ရှမ်းမြောက် ၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၁
ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ(၁) မုံးကိုးခရိုင်၊ မူပန်ခရိုင် (သိန္နီ) နယ်မြေများသို့ ဝင်လာသည့် စစ်ကောင်စီတပ်ကို (MNDAA) က ယမန်နေ့က ပိတ်ဆို့ တိုက်ခိုက် လိုက်ကြောင်း ဧရာ၀တီ သတင်းဌာနက ရေးသားသည်။
MNDAA (ကိုးကန့်) တပ်မဟာ ၂၁၁ က စစ်ကောင်စီတပ်ကို မူပန်ခရိုင်(သိန္နီ) နယ်မြေရှိ ပန်ခမ်းစဖမ်းနှင့် ချင်းစိုရွာ အောက်ဘက်ခြမ်းတွင် ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်ပြီး၊ မွန်းလွဲ ၂နာရီခန့်မှ စ၍ ညနေ ၃နာရီခွဲ အထိ တိုက်ပွဲဖြစ် ကြောင်း သိရသည်။
တိုက်ပွဲကြောင့် အထိခိုက်အကျဆုံးကိုမူ မသိရှိရသေးကြောင်း သိရသည်။

တိုက်ပွဲကြောင့် အထိခိုက်အကျဆုံးကိုမူ မသိရှိရသေးကြောင်း သိရသည်။