• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

အင်္ဂါ, ဒီဇင်ဘာ 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရှိရာနေရာ ၃ခုကိုတိုက်ခိုက် နှစ်ဖက်အကျအဆုံးရှိ

1 နှစ် ago
ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရှိရာနေရာ ၃ခုကိုတိုက်ခိုက် နှစ်ဖက်အကျအဆုံးရှိ
0
SHARES
1
VIEWS

ပါခွီး


ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ရှိရာ နေရာ သုံးနေရာကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားကာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားသည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ချင်းအမျိုးသားတပ်မတော် (CNA) ၏ တာဝန်ရှိသူထံမှ သိရသည်။
ဟားခါးမြို့တွင် နှစ်နေရာနှင့် ထန်တလန်မြို့ တစ်နေရာတွင် ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲများကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ ဟာခါးမှာ နှစ်နေရာနဲ့ ထန်တလန်မှာရှိတဲ့ တပ်ကုန်းကို တစ်ချိန်တည်း ဝင်တိုက်ခဲ့တယ်။ သူတို့ဘက်က ၁၁ယောက်သေပြီး ဒဏ်ရာရတဲ့ အရေအတွက်တော့ အတည်မပြုနိုင်ဘူး။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ နှစ်ယောက်ဒဏ်ရာ ရထားတယ်” ဟု CNA၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္ဈိမကိုပြောသည်။

ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့သည် ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်ရှိ လုံခြုံရေးဂိတ်အား ယနေ့ နံနက် ၄နာရီ အကျော်တွင် ဝင်ရောက်တိုက်ခိုက်ရာ ငါးဦး သေဆုံးကြောင်း ၊ တစ်ချိန်တည်းတွင် ဟားခါးမြို့ ဘုန်းကြီးကျောင်းအနီးရှိ ပြည်နယ်လက်နက်ကိုင်ရဲ ကင်းဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ ခြောက်ဦး သေဆုံးကြောင်းနှင့် ဒဏ်ရာရရှိသူအရေအတွက်အား အတည်မပြုနိုင်ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ယနေ့ နံနက်အစောပိုင်း အချိန်တွင်လည်း ထန်တလန်မြို့ရှိ စစ်ကောင်စီတပ် ခလရ(၂၂၆ )၊ ခလရ (၂၂၂) နှင့် တပ်မ (၁၁)တပ်စခန်းချရာသို့ ဝင်ရောက်ပစ်ခတ်ရာ ချင်းတော်လှန်ရေးတပ်ဖွဲ့များဘက်မှ တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားကြောင်းနှင့် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုအား မသိရရှိရကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည့်အတွက် တပ်စခန်းအောက်ဘက်ရှိ မိဘမဲ့ကျောင်း မီးလောင်သွားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၄ ရက်ကလည်း ချင်းတော်လှန်ရေးအဖွဲ့များသည် ဟာခါးမြို့ ခြောက်လမ်းဆုံရှိ စစ်ဆေးရေး ဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့မှ သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသေးသည်။

Source: Mizzima

Tags: Breaking NewsNUGPDFSpring Revolution
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

တိုင်ဝမ်က ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်

ဩဂုတ် 12, 2022
တိုင်ဝမ်က ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်

၁၁/၈ ပူပြင်းတဲ့ရာသီအောက်မှာကိုပဲ ဟောင်ဝစ်ဇာကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်မှုကို ဒီကနေ့ သြဂုတ်လ ၁၁ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။တိုင်ဝမ်တောင်ပိုင်း Fenggang ဆိပ်ကမ်းမှာ ဩဂုတ်လ ၉ ရက်နေ့က ပထမအကြိမ်လုပ်ခဲ့ပြီး ဒီကနေ့ ဒုတိယအကြိမ်အဖြစ် ပစ်ခတ်လေ့ကျင့်ခဲ့တာလို့ဆိုပါတယ်။ ဟောင်ဝစ်ဇာ...

Read more
by BNN Editor
0 Comments
စစ်ရေး

စစ်ပွဲဆိုတာ လူသိထင်ရှားကြေငြာချက်တွေ ထုတ်နေရမဲ့ အချိန်မဟုတ်ဘူး

ဩဂုတ် 12, 2022
စစ်ပွဲဆိုတာ လူသိထင်ရှားကြေငြာချက်တွေ ထုတ်နေရမဲ့ အချိန်မဟုတ်ဘူး

၁၂/၈ "စစ်ပွဲဆိုတာ လူသိထင်ရှားကြေငြာတာတွေ လုပ်ပြနေရမဲ့အချိန်မဟုတ်ဘူး။ ယူကရိန်းရဲ့ ကာကွယ်ရေးအစီအစဥ်တွေကို ထုတ်ဖေါ် မပြောဆိုတာဟာ လက်တွေ့ အကောင်အထည်ဖေါ် နေသူတွေအတွက် ပိုပြီးကောင်းလေဖြစ်ပါတယ်။ လက်တွေ့အကောင်အထည်ဖေါ်ပြနေတာတွေကို အားလုံးက မြင်တွေ့နေပါလိမ့်မယ်… ယူကရိန်းရဲ့ တန်ပြန်စစ်ဆင်ရေးတွေကို အပျော် လွန်ပြီး မပြောမိကြဖို့...

Read more
by BNN Editor
0 Comments
စစ်ရေး

တရုတ်က တိုင်ဝမ်ကို တကယ်ဝင်တိုက်တော့မှာလား

ဩဂုတ် 6, 2022
တရုတ်က တိုင်ဝမ်ကို တကယ်ဝင်တိုက်တော့မှာလား

တရုတ်အစိုးရအာဘော်နဲ့ တရုတ်စစ်တပ်သတင်းတွေမှာ တိုင်ဝမ်ကျွန်းအနီးစစ်ရေးလေ့ကျင့်မှုတွေကနေ တကယ့်စစ်ပွဲကြီးပုံစံ ဖန်တီးဖို့ လှုံ့ဆော်ရေးသားနေကြတာတွေ့ရပါတယ်။ နိုင်ငံတကာမှာရှိတဲ့ တရုတ်သံရုံးတွေ သံအရာရှိတွေကိုယ်တိုင်က တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို နိုင်ငံတကာက ထောက်ခံအားပေးနေတယ်ဆိုတဲ့ သတင်းတွေပါ တင်နေကြတာပါ။ တရုတ်အစိုးရနဲ့ အစိုးရအာဘော်သတင်းတွေက အခုလို စစ်ရေးလေ့ကျင့်မှုကို ဘာကြောင့်...

Read more
by BNN Editor
0 Comments
စစ်ရေး

ပြည်သူ ၊ လူငယ် နှင့် နိုင်ငံရေးသမား များကို မတရားပုဒ်မများဖြင့် တရားစီရင်နေသည့် တရားသူကြီးချုပ် ရှင်းလင်းခဲ့ပြီး လှိုင်သာယာ တရားရုံးကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း STA အဖွဲ့ ထုတ်ပြန်

ဇူလိုင် 16, 2022
ပြည်သူ ၊ လူငယ် နှင့် နိုင်ငံရေးသမား များကို မတရားပုဒ်မများဖြင့် တရားစီရင်နေသည့် တရားသူကြီးချုပ် ရှင်းလင်းခဲ့ပြီး လှိုင်သာယာ တရားရုံးကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း STA  အဖွဲ့ ထုတ်ပြန်

လှိုင်သာယာ တရားရုံး မိုင်းခွဲတိုက်ခိုက်ခံရ ဇူလိုင် ၁၅ ရက်နေ့က မင်္ဂလာတောင်ညွန့် တရားသူကြီးချုပ် စန်းလင်းကို ၎င်းအိမ်ပြန်ချိန် အငှားယာဉ်ပေါ်တွင် ရှင်းလင်းခဲ့ပြီး လှိုင်သာယာ တရားရုံး ကို လည်း မိုင်း ခွဲတိုက်ခိုက်ခဲ့ကြောင်း Special Task...

Read more
by BNN Editor
0 Comments
Load More
Next Post
ကျွန်းလှ အနီရောင်အဆင့်

ကျွန်းလှ အနီရောင်အဆင့်

မင်္ဂလာဒုံတွင် ယနေ့ ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွား ၄ ဦးသေဆုံး(ရုပ်/သံ)

မင်္ဂလာဒုံတွင် ယနေ့ ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွား ၄ ဦးသေဆုံး(ရုပ်/သံ)

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.