• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇွန် 15, 2023
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

မြို့ပြ ပျောက်ကြား လှုပ်ရှားမှုများဖြင့် တိုက်ခိုက် စစ်ကောင်စီ တပ်သား အချို့သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့

1 နှစ် ago
မြို့ပြ ပျောက်ကြား လှုပ်ရှားမှုများဖြင့် တိုက်ခိုက် စစ်ကောင်စီ တပ်သား အချို့သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့
0
SHARES
120
VIEWS

ရန်ကုန်၊ ဇန်နဝါရီ ၈

ရန်ကုန်တိုင်း အတွင်းရှိ ဒေါပုံ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ သာကေတ၊ အင်းစိန်၊ ထန်းတပင်၊ သုံးခွ၊ လမ်းမတာ်၊ စမ်းချောင်းစသည့် မြို့နယ်များတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့က ပျံလွှားအောင် စစ်ဆင်ရေးအမည်ဖြင့် ဇန်နဝါရီလ ၅ရက်နေ့မှ ၈ရက်နေ့ထိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ယင်းကြောင့် အကြမးဖက် စစ်ကောင်စီ တပ်သားအချို့ သေဆုံးကာ ဒဏ်ရာရရှိသူများ ပြားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့် တိုက်ခိုက်ရေး ဖြစ်စဉ်များမှာ ဒေါပုံမြို့နယ် ဒေါပုံရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ နေရာယူထားသည့် ဘန်ကာအတွင်းသို့ ဇန်နဝါရီလ ၅ရက်နေ့ ည၇နာရီခန့်တွင် PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော BFRAF တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၈နာရီ ၃ဝမိနစ်တွင် လမ်းမတော် မြို့နယ် ၊ စမ်းချောင်း စည်ပင်တရားရုံး နှင့် မြေနီကုန်းတံတားအောက် ယာဉ်ထိန်းရုံးအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လမ်းမတော် ရဲစခန်း ဘန်ကာအနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို PDF တ ပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော Dark Shadow တပ်ဖွဲ့ နှင့် ဗမာ့လူငယ်ကွန်ရက် တပ်ဖွဲ့တို့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။

ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်သည့် အကြမ်းဖက် စစ်ကောင်စီ များ ကို ကြမ်းတမ်းသည့်အသွင်ဖြင့်တွေ့မြင်ရစဉ်။ (ပုံဟောင်းဖြစ်သည်)။

အလားတူ မြောက်ဥက္ကလာမြို့နယ် ရွှေပေါက္ကံမြို့သစ် တောင်ငူလမ်းရှိ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များကို PDF တ ပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော YFAနှင့် CGF-YGN တပ်ဖွဲ့များက ၄ဝ မမ ဗုံးသီး ၃လုံးဖြင့် ဇန်နဝါရီလ ၆ရက်နေ့ နံနက် ၅နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဝဦးထပ်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်အနီး ကင်းပုန်းဝတ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန်နဝါရီလ ၆ရက်နေ့ နံနက် ၉နာရီ ၃ဝမိနစ်တွင် PDF တ ပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော CGF-YGNတပ်ဖွဲ့နှင့် SRF တပ်ဖွဲ့တို့ ပူးပေါင်းကာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ နေရာယူထားသည့် အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၇ရက်နေ့ ည၇နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ PDF တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် နှင့် အင်းစိန်မြို့နယ်တို့တွင်လည်း EPC ရုံးတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို BFRAFတပ်ဖွဲ့ နှင့်DRF တပ်ဖွဲ့တို့က
လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

နောက်ထပ် ဖြစ်စဉ်များဖြစ်သည့် ထန်းတပင် နှင့် သုံးခွ မြို့နယ် တို့ရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင်များကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

REF: KTM

Tags: Breaking NewsNUGPDFSpring Revolution
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

Interview

လေယာဉ်ရှိတယ်၊ ဘတ်ဂျက်ရှိတယ်ဆိုပေမယ့် အရင်လိုမဟုတ်ဘူး။ ဒီပွဲမှာ စစ်ကောင်စီရှုံးမှာ သေချာတယ်

ဇန်နဝါရီ 15, 2023
Soldier-daughters who got rich by exploiting opium lords and cronies

(ဗိုလ်ကြီး ဇေသူအောင် - CDM - တပ်မတော် လေယာဉ်မှုး) “စစ်ကောင်စီတပ်မှာ တိုက်လေယာဉ်ရှိတယ်၊ လက်နက်ကြီးတွေရှိတယ်၊ အစိုးရဘတ်ဂျက်လည်းရှိတဲ့အတွက် အရင် အာဏာသိမ်းစဉ်ကလို စစ်တပ်က နိုင်မယ်ဆိုပြီး စစ်ခေါင်းဆောင်တွေက ယူဆနေပါတယ်။ ဒါပေမယ့် ဒီပွဲက အရင်နဲ့မတူဘူး။...

Read more
by BNN Editor
0 Comments
Interview

စကစ ပိုင် ပစ္စည်းရောင်းချငွေ ဒေါ်လာ သန်း (၁၀၀) ကျော်နှင့် အခွန်ငွေ ကျပ် (၃) ဘီလီယံ ရထားဟု NUG ပြောကြား

ဇန်နဝါရီ 15, 2023
NUG said that the sale of property owned by SaKaSa has exceeded 100 million dollars and tax revenue of 3 billion kyats

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေပိုင်ဆိုင်တဲ့ နေအိမ်အပါဝင် မြေနေရာတွေကို လေလံတင်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကျော်ရရှိခဲ့ပြီး ပြည်တွင်း ထိန်းချုပ်နယ်မြေက အခွန်ရရှိမှုက ကျပ် (၃)ဘီလီယံအထိ ရနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန...

Read more
by BNN Editor
0 Comments
Interview

နွေဦးတော်လှန်ရေးထဲက လူငယ်ခေါင်းဆောင် ၅ ဦး

ဒီဇင်ဘာ 30, 2022
Five young leaders from the Spring Revolution

မကြာခင်ရက်ပိုင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း ထူးခြားချက်တွေကို နှစ်ချုပ် စုစည်းချက်အဖြစ် BNN က တင်ပြပေးနေပါတယ်။ ဒီနေ့မှာတော့ ၂၀၂၂ ခုနှစ်အတွင်း BNN က ဆက်သွယ်မေးမြန်းခွင့်ရတဲ့ နွေဦးတော်လှန်ရေးထဲက လူငယ်ခေါင်ေးဆာင် ၅ ဦးရဲ့...

Read more
by BNN Editor
0 Comments
Interview

“ERO ဆက်စပ်ဒေသမှာ စစ်ရေးလှုပ်ရှားမှူ အားကောင်းလာသလိုမျိုး အညာဒေသမှာပါ လုပ်ဖို့ လိုအပ်နေပါတယ်”

ဒီဇင်ဘာ 29, 2022
“ There is a need to strengthen the military activity in the region related to ERO, as well as to strengthen it in the upper region.”

ဦးသန်းစိုးနိုင်၊ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ (၂၉ -၁၂-၂၀၂၂) “၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ (ERO) ရှိရာဒေသမှာ ပြည်သူကာကွယ်ရေးတပ် (PDF) လှုပ်ရှားမှုအတော့်ကိုအားကောင်းလာတာတွေ့ရပေမယ့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းပါဝင်တဲ့ အညာဒေသမှာတော့ အားနည်းနေဆဲဖြစ်တာကို တွေ့ရတယ်” လို့ စစ်ရေး-နိုင်ငံရေး...

Read more
by BNN Editor
0 Comments
Load More
Next Post
“ဟွမ်ဆမ်ရဲ့ခရီးစဉ်က အာဆီယံနဲ့ ကုလ အထူးသံတွေအတွက် လမ်းကြောင်း ပွင့်လာနိုင်ပါတယ်”

“ဟွမ်ဆမ်ရဲ့ခရီးစဉ်က အာဆီယံနဲ့ ကုလ အထူးသံတွေအတွက် လမ်းကြောင်း ပွင့်လာနိုင်ပါတယ်”

ဧရာဝတီ မြစ်အတွင်း သွားလာနေသည့် စစ်ကောင်စီ သင်္ဘောများကို KIAနှင့်PDF က ပူး​ပေါင်းတိုက်ခိုက်၊  မော်တော် ၁စီး နစ်မြုပ်ပြီး စစ်သား ၅ဝ ထက်မနည်း သေဆုံး

ဧရာဝတီ မြစ်အတွင်း သွားလာနေသည့် စစ်ကောင်စီ သင်္ဘောများကို KIAနှင့်PDF က ပူး​ပေါင်းတိုက်ခိုက်၊ မော်တော် ၁စီး နစ်မြုပ်ပြီး စစ်သား ၅ဝ ထက်မနည်း သေဆုံး

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.