နိုဝင်ဘာလ ၃ ရက်
စစ်ကိုင်းတိုင်း၊မုံရွာမြို့ နန္ဒဝန်ရပ်ကွက် မုံရွာအားကာသိပ္ပံအနီးတွင် ရဲတပ်သားတစ်ဦး Duty နားချိန် လက်ဖက်ရည်ထွက်သောက်ပြီး အပြန် သေနတ်နှင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။

အဆိုပါပစ်ခတ်မှုကို Monywa Heroes Group နှင့် PDF-South Monywa တပ်ဖွဲ့တိုပူးပေါင်းပြီး ပြန်လာချိန်ကိုစောင့်ဆိုင်း၍ ဒီကနေ့နေ့လည် (၂:၀၀)ဝန်းကျင်က ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသအခြေစိုက် ပြောက်ကျားတပ်ဖွဲ့ဝင်များ၏ အဆိုကို ကိုးကား၍ RNA မှသတင်းဖော်ပြထားပါသည်။
၎င်း ပစ်ခတ်ခံရ၍ သေဆုံးသွားသော ရဲတပ်သားသည် တိုင်းအစိုးရရုံး အစောင့်တပ်သားတစ်ဦးဖြစ်ကြောင်း ဖော်ပြချက်တွင် ပါရှိပါသည်။
HTY_Information