ရန်ကုန်၊ ဇန်နဝါရီ ၁၂
ယနေ့ နံနက် ၈ နာရီဝန်းကျင် က စမ်းချောင်းမြို့နယ်၊ ဂွစျေးအနီး စည်ပင်ကားအနီး ဗုံးပစ်ခံရကြောင်း စစ်ကောင်စီတပ် ဖွဲ့ဝင်တချို့က လာရောက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ အသံတော့အရမ်းကျယ်တယ်။ ဟိုကောင်တွေတော့ လာစစ်နေပြီ ” ဟု ဂွစျေးအနီးနေ ပြည်သူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများနှင့် ဗုံးကွဲမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
။အဆိုပါ ပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိမရှိကိုမူ မသိရှိရသေးပေ။
ရန်ကုန်မြို့၌ စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက် ကြရန် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)က နောက်ဆုံး အကြိမ် သတိပေးစာဟု ဆိုကာ ယနေ့ထုတ်ပြန်ထားသည် ကိုလည်းတွေ့ရသည်။
BNN