၁၅ အောက်တိုဘာ ၂၀၂၁
နော်ဝေရွေးကောက်ပွဲအနိုင်ရ လေဘာပါတီကဦးဆောင်ပြီး ဖွဲ့စည်းလိုက်တဲ့ အစိုးရအသစ်မှာ အမျိုးသမီးဝန်ကြီး (၁၀) ဦးပါဝင်ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် Jonas Gahr Støre အပါအဝင် အစိုးရအဖွဲ့ဝင် (၁၉) ဦးရှိရာမှာ အမျိုးသားက (၉) ဦးပဲပါဝင်ပြီး အမျိုးသမီးဝန်ကြီးအများစုနဲ့ဖွဲ့စည်းလိုက်တာပါ။



အသက်အငယ်ဆုံးအမျိုးသမီးဝန်ကြီးကတော့ (၂၈) နှစ်ပဲရှိသေးတဲ့ တရားရေးဝန်ကြီး Emilie Enger Mehl ဖြစ်ပါတယ်။ သူဟာ အော်စလိုတက္ကသိုလ်က ဥပဒေနဲ့ မဟာဘွဲ့ရထားသူဖြစ်သလို the Center Party ရဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် အသက် (၂၄) နှစ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် စတင်ရွေးချယ်ခံခဲ့ရသူဖြစ်တယ်လို့ နော်ဝေသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
BNN/International