နို၀င်ဘာ ၁၆
ခရမ်းမြို့နယ် လျှပ်စစ်မီတာရုံး ယနေ့မနက် ၁၁ နာရီ ၁၀ မိခန့်က အမည်မသိအဖွဲ့တစ်ခုမှ ဗုံးတစ်လုံးဖောက်ခွဲသွားခဲ့ကြောင်း သိရသည်။ ထိုဗုံးပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံး(EPC)၀န်းအတွင်း နေထိုင်သည့် အဆင့်ရှိ စစ်ဗိုလ်တစ်ဦးနေအိမ် မျက်နှာကြပ်များ ကွာကျသွားခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် ထိုလျှပ်စစ်ရုံး(EPC)နားသို့ အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် ရောက်ရှိလာကြပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။ ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
Source : KhayanChannel