ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းအား ယနေ့ မနက် ၅ နာရီခွဲခန့်က မြကုန်းကျေးရွာအနောက်ဘက်အရောက်တွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ တပ်စိပ်(၂) ဗိုလ်ကျားပေါက် ဦးဆောင်သောအဖွဲ့မှ ပဒေသာပေါင်မုန့်မိုင်းအတွဲလိုက်ခွဲပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စကစတပ်သား (၇) ဦးကျဆုံး၍ ဒဏ်ရာရသူအများအပြားလဲရှိကြောင်း ကျားသစ်နက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။
Source: SM