• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

သောကြာ, ဒီဇင်ဘာ 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ဖားကန့်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခုကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIO အတည်ပြု

1 နှစ် ago
ဖားကန့်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခုကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIO အတည်ပြု
0
SHARES
0
VIEWS

November 14, 2021


ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ဝင်တိုက်ပြီးနောက် ၁ ခုကို သိမ်းပိုက်ထားပြီဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောဆိုသည်။
“ ဝင်တိုက်တဲ့အဖွဲ့က တပ်စခန်း ၃ နေရာကို ဝင်တိုက်တယ်လို့တော့ကြားတယ်။ ဒါပေမယ့် တစ်ခုသာ သိမ်းနိုင်သေးတယ်လို့ကြားသေးတယ်။ ကျန်တဲ့ တပ်စခန်းခုကိုတော့ သိမ်းတယ်လို့ မကြားမိသေးဘူး” ဟု KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးနော်ဘူက KNG ကို အတည်ပြု ပြောဆိုခဲ့သည်။

ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ဘက်ခြမ်းရှိ နမ်ဂျန့်ဒေသ အနီးတဝိုက်ကျေးရွာများတွင် တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အောင်လဲန့် (Aung Len) ကျေးရွာတွင်ရှိသော တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားနိုင်ကြောင်း သူက ဆိုသည်။

KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေ နမ်ဂျန်ဒေသအနီးတဝိုက်နှင့် အောင်လဲန့်၊ ဆိုင်းရာ စသော ကျေးရွာတွင် ရှိသော တပ်စခန်း ၃နေရာကို KIA က နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း ၄နာရီအချိန်မှစတင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီဝန်းကျင်အထိ ၂ဖက်တပ်အပြန်အလှန် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ထိုဒေသရှိ ဒေသခံများပြောဆိုသည်။
ယနေ့ ထိုတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဖားကန့် စစ်ဗျူဟာကုန်းနှင့် ကံစီးကျေးရွာမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

ဖားကန့် ဒေသတွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီးနောက် စစ်ရေးငြိမ်သက်နေရာမှ ယမန်နေ့ညနေပိုင်းက KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Kachin News Group

Tags: Breaking NewsKIANUGPDFSpring Revolution
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

တိုင်ဝမ်က ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်

ဩဂုတ် 12, 2022
တိုင်ဝမ်က ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်

၁၁/၈ ပူပြင်းတဲ့ရာသီအောက်မှာကိုပဲ ဟောင်ဝစ်ဇာကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်မှုကို ဒီကနေ့ သြဂုတ်လ ၁၁ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။တိုင်ဝမ်တောင်ပိုင်း Fenggang ဆိပ်ကမ်းမှာ ဩဂုတ်လ ၉ ရက်နေ့က ပထမအကြိမ်လုပ်ခဲ့ပြီး ဒီကနေ့ ဒုတိယအကြိမ်အဖြစ် ပစ်ခတ်လေ့ကျင့်ခဲ့တာလို့ဆိုပါတယ်။ ဟောင်ဝစ်ဇာ...

Read more
by BNN Editor
0 Comments
စစ်ရေး

စစ်ပွဲဆိုတာ လူသိထင်ရှားကြေငြာချက်တွေ ထုတ်နေရမဲ့ အချိန်မဟုတ်ဘူး

ဩဂုတ် 12, 2022
စစ်ပွဲဆိုတာ လူသိထင်ရှားကြေငြာချက်တွေ ထုတ်နေရမဲ့ အချိန်မဟုတ်ဘူး

၁၂/၈ "စစ်ပွဲဆိုတာ လူသိထင်ရှားကြေငြာတာတွေ လုပ်ပြနေရမဲ့အချိန်မဟုတ်ဘူး။ ယူကရိန်းရဲ့ ကာကွယ်ရေးအစီအစဥ်တွေကို ထုတ်ဖေါ် မပြောဆိုတာဟာ လက်တွေ့ အကောင်အထည်ဖေါ် နေသူတွေအတွက် ပိုပြီးကောင်းလေဖြစ်ပါတယ်။ လက်တွေ့အကောင်အထည်ဖေါ်ပြနေတာတွေကို အားလုံးက မြင်တွေ့နေပါလိမ့်မယ်… ယူကရိန်းရဲ့ တန်ပြန်စစ်ဆင်ရေးတွေကို အပျော် လွန်ပြီး မပြောမိကြဖို့...

Read more
by BNN Editor
0 Comments
စစ်ရေး

တရုတ်က တိုင်ဝမ်ကို တကယ်ဝင်တိုက်တော့မှာလား

ဩဂုတ် 6, 2022
တရုတ်က တိုင်ဝမ်ကို တကယ်ဝင်တိုက်တော့မှာလား

တရုတ်အစိုးရအာဘော်နဲ့ တရုတ်စစ်တပ်သတင်းတွေမှာ တိုင်ဝမ်ကျွန်းအနီးစစ်ရေးလေ့ကျင့်မှုတွေကနေ တကယ့်စစ်ပွဲကြီးပုံစံ ဖန်တီးဖို့ လှုံ့ဆော်ရေးသားနေကြတာတွေ့ရပါတယ်။ နိုင်ငံတကာမှာရှိတဲ့ တရုတ်သံရုံးတွေ သံအရာရှိတွေကိုယ်တိုင်က တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို နိုင်ငံတကာက ထောက်ခံအားပေးနေတယ်ဆိုတဲ့ သတင်းတွေပါ တင်နေကြတာပါ။ တရုတ်အစိုးရနဲ့ အစိုးရအာဘော်သတင်းတွေက အခုလို စစ်ရေးလေ့ကျင့်မှုကို ဘာကြောင့်...

Read more
by BNN Editor
0 Comments
စစ်ရေး

ပြည်သူ ၊ လူငယ် နှင့် နိုင်ငံရေးသမား များကို မတရားပုဒ်မများဖြင့် တရားစီရင်နေသည့် တရားသူကြီးချုပ် ရှင်းလင်းခဲ့ပြီး လှိုင်သာယာ တရားရုံးကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း STA အဖွဲ့ ထုတ်ပြန်

ဇူလိုင် 16, 2022
ပြည်သူ ၊ လူငယ် နှင့် နိုင်ငံရေးသမား များကို မတရားပုဒ်မများဖြင့် တရားစီရင်နေသည့် တရားသူကြီးချုပ် ရှင်းလင်းခဲ့ပြီး လှိုင်သာယာ တရားရုံးကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း STA  အဖွဲ့ ထုတ်ပြန်

လှိုင်သာယာ တရားရုံး မိုင်းခွဲတိုက်ခိုက်ခံရ ဇူလိုင် ၁၅ ရက်နေ့က မင်္ဂလာတောင်ညွန့် တရားသူကြီးချုပ် စန်းလင်းကို ၎င်းအိမ်ပြန်ချိန် အငှားယာဉ်ပေါ်တွင် ရှင်းလင်းခဲ့ပြီး လှိုင်သာယာ တရားရုံး ကို လည်း မိုင်း ခွဲတိုက်ခိုက်ခဲ့ကြောင်း Special Task...

Read more
by BNN Editor
0 Comments
Load More
Next Post
ထန်းတပင်တာဆုံရဲကင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူရဲ ၃ ဦး ကျည်ထိမှန်သေဆုံး

ထန်းတပင်တာဆုံရဲကင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူရဲ ၃ ဦး ကျည်ထိမှန်သေဆုံး

“ထန်တလန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေပါတယ်”

“ထန်တလန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေပါတယ်”

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.