင့်အပြီးမှာ ရုရှားတပ်တွေက ယူကရိန်းစစ်မြေပြင်မှာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေဒေသတွေကို ပြန်လည်သိမ်းပိုက်နိုင်နေပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ယူကရိန်းတပ်သားတွေ နေ့စဥ် ရာချီသေဆုံးနေရသလို အရေးကြီး ဒေသတွေကို သွေးသစ်လောင်းထားတဲ့ ရုရှားတပ်တွေက...

Read more
by BNN Editor
0 Comments
Load More
BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.