• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

တနင်္ဂနွေ, ဇွန် 18, 2023
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

အီးယူ ဥရောပသမဂ္ဂခေါင်းဆောင်တွေ ယူကရိန်းနိုင်ငံ Bucha မြို့ကို သွားရောက်ကြည့်ရှု

1 နှစ် ago
အီးယူ ဥရောပသမဂ္ဂခေါင်းဆောင်တွေ ယူကရိန်းနိုင်ငံ Bucha မြို့ကို သွားရောက်ကြည့်ရှု
0
SHARES
1
VIEWS

၈/၄/၂၀၂၂


ယူကရိန်းကိုရောက်ရှိနေတဲ့ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen ဥရောပနိုင်ငံခြားရေးရာတာ၀န်ခံ Josep Borrell Fontelles နဲ့ ဆလိုဗက်ကီးယား၀န်ကြီးချုပ် Eduard Heger ဦးဆောင်တဲ့အဖွဲ့ဟာ ရုရှားတပ်တွေစစ်ရာဇ၀တ်မှုကျုးလွန်ခဲ့တဲ့ Bucha မြို့ကို သွားရောက်ကြည့်ရှု့ခဲ့ကြပါတယ်။

ရုရှားတပ်တွေသတ်ဖြတ်တာခံခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို သွားရောက်စစ်ဆေးခဲ့သလို ကျန်ရစ်သူမိသားစုများနဲ့တွေ့ဆုံပြီး ဆုတောင်းပွဲ ပူးတွဲကျင်းပခဲ့တယ်ဆိုပါတယ်။ ဒီကနေ့ညမှာ ယူကရိန်းအစိုးရအဖွဲ့နဲ့ ကိယက်ဗ်မြို့တော်မှာ တွေ့ဆုံပြီး ဥရောပသမဂ္ဂ၀င်ရောက်ရေးအတွက် ဖြည့်ရမယ့် လျှောက်လွှာတွေ ပေးအပ်ဖို့ရှိသလို ရုရှားကို အထိရောက်ဆုံး ပိတ်ဆို့နိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးမယ်သိရပါတယ်။

ယူကရိန်းအစိုးရအနေနဲ့ ရုရှားရေနံနဲ့ ဓါတ်ငွေ့တင်ပို့မှုတွေကို လုံး၀ပိတ်ဖို့ လိုလားနေပေမယ့် ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံတချို့က လုံး၀ပိတ်ဖို့ မဖြစ်နိုင်သေးတဲ့အခြေအနေရှိနေဆဲလို့လည်း သိရပါတယ်။

(Photo : Josep Borrell Fontelles)

Tags: Breaking NewsRussiaUkrainewarနိုင်ငံတကာ
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

ရုရှား – ယူကရိန်း ကျူးကျော်စစ်

ရုရှားထောက်လှမ်းရေးဗိုလ်ချုပ် ရာထူးက ဖယ်ရှားခံရဟုဆိုသည်

ဇန်နဝါရီ 15, 2023
Said to have been removed from the post of Russian intelligence general

ရုရှားထောက်လှမ်းရေးအဖွဲ့ (FSB) ရဲ့ မော်စကိုတာဝန်ခံ ဗိုလ်ချုပ် အလက်ဇီ ဒိုရိုဖိဗ်ကို ရာထူးက ဖယ်ရှားလိုက်ကြောင်း ရုရှားသတင်းတွေက ဖေါ်ပြနေပါတယ်။ ရုရှားထောက်လှမ်းရေးအဖွဲ့ရဲ့ မော်စကိုဒေသတာဝန်ခံဟာ ပြည်ပနိုင်ငံတွေက ထောက် လှမ်းရေးတွေ သတင်းပေးတွေကို အဓိက စည်းရုံးသိမ်းသွင်းသတင်းရယူပြီး သမ္မတပူတင်ကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

နီပေါလေယာဥ်ပျက်ကျမှုမှာ ရုရှား ၄ ဦး သေဆုံး

ဇန်နဝါရီ 15, 2023
Four Russians killed in Nepal plane crash

နီပေါပြည်တွင်းလေကြောင်းလိုင်း Yeti က ATR 72 ခရီးသည်တင်လေယာဉ်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့က ပျက်ကျခဲ့ပြီး လေယာဥ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးဖွယ်ရှိနေကြောင်း နီပေါသတင်းတွေက ဖေါ်ပြပါတယ်။ မြို့တော် ခတ္တမန္ဒူကနေ ပိုခါရာမြို့ကို ပျံသန်းလာချိန်မှာ ပျက်ကျခဲ့တာလို့ သတင်းတွေက...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

ယူကရိန်း လူနေအထပ်မြင့်တိုက်ခန်းကို ရုရှားဒုံးကျည်ထိမှန်ပြီး အနည်းဆုံး ၅ ဦးသေဆုံး

ဇန်နဝါရီ 15, 2023
At least 5 people were killed when a Russian missile hit a residential high-rise in Ukraine

ယူကရိန်းနိုင်ငံ ဒနီပရိုမြို့လယ်က အထပ်မြင့်လူနေတိုက်ခန်းကို ဇန်နဝါရီ ၁၄ ရက်နေ့က ရုရှား ဒုံးကျည်တွေထိမှန်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် အနည်းဆုံး ၅ ဦးသေဆုံးပြီး ၄၀ နီးပါး အပြင်း အထန် ဒဏ်ရာရာခဲ့တယ်လို့ ယူကရိန်းစစ်မြေပြင်သတင်းတွေက ဖေါ်ပြပါတယ်။ သေဆုံးဒဏ်ရာရ...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ရုရှားတွေလည်း ဘယ်သူ့စကားကို လက်ခံ ယုံကြည်ရမည်မှန်းမသိတော့

ဇန်နဝါရီ 15, 2023
The Russians don’t know who to believe

“အသက် ၃၀ အထက် စစ်မှုမထမ်းရသးတဲ့ ရုရှားမှန်သမျှကို စစ်ရေးလေ့ကျင့်တဲ့ သင်တန်း ကျောင်းတွေကိုပို့ပြီး စစ်ပညာသင်ခိုင်းရမယ်။ စစ်မြေပြင်ကိုစေလွှတ်ရမယ်။ အခုဖြစ်နေတဲ့စစ်ပွဲဟာ နေတိုးအဖွဲ့နဲ့ဖြစ်နေတယ်ဆိုတာ ရုရှားအားလုံးသဘောပေါက်ရမယ်”(ရုရှားဒူးမားလွှတ်တော် ကာကွယ်ရေးကော်မတီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးဟောင်း ဗစ်တာ ဆိုဗိုလက်ဗ်) “ဗစ်တာ ဆိုဗိုလက်ဗ်ရဲ့ ပြောဆိုမှုက...

Read more
by BNN Editor
0 Comments
Load More
Next Post
ယူကရိန်းနိုင်ငံဟာ မကြာခင် ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံဖြစ်လာမည်ဟု ဥရောပသမဂ္ဂခေါင်းဆောင်က ပြော

ယူကရိန်းနိုင်ငံဟာ မကြာခင် ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံဖြစ်လာမည်ဟု ဥရောပသမဂ္ဂခေါင်းဆောင်က ပြော

အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ကားတစ်စီး ဖောက်ခွဲတိုက်ခိုက်ခံရ ၊ တစ်ဦးထိခိုက်

အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ကားတစ်စီး ဖောက်ခွဲတိုက်ခိုက်ခံရ ၊ တစ်ဦးထိခိုက်

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.