မြဝတီ၊ ဒီဇင်ဘာ ၁၉
ဒီဇင်ဘာလ ၁၉ရက်နေ့ ယနေ့ညနေ ပိုင်း တွင် ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ် ဖလူးကျေးရွာအနီးတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးများ စစ်ရှောင်စခန်းသို့ ကျရောက်၍ စစ်ရှောင်များ ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (KNDO)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ ပူးပေါင်းတပ်များကြား ငါးရက်မြောက် တိုက်ပွဲ ပြင်း ထန်နေခြင်း ဖြစ်သည်။
လက်ရှိအချိန်အထိ သောင်ရင်းမြစ်တဖက်ကမ်းသို့ ထွက်ပြေးနေရသော စစ်ရှောင်ပြည်သူ ၁သောင်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
MyayLattVoice